M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Mr. Six (2015)
Report error

Report error

Unicode

EXO-M အဖွဲ့ဝင် Kris Wu ,မင်းသား Li Yifeng နဲ့မင်းသားကြီး Feng Xiaogang တို့အဓိကပါဝင်ထားတဲ့ ဒီတရုတ်ဇာတ်ကားဟာ Crime/Drama အမျိုးအစားဖြစ်ပြီး IMDb Rating (7.1) ,Rotten Tomatoes (80%) ထိရရှိထားပါတယ်။

ဇာတ်လမ်းကတော့…..
တစ်ချိန်က အရှိန်အဝါရှိခဲ့ တဲ့၊ လူဆိုးလူတေတစ်ယောက်ဖြစ် ခဲ့တဲ့ လျူယဲ့ခေါ်လောင်ပေါင်အာ (မစ္စတာဆစ်)ဟာ အသက် (၅၀) အရွယ်လောက်ရောက်လာတဲ့ အခါမှာတော့ အထီးကျန်ဆန်စွာ နေခဲ့ရပါတယ်။
ဓားရေးကျွမ်းကျင် လှတဲ့၊ မာဖီးယားဂိုဏ်းသားတစ်ဦး ဖြစ်တဲ့ မစ္စတာ ဆစ်မှာရှောင်ဘို (ဘော်ဘီ)ဆိုတဲ့ သားတစ်ယောက် ရှိပေမယ့် သိပ်အစေးမကပ်လှပါ ဘူး။
တစ်ရက်မှာတော့ အစိုးရ အကြီးအကဲတစ်ယောက်ရဲ့ သား ပိုင်တဲ့ အဖိုးတန်ပြိုင်ကားကို ပျက် စီးစေမှုတစ်ခုနဲ့ ဘော်ဘီပြန်ပေး ဆွဲခံခဲ့ရပါတယ်။ ဘော်ဘီကို ဖမ်း သွားတဲ့လူဆိုးအဖွဲ့ခေါင်းဆောင် ရဲ့ မိသားစုဟာ နောက်ခံအခြေအ နေကောင်းတာကြောင့် ကိုမာဖြစ် လုလုနီးအခြေအနေဖြစ်အောင် နှိပ်စက်ညှဉ်းပန်းတာတွေ လုပ်ခဲ့ ပါတယ်။
မစ္စတာဆစ်ဟာ နှလုံးရောဂါ အခြေအနေဆိုးနေပေမယ့် သူ့ သားကို ကယ်ဖို့ကြိုးစားရာမှာ ထင်သလောက်မလွယ်ကူခဲ့တာ ကြောင့် သူနဲ့လက်တွဲလုပ်ခဲ့ဖူးတဲ့ လူဆိုးဂိုဏ်းဝင်တွေကို ပြန်ခေါ်ပြီး သူ့သားကို ပြန်ကယ်နိုင်ဖို့အတွက်ကြိုးပမ်းပါတော့တယ်။

ဇာတ်လမ်းကျောရိုးကိုက လူဆိုးဂိုဏ်းဝင်တွေအကြောင်းဖြစ် တာမို့ အမှန်အကန်အတိုက်အ ခိုက်၊ အက်ရှင်ဇာတ်ကွက်တွေ ကြည့်ရမှာမို့ ပရိသတ်တွေသဘောကျမယ် ထင်ပါတယ်။

လူဆိုးဂိုဏ်းသားဟောင်းကြီးတွေနဲ့ ယနေ့လူ ငယ်လူဆိုးအဖွဲ့တွေ ရင်ဆိုင်တွေ့ တဲ့အခါ ဘာတွေဆက်ဖြစ်ကြမှာ လဲ။ မစ္စတာဆစ်က သူ့သားရှောင်ဘိုကို ကယ်တင်နိုင်မှာလားဆိုတာ စိတ်ဝင်စားစရာပါ။

အဓိကဇာတ်ဆောင် မစ္စတာဆစ်တဖြစ်လဲ ဖန်ရှောင်ဂန်က (၅၂) ကြိမ်မြောက် ရွှေမြင်းဆုချီးမြှင့်ပွဲ မှာ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုရရှိခဲ့တယ်လို့ ဆိုပါတယ်။မစ္စတာဆစ် အကောင်းဆုံးသရုပ်ဆောင်ဆုရ ခဲ့တာ ထိုက်တန်ရဲ့လားဆိုတာ ကိုယ်တိုင်ကြည့်ရင်း အကဲဖြတ် ကြည့်လိုက်ပါဦးနော်။
(ရုပ်ရှင်အညွှန်းကို 7daydaily မှကူးယူဖော်ပြပါသည်။)

Zawgyi

EXO-M အဖြဲ႕ဝင္ Kris Wu ,မင္းသား Li Yifeng နဲ႔မင္းသားႀကီး Feng Xiaogang တို႔အဓိကပါဝင္ထားတဲ့ ဒီတ႐ုတ္ဇာတ္ကားဟာ Crime/Drama အမ်ိဳးအစားျဖစ္ၿပီး IMDb Rating (7.1) ,Rotten Tomatoes (80%) ထိရရွိထားပါတယ္။

ဇာတ္လမ္းကေတာ့…..
တစ္ခ်ိန္က အရွိန္အဝါရွိခဲ့ တဲ့၊ လူဆိုးလူေတတစ္ေယာက္ျဖစ္ ခဲ့တဲ့ လ်ဴယဲ့ေခၚေလာင္ေပါင္အာ (မစၥတာဆစ္)ဟာ အသက္ (၅၀) အ႐ြယ္ေလာက္ေရာက္လာတဲ့ အခါမွာေတာ့ အထီးက်န္ဆန္စြာ ေနခဲ့ရပါတယ္။
ဓားေရးကြၽမ္းက်င္ လွတဲ့၊ မာဖီးယားဂိုဏ္းသားတစ္ဦး ျဖစ္တဲ့ မစၥတာ ဆစ္မွာေရွာင္ဘို (ေဘာ္ဘီ)ဆိုတဲ့ သားတစ္ေယာက္ ရွိေပမယ့္ သိပ္အေစးမကပ္လွပါ ဘူး။
တစ္ရက္မွာေတာ့ အစိုးရ အႀကီးအကဲတစ္ေယာက္ရဲ႕ သား ပိုင္တဲ့ အဖိုးတန္ၿပိဳင္ကားကို ပ်က္ စီးေစမႈတစ္ခုနဲ႔ ေဘာ္ဘီျပန္ေပး ဆြဲခံခဲ့ရပါတယ္။ ေဘာ္ဘီကို ဖမ္း သြားတဲ့လူဆိုးအဖြဲ႕ေခါင္းေဆာင္ ရဲ႕ မိသားစုဟာ ေနာက္ခံအေျခအ ေနေကာင္းတာေၾကာင့္ ကိုမာျဖစ္ လုလုနီးအေျခအေနျဖစ္ေအာင္ ႏွိပ္စက္ညႇဥ္းပန္းတာေတြ လုပ္ခဲ့ ပါတယ္။
မစၥတာဆစ္ဟာ ႏွလုံးေရာဂါ အေျခအေနဆိုးေနေပမယ့္ သူ႔ သားကို ကယ္ဖို႔ႀကိဳးစားရာမွာ ထင္သေလာက္မလြယ္ကူခဲ့တာ ေၾကာင့္ သူနဲ႔လက္တြဲလုပ္ခဲ့ဖူးတဲ့ လူဆိုးဂိုဏ္းဝင္ေတြကို ျပန္ေခၚၿပီး သူ႔သားကို ျပန္ကယ္ႏိုင္ဖို႔အတြက္ႀကိဳးပမ္းပါေတာ့တယ္။

ဇာတ္လမ္းေက်ာ႐ိုးကိုက လူဆိုးဂိုဏ္းဝင္ေတြအေၾကာင္းျဖစ္ တာမို႔ အမွန္အကန္အတိုက္အ ခိုက္၊ အက္ရွင္ဇာတ္ကြက္ေတြ ၾကည့္ရမွာမို႔ ပရိသတ္ေတြသေဘာက်မယ္ ထင္ပါတယ္။

လူဆိုးဂိုဏ္းသားေဟာင္းႀကီးေတြနဲ႔ ယေန႔လူ ငယ္လူဆိုးအဖြဲ႕ေတြ ရင္ဆိုင္ေတြ႕ တဲ့အခါ ဘာေတြဆက္ျဖစ္ၾကမွာ လဲ။ မစၥတာဆစ္က သူ႔သားေရွာင္ဘိုကို ကယ္တင္ႏိုင္မွာလားဆိုတာ စိတ္ဝင္စားစရာပါ။

အဓိကဇာတ္ေဆာင္ မစၥတာဆစ္တျဖစ္လဲ ဖန္ေရွာင္ဂန္က (၅၂) ႀကိမ္ေျမာက္ ေ႐ႊျမင္းဆုခ်ီးျမႇင့္ပြဲ မွာ ဒီဇာတ္ကားနဲ႔ ပတ္သက္ၿပီး အေကာင္းဆုံးသ႐ုပ္ေဆာင္ဆုရရွိခဲ့တယ္လို႔ ဆိုပါတယ္။မစၥတာဆစ္ အေကာင္းဆုံးသ႐ုပ္ေဆာင္ဆုရ ခဲ့တာ ထိုက္တန္ရဲ႕လားဆိုတာ ကိုယ္တိုင္ၾကည့္ရင္း အကဲျဖတ္ ၾကည့္လိုက္ပါဦးေနာ္။
(႐ုပ္ရွင္အၫႊန္းကို 7daydaily မွကူးယူေဖာ္ျပပါသည္။)

Mr. Six (2015)
Mr. Six (2015)
Mr. Six (2015)
Mr. Six (2015)
Mr. Six (2015)
No downloads available

Related movies