M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Unicode

၁၉ ရာစုကနေ ၂၀ ရာစုကို အကူးအပြောင်းကာလရဲ့ ညနေခင်းတစ်ခု … ။ London မြို့ ကဇာတ်ရုံတစ်ရုံထဲက စင်မြင့်ပေါ်မှာဖျော်ဖြေနေတဲ့ မျက်လှည့်ဆရာကြီးကို စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ပရိသတ်တွေထဲ Robert Angier နဲ့ Alfred Borden ဆိုတဲ့ လူငယ်နှစ်ယောက်လည်း ပါနေတယ်။ နှစ်ဦးလုံးရဲ့ မျက်လုံးတွေက ပဉ္စလက်ဆရာကို မမှိတ်မသုန်ကြည့်နေပေမယ့်၊ သူတို့နှူတ်ခမ်းပေါ်က အပြုံးတွေကတော့ အဓိပါ္ပယ်ချင်း မတူညီကြဘူး။ Angier က မျက်လှည့်ပြကွက်ရဲ့ ဆန်းကြယ်ပုံကို တအံ့တသြနဲ့ သဘောကျပြီး ပြုံးနေတာ။ Borden ရဲ့ မျက်နှာပေါ်မှာ ရှိနေတာကတော့ ဒီမျက်လှည့်ဆရာရဲ့ လျို့ဝှက်ချက်ကို သူ့မျက်စိထဲမှာ ရှင်းရှင်းလင်းလင်း မြင်နေရလို့ ကိုယ့်ကိုယ်ကို ကျေနပ်တဲ့အပြုံးမျိုး။

တကယ်တော့ Angier နဲ့ Borden တို့ကိုယ်တိုင်က တက်လမ်းရှာနေကြတဲ့ မျက်လှည့်ဆရာပေါက်စတွေ။ တစ်ခုကွာတာက Angier အတွက် အသက်မွေးဝမ်းကျောင်းဖြစ်လာမယ့်ဝါသနာတစ်ခုသက်သက်ဖြစ်တဲ့ ပဉ္စလက်အတတ်ဟာ Borden အတွက်တော့ သူ့ဖြစ်တည်မှူတစ်ခုလုံးရဲ့ အသွေးအသား ဖြစ်နေတာပဲ။ မျက်လှည့်ဆရာတစ်ယောက်ဟာ ပြောင်မြောက်တဲ့ပြကွက်တစ်ခုအတွက် ဘဝတစ်ခုလုံးကို ရင်းနှီးနိုင်ရမယ်၊ လိုအပ်လာရင် တစ်ဖက်သားကိုနာကျင်စေမယ့်ကိစ္စတွေကိုလည်း လုပ်နိုင်စွမ်းရမယ်လို့ နားလည်ခံယူထားတဲ့ Borden က ဒီအတတ်ပညာပေါ်မှာ သူ့လောက်လေးစားမှူမရှိဘူးလို့ သူယူဆထားတဲ့ Angier ကို အားမရဘူး။

ဒါပေမယ့်၊ အထူးချွန်ဆုံးမျက်လှည့်ဝိဇ္ဇာဖြစ်တဲ့ကံကြမ္မာက ရက်စက်တဲ့လှည့်ကွက်တစ်ခုကို တင်ဆက်လိုက်တဲ့ ညတစ်ညမှာတော့၊ Borden ရဲ့အမှားကြောင့်ဖြစ်သွားတဲ့မတော်တဆမှူကနေ Angier ရဲ့ ဇနီး Julia အသက်ဆုံးသွားခဲ့တယ်။ အဲဒီနောက်မှာ ပဉ္စလက်ဆိုတာ Angier ရှင်သန်နေရခြင်းရဲ့ အဓိပါ္ပယ်ဖြစ်လာခဲ့သလို၊ Borden ထက်သာတဲ့ ပြကွက်ကို တင်ဆက်နိုင်ဖိုဟာ Angier ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်လာခဲ့တယ်။ အဲဒီလိုနဲ့ မျက်လှည့်ပညာအတွက် ဘဝတစ်ခုလုံးကို မြှပ်နှံလိုက်ကြတဲ့ Borden နဲ့ Angier နှစ်ယောက်ကြားမှာ၊ အနိုင်အရှူံးမရေရာပေမယ့်၊ နှစ်ယောက်လုံးရဲ့ဘဝတွေကို ကမောက်ကမဖြစ်စေမယ့် အားပြိုင်မှူတစ်ခု စတင်ခဲ့တော့တယ်။

IMDB Rating: 8.5/10
Rotten Tomatoes: 76%
~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~
~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~

ပဉ္စလက်ဆရာနှစ်ယောက်ရဲ့ အဆုံးသတ်မလှတဲ့အားပြိုင်မှူတစ်ခုအကြောင်းကို တင်ဆက်ထားတဲ့ ဒါရိုက်တာ Christopher Nolan ရဲ့ The Prestige ဟာ ပရိသတ်ကို လှည့်စားတယ်။ အံ့သြမှင်သက်စေတယ်။ မမျှော်လင့်ထားတဲ့အဆုံးသတ်နဲ့ ကန့်လန့်ကာချတဲ့အချိန်မှာ ပရိသတ်ရင်ထဲမှာ စိတ်ကျေနပ်စရာခံစားချက်၊ မဆုံးနိုင်တဲ့အတွေးစတွေကိုထားရစ်ခဲ့တဲ့ ပဉ္စလက်ပြကွက်တစ်ခုပါပဲ။ ဒီကားထဲမှာ မင်းသား Christian Bale ရဲ့ ဇာတ်ကောင် Alfred Borden ပြောခဲ့တဲ့ “The secret impresses no one; the trick you use it for is everything.” ဆိုတဲ့စကားအတိုင်း Nolan ဟာ သူ့ရဲ့ trick ဖြစ်တဲ့ဒီဇာတ်ကားမှာ နောက်ဆုံးဇာတ်သိမ်းမှာ မြင်ရမယ့် twist ထက် အဲဒီ twist ကိုပံ့ပိုးတဲ့ဇာတ်လမ်းသွားကိုပဲ အကောင်းဆုံးတည်ဆောက်သွားခဲ့တယ်။ ခံစားကြည့်ရှုကြပါဦး။

ASW (M-MDB)

Zawgyi

၁၉ ရာစုကေန ၂၀ ရာစုကို အကူးအေျပာင္းကာလရဲ႕ ညေနခင္းတစ္ခု … ။ London ၿမိဳ႕ ကဇာတ္႐ုံတစ္႐ုံထဲက စင္ျမင့္ေပၚမွာေဖ်ာ္ေျဖေနတဲ့ မ်က္လွည့္ဆရာႀကီးကို စိတ္ဝင္တစားေစာင့္ၾကည့္ေနတဲ့ ပရိသတ္ေတြထဲ Robert Angier နဲ႔ Alfred Borden ဆိုတဲ့ လူငယ္ႏွစ္ေယာက္လည္း ပါေနတယ္။ ႏွစ္ဦးလုံးရဲ႕ မ်က္လုံးေတြက ပၪၥလက္ဆရာကို မမွိတ္မသုန္ၾကည့္ေနေပမယ့္၊ သူတို႔ႏႉတ္ခမ္းေပၚက အၿပဳံးေတြကေတာ့ အဓိပါၸယ္ခ်င္း မတူညီၾကဘူး။ Angier က မ်က္လွည့္ျပကြက္ရဲ႕ ဆန္းၾကယ္ပုံကို တအံ့တၾသနဲ႔ သေဘာက်ၿပီး ၿပဳံးေနတာ။ Borden ရဲ႕ မ်က္ႏွာေပၚမွာ ရွိေနတာကေတာ့ ဒီမ်က္လွည့္ဆရာရဲ႕ လ်ိဳ႕ဝွက္ခ်က္ကို သူ႔မ်က္စိထဲမွာ ရွင္းရွင္းလင္းလင္း ျမင္ေနရလို႔ ကိုယ့္ကိုယ္ကို ေက်နပ္တဲ့အၿပဳံးမ်ိဳး။

တကယ္ေတာ့ Angier နဲ႔ Borden တို႔ကိုယ္တိုင္က တက္လမ္းရွာေနၾကတဲ့ မ်က္လွည့္ဆရာေပါက္စေတြ။ တစ္ခုကြာတာက Angier အတြက္ အသက္ေမြးဝမ္းေက်ာင္းျဖစ္လာမယ့္ဝါသနာတစ္ခုသက္သက္ျဖစ္တဲ့ ပၪၥလက္အတတ္ဟာ Borden အတြက္ေတာ့ သူ႔ျဖစ္တည္မႉတစ္ခုလုံးရဲ႕ အေသြးအသား ျဖစ္ေနတာပဲ။ မ်က္လွည့္ဆရာတစ္ေယာက္ဟာ ေျပာင္ေျမာက္တဲ့ျပကြက္တစ္ခုအတြက္ ဘဝတစ္ခုလုံးကို ရင္းႏွီးႏိုင္ရမယ္၊ လိုအပ္လာရင္ တစ္ဖက္သားကိုနာက်င္ေစမယ့္ကိစၥေတြကိုလည္း လုပ္ႏိုင္စြမ္းရမယ္လို႔ နားလည္ခံယူထားတဲ့ Borden က ဒီအတတ္ပညာေပၚမွာ သူ႔ေလာက္ေလးစားမႉမရွိဘူးလို႔ သူယူဆထားတဲ့ Angier ကို အားမရဘူး။

ဒါေပမယ့္၊ အထူးခြၽန္ဆုံးမ်က္လွည့္ဝိဇၨာျဖစ္တဲ့ကံၾကမၼာက ရက္စက္တဲ့လွည့္ကြက္တစ္ခုကို တင္ဆက္လိုက္တဲ့ ညတစ္ညမွာေတာ့၊ Borden ရဲ႕အမွားေၾကာင့္ျဖစ္သြားတဲ့မေတာ္တဆမႉကေန Angier ရဲ႕ ဇနီး Julia အသက္ဆုံးသြားခဲ့တယ္။ အဲဒီေနာက္မွာ ပၪၥလက္ဆိုတာ Angier ရွင္သန္ေနရျခင္းရဲ႕ အဓိပါၸယ္ျဖစ္လာခဲ့သလို၊ Borden ထက္သာတဲ့ ျပကြက္ကို တင္ဆက္ႏိုင္ဖိုဟာ Angier ရဲ႕ တစ္ခုတည္းေသာ ရည္မွန္းခ်က္ျဖစ္လာခဲ့တယ္။ အဲဒီလိုနဲ႔ မ်က္လွည့္ပညာအတြက္ ဘဝတစ္ခုလုံးကို ျမႇပ္ႏွံလိုက္ၾကတဲ့ Borden နဲ႔ Angier ႏွစ္ေယာက္ၾကားမွာ၊ အႏိုင္အရႉံးမေရရာေပမယ့္၊ ႏွစ္ေယာက္လုံးရဲ႕ဘဝေတြကို ကေမာက္ကမျဖစ္ေစမယ့္ အားၿပိဳင္မႉတစ္ခု စတင္ခဲ့ေတာ့တယ္။

IMDB Rating: 8.5/10
Rotten Tomatoes: 76%
~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~
~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~

ပၪၥလက္ဆရာႏွစ္ေယာက္ရဲ႕ အဆုံးသတ္မလွတဲ့အားၿပိဳင္မႉတစ္ခုအေၾကာင္းကို တင္ဆက္ထားတဲ့ ဒါ႐ိုက္တာ Christopher Nolan ရဲ႕ The Prestige ဟာ ပရိသတ္ကို လွည့္စားတယ္။ အံ့ၾသမွင္သက္ေစတယ္။ မေမွ်ာ္လင့္ထားတဲ့အဆုံးသတ္နဲ႔ ကန႔္လန႔္ကာခ်တဲ့အခ်ိန္မွာ ပရိသတ္ရင္ထဲမွာ စိတ္ေက်နပ္စရာခံစားခ်က္၊ မဆုံးႏိုင္တဲ့အေတြးစေတြကိုထားရစ္ခဲ့တဲ့ ပၪၥလက္ျပကြက္တစ္ခုပါပဲ။ ဒီကားထဲမွာ မင္းသား Christian Bale ရဲ႕ ဇာတ္ေကာင္ Alfred Borden ေျပာခဲ့တဲ့ “The secret impresses no one; the trick you use it for is everything.” ဆိုတဲ့စကားအတိုင္း Nolan ဟာ သူ႔ရဲ႕ trick ျဖစ္တဲ့ဒီဇာတ္ကားမွာ ေနာက္ဆုံးဇာတ္သိမ္းမွာ ျမင္ရမယ့္ twist ထက္ အဲဒီ twist ကိုပံ့ပိုးတဲ့ဇာတ္လမ္းသြားကိုပဲ အေကာင္းဆုံးတည္ေဆာက္သြားခဲ့တယ္။ ခံစားၾကည့္ရႈၾကပါဦး။

ASW (M-MDB)

The Prestige (2006)
The Prestige (2006)
The Prestige (2006)
The Prestige (2006)
The Prestige (2006)
The Prestige (2006)
The Prestige (2006)
The Prestige (2006)
The Prestige (2006)

No downloads available

Related movies