M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Green Lantern (2011)
Report error

Green Lantern (2011)

Green Lantern    

PG-13 114 min ActionAdventureScience Fiction

5.5
IMDB: 5.5/10 249,427 votes

, ,

, , , , , , , , ,

3 wins & 6 nominations.

USA

5913

Report error

Unicode

DC ဟာ comic နဲ့ animated လောက မှာ ဘုရင်တစ်ပါး ဖြစ်ပေမယ့် ရုပ်ရှင်လောက မှာတော့ လက်နှေးပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ နာမည်ကြီး ဇာတ်ကောင်တစ်ကောင် ဖြစ်တဲ့ Green Lanternကို ရုပ်ရှင်ရိုက်ဖို့ သတိရသေးတာ ပဲ တော်ပါသေးရဲ့။comic လောကမှာတော့ Green Lantern ဟာ ပရိသတ်အခိုင်အမာ ရထားတဲ့ super heroတစ်ယောက်ပါ။ ဒါကို ရုပ်ရှင် အဖြစ် ချပြတော့ comic fanတွေရဲ့ high expectation အရ လိုအပ်ချက် တစ်ချို့ကို ထောက်ပြကြတာ တွေ့ရပါတယ်။

ကျွန်တော်ကတော့ ဒါဟာ ကောင်းတဲ့ အချက် လို့ ယူဆပါတယ်။ Batman Forever တို့လို ဇာတ်ကားတွေ ထွက်ပြီးမှ Nolan’s Batman trilogy တွေ ထွက်လာပြီး ကမ္ဘာ့ရုပ်ရှင်လောကကို super hero ရုပ်ရှင်က ကိုင်လှုပ် ပြခဲ့တာ အားလုံးအသိပါ။ Green Lantern ဟာဆိုရင်လည်း နောက်ထပ် အထင်ကရ ဇာတ်ကားတွေ ထပ်ထွက်ဖို့ အလားအလာ ရှိနေပါတယ်။ အခု ဒီ ဇာတ်ကားကလည်း comic နောက်ခံ မရှိတဲ့ လူတွေ အတွက်တော့ ကျေနပ်စရာ ဇာတ်ကား တစ်ကား ဖြစ်လာမှာပါဒီဇာတ်ကားထဲက Green Lantern ဟာ Hal Jordon ပါ။ ဘာလို့ ဒါကို ထည့်ပြောရတာလဲဆိုရင် နောက်ထပ် Green Lantern ဖြစ်တဲ့ John Stewart ကို ရုပ်ရှင်အဖြစ် DC ဘက်က ထုတ်မယ် ထင်လို့ပါ။

ဇာတ်လမ်းကတော့ Hal Jordon ရဲ့ ဘဝ တစ်စိတ်တစ်ဒေသ နဲ့ Green Lantern corps ထဲ ရောက်ရှိလာပုံရယ် Parallex ဆိုတဲ့ စကြဝဠာတစ်ခုလုံးရဲ့ ရန်သူကြီးနဲ့ သူ့ရဲ့ ပွဲဦးထွက်မှာ ပဲ ရင်ဆိုင်ရပုံကို ရိုက်ကူးထားတာပါ။ အဓိကဇာတ်ဆောင်ကို နောက်ထပ် ဟီးရိုးတစ်ယောက်အနေနဲ့ ငါမြင်ဖူးနေပါတယ် လို့ တွေးမိရင်… ဟုတ်ပါတယ် သူ့ကို Deadpool အဖြစ် မိတ်ဆွေတို့ မြင်ဖူးခဲ့ကြတာပါ။ ဒီတော့ သူ့ရဲ့ သရုပ်ဆောင်ချက်တွေက ဘယ်လောက်ကောင်းတယ်ဆိုတာ မှန်းဆကြည့်ကြပါတော့လို့

Credit Review

Zawgyi

DC ဟာ comic နဲ႔ animated ေလာက မွာ ဘုရင္တစ္ပါး ျဖစ္ေပမယ့္ ႐ုပ္ရွင္ေလာက မွာေတာ့ လက္ေႏွးပါတယ္။ ဒါေပမယ့္ သူတို႔ဟာ သူတို႔ရဲ႕ နာမည္ႀကီး ဇာတ္ေကာင္တစ္ေကာင္ ျဖစ္တဲ့ Green Lanternကို ႐ုပ္ရွင္႐ိုက္ဖို႔ သတိရေသးတာ ပဲ ေတာ္ပါေသးရဲ႕။comic ေလာကမွာေတာ့ Green Lantern ဟာ ပရိသတ္အခိုင္အမာ ရထားတဲ့ super heroတစ္ေယာက္ပါ။ ဒါကို ႐ုပ္ရွင္ အျဖစ္ ခ်ျပေတာ့ comic fanေတြရဲ႕ high expectation အရ လိုအပ္ခ်က္ တစ္ခ်ိဳ႕ကို ေထာက္ျပၾကတာ ေတြ႕ရပါတယ္။

ကြၽန္ေတာ္ကေတာ့ ဒါဟာ ေကာင္းတဲ့ အခ်က္ လို႔ ယူဆပါတယ္။ Batman Forever တို႔လို ဇာတ္ကားေတြ ထြက္ၿပီးမွ Nolan’s Batman trilogy ေတြ ထြက္လာၿပီး ကမာၻ႔႐ုပ္ရွင္ေလာကကို super hero ႐ုပ္ရွင္က ကိုင္လႈပ္ ျပခဲ့တာ အားလုံးအသိပါ။ Green Lantern ဟာဆိုရင္လည္း ေနာက္ထပ္ အထင္ကရ ဇာတ္ကားေတြ ထပ္ထြက္ဖို႔ အလားအလာ ရွိေနပါတယ္။ အခု ဒီ ဇာတ္ကားကလည္း comic ေနာက္ခံ မရွိတဲ့ လူေတြ အတြက္ေတာ့ ေက်နပ္စရာ ဇာတ္ကား တစ္ကား ျဖစ္လာမွာပါဒီဇာတ္ကားထဲက Green Lantern ဟာ Hal Jordon ပါ။ ဘာလို႔ ဒါကို ထည့္ေျပာရတာလဲဆိုရင္ ေနာက္ထပ္ Green Lantern ျဖစ္တဲ့ John Stewart ကို ႐ုပ္ရွင္အျဖစ္ DC ဘက္က ထုတ္မယ္ ထင္လို႔ပါ။

ဇာတ္လမ္းကေတာ့ Hal Jordon ရဲ႕ ဘဝ တစ္စိတ္တစ္ေဒသ နဲ႔ Green Lantern corps ထဲ ေရာက္ရွိလာပုံရယ္ Parallex ဆိုတဲ့ စၾကဝဠာတစ္ခုလုံးရဲ႕ ရန္သူႀကီးနဲ႔ သူ႔ရဲ႕ ပြဲဦးထြက္မွာ ပဲ ရင္ဆိုင္ရပုံကို ႐ိုက္ကူးထားတာပါ။ အဓိကဇာတ္ေဆာင္ကို ေနာက္ထပ္ ဟီး႐ိုးတစ္ေယာက္အေနနဲ႔ ငါျမင္ဖူးေနပါတယ္ လို႔ ေတြးမိရင္… ဟုတ္ပါတယ္ သူ႔ကို Deadpool အျဖစ္ မိတ္ေဆြတို႔ ျမင္ဖူးခဲ့ၾကတာပါ။ ဒီေတာ့ သူ႔ရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြက ဘယ္ေလာက္ေကာင္းတယ္ဆိုတာ မွန္းဆၾကည့္ၾကပါေတာ့လို႔

Credit Review

Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
Green Lantern (2011)
No downloads available

Related movies