Unicode
ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် တရုတ်ဇာတ်ကားကောင်းလေး ကြည့်ချင်သူတွေအတွက် The Grand Grandmaster (2020) ကိုတင်ပေးလိုက်ပါတယ်။ သိုင်းသင်တန်းတည်ထောင်ထားတဲ့ Ma Fei Lung တစ်ယောက် လမ်းမှာလူတစ်ယောက်ကို အနိုင်ကျင့်သလိုဖြစ်သွားရာကနေ လက်ဝှေ့ထိုးတဲ့ အမျိုးသမီးဘောက်ချာ Chan Tsang ရဲ့ လက်စာမိပြီး Social Media တွေမှာပျံနှံသွားတဲ့ အထိ နာမည်ပျက်သွားပါလေရော.သိုင်းသင်တန်းဆရာတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က အားရပါးရ ထိုးကျိတ်နေတဲ့ Video ကြောင့် Ma Fei Lung ရဲ့ သိုင်းသင်တန်းမှာတက်ရောက်မဲ့ သင်တန်းသားတွေက သင်တန်းကြေးတွေပြန်ထုတ်တာကနေ နောက် တက်မဲ့သူမရှိတဲ့အထိဖြစ်လာပီး Ma Fei Lung တစ်ယောက်ကျဆင်းနေတဲ့သူရဲ့ သိက္ခာအတွက် အဖတ်ဆယ်ဖို့နည်းလမ်းမျိုးစုံကြိုးစားပီး Chan Tsang ကို လက်ဝှေ့ပွဲမှာအနိုင်ရဖို့အတွက်လေ့ကျင်ပြင်ဆင်ပုံတွေကိုဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်
ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Pyae Sone Ynwa ဖြစ်ပါတယ်
Zawgyi