M-Sub Movie – Myanmar Subtitle Movies & Series Free Download Website




Unicode

ဒီကားကို စကြည့်တုန်းက သူ့ဘာပြောချင်တာလည်း ဆိုတာ ချက်ချင်း သဘောမပေါက်ဘူး – မပေါက်ဆို ကိုယ်တွေ နေ့စဉ် ဖြတ်သန်းတွေ့ထိနေတဲ့ အတွေးအခေါ်တွေနဲ့ လုံးလုံးကို တူမှ မတူတာ – နောက်ပိုင်းကို ရောက်သွားတော့မှ တဖြေးဖြေး သဘောပေါက်လာတယ် – ခုဆို ပြန်ကြည့်တာ လေးခေါက်မြောက်သွားပြီ – ဘာရယ်တော့ မဟုတ်ဘူး – သူတို့ရဲ့ အတွေးနဲ့ ဖန်တီးနိုင်စွမ်းကို သဘောကျမိလို့ပါ – ကိုယ်မတွေးမိတဲ့ အတွေးကို သူတို့တွေးမိတယ် – မဖြစ်နိုင်ဘူးလို့ လူတိုင်း သိထားတဲ့ စိတ်ကူးတစ်ခုကို တစ်ခြားသူတစ်ယောက်ဆီ လက်ဆင့်ကမ်းတဲ့ အချိန်မှာ အဲ့ဒီလူ မှင်သတ်လက်ခံနိုင်အောင် ပုံဖော်ပြတဲ့ ရိုက်ချက်တွေက အကွက်စေ့လွန်းတယ် –

လူတစ်ယောက်ရဲ့ စိတ်ကူးထဲမှာ ရှိနေတဲ့ Idea ကို အိပ်မက်ဖြစ်ရပ် တစ်ခုအဖြစ် ဖန်တီးပြီး ခိုးဝင်တူးဖော်ကြသတဲ့ – အဲ့ထက် ပိုအံ့သြဖို့ ကောင်းတာက အိပ်မက် ဖြစ်ရပ် တစ်ခုထဲမှာပဲ နောက် အိပ်မက် တစ်ခုရှိရာ – ( Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ) ဆက်ကူးသွားကြတာ – Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ကူးတယ်ဆိုတာ မြန်မာလို နားလည်လွယ်အောင် ပြောရရင် အိပ်မက်တစ်ခုထဲမှာပဲ နောက်အိပ်မက်တစ်ခု ဆက်မက်ကြတာမျိုးပေါ့ – Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ကူးတဲ့ အချိန်မှာလည်း နောက် Dream state တစ်ခုဆီ ကူးသွားတဲ့ လူတွေကို လက်ရှိ Dream state ရှိရာဆီ ပြန်ခေါ်ဖို့ လူတစ်ယောက်ဆီ ချန်ခဲ့ရတယ် – လက်ရှိ Dream state မှာ ထိန်းမထားနိုင်တဲ့ အခြေအနေ တစ်ခုခု ရှိလာရင် နောက် Dream state တစ်ခုမှာ ရောက်နေတဲ့ သူတွေကို လက်ရှိ Dream state ရှိရာဆီ ပြန်ရောက်လာဖို့ ကျန်ခဲ့တဲ့ သူက အားလုံးကို kick လုပ်ရတယ် – ( kick လုပ်တယ် ဆို နောက် Dream state တစ်ခုဆီ ဆင်းသွားတဲ့ သူတွေကို လက်ရှိ Dream state ကို ပြန်ခေါ်တော့မယ်လို့ အသိပေးတာမျိုးပေါ့ ) နောက်ပြီး အဲလို kick လုပ်တော့မယ် ဆိုတာကိုလည်း နောက် Dream state တစ်ခုမှာ ရောက်နေတဲ့ သူတွေကို လက်ရှိ Dream state မှာ ကျန်ရစ်ခဲ့တဲ့ သူက Music ဖွင့်ပြီး အသိပေးရတယ် – အဲမှာ ချွင်းချက် ရှိသွားတာက Dream state သုံးဆင့် ရှိတယ် ဆိုရင် ပထမဆုံး Dream state မှာ ကျန်ခဲ့တဲ့ သူက kick လုပ်လို့ မရဘူး – အဆင့်တစ်ဆင့်ချင်းမှာ ပြန်ခေါ်ဖို့ ကျန်ခဲ့တဲ့ သူတွေက နောက်ဆုံး အဆင့်မှာ ရောက်နေတဲ့ သူတွေအားလုံးကို သက်ဆိုင်ရာ Dream state ဆီ ပြန်ရောက်လာအောင် ခေါ်ပြီးမှ kick ရတယ် –

ကားထဲမှာ လီယိုနာဒို က Dream state တစ်ခုကို ဖွဲ့စည်းတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ပေါ့ – သူက အိပ်မက်ကို ဖန်တီးတယ် – အိပ်မက်ထဲက ဇာတ်ကောင်တွေကို ဖန်တီးတယ် – ဒါပေမယ့် အဲ့ဒီ့ အိပ်မက်ကို အကွက်ချဖို့ကိုကျတော့ Architect တစ်ယောက် သပ်သပ်ထပ်ပါတယ် – သူ့လောက်နီးပါးတော်တဲ့ ကောင်မလေးတစ်ယောက်ပေါ့ – ဇာတ်ကားထဲက ဒီအောက်က နေရာမှာ လီယိုနာဒိုက Dream state တစ်ခု ဖွဲ့စည်းတဲ့သဘောတရားကို ရှင်းပြနေတာ –

လီယိုနာဒို က ဒီ Dream state တစ်ခု ဖွဲ့စည်းတဲ့သဘောတရားကို သူ့ ဇနီးကိုရင်းပြီး လေ့လာခဲ့တာ – ရလာဒ်ကတော့ ဆိုးသွားတယ် – သူ့မိန်းမက Dream state နဲ့ Reality ကို ကွဲကွဲခြားခြား မသိတော့ဘူး – Dream state နဲ့ Reality ကို ခွဲခြားနိုင်တဲ့ totem ဆိုတာလေးကို သူ့မိန်းမကို လီယိုနာဒို က ပေးထားပေမယ့် သူ့ဇနီးက အဲတာလေးကို သော့ခေတ် သိမ်းထားလိုက်ပြီး Dream state နဲ့ Reality ရဲ့ ကွာခြားချက်ကို မစမ်းဖြစ်ခဲ့ဘူး – အဲ့မှာ သူတို့ နှစ်ယောက်လုံး Dream state ကို Reality နဲ့ အထင်မှားသွားတယ် – ( totem ဆိုတာလေးက သူ့ကို လှည့်လိုက်ရင် Dream state ထဲမှာဆို Gravity မရှိလို့ ဘယ်တော့မှ လဲ မသွားဘူး – လက်တွေ့ဘဝမှာ လှည့်လိုက်ရင် လဲတယ် – အဲတာလေးကိုလှည့်ပြီး သူတို့က ငါတို့ Dream state မှာလား Reality မှာလား ဆိုတာ ခဲြွခားကြတာ ) သူ့မိန်းမက Dream state ကိုပဲ Reality ထင်နေတာ – ဒါကို နောက်ပိုင်း လီယိုနာဒို က totem လေးလိုက်ရှာ ပြန်စစ်ကြည့်ပြီး သိသွားတော့ ငါတို့ ရောက်နေတာ Dream state ဆိုပြီး သူ့မိန်းမကို ပြောပြ – လက်တွေ့ဘဝကို ပြန်ခေါ်တော့မှ သူတို့နှစ်ယောက်လုံး Dream state ကနေ ပြန်ထွက်လာကြတယ် – ဒါပေမယ့် ခက်သွားတာ လီယိုနာဒို က Dream state နဲ့ Reality ကို ခွဲခြား သိပေမယ့် သူ့ဇနီးက လက်တွေ့ဘဝကို ရောက်နေတာတောင် သူ့ကိုယ်ကိုယ်သူ Dream state ဘဝမှာပဲ ရှိနေသေးတယ် ထင်ပြီး သူ့ကလေးတွေဆီ ပြန်ချင်တဲ့ ဇောနဲ့ လက်တွေ့ဘဝကို ပြန်မယ် ဆိုပြီး တိုက်ပေါ်က ခုန်ချပြီး သေသွားတယ် –

ဒီကားက ပထမစကြည့်ရင် တော်တော်ရှုပ်မယ် – ဘာလို့လည်း ဆို ကိုယ်နေ့တိုင်း ဖြတ်သန်းကြုံတွေ့နေရတဲ့ အတွေးအခေါ် မျိုးနဲ့ ဖွဲ့စည်းထားတာ မဟုတ်လို့ – ဒါပေမယ့် သူဖော်ပြချင်တဲ့ သဘောတရားကို သိရင် တော်တော်ကြိုက်သွား လိမ့်မယ်။ သြော် နောက်တစ်ချက် ရှိသေးတယ် – အဲတာကတော့ ကားထဲမှာ လီယိုနာဒို ပြောသွားတဲ့ စကား –

” In a dream your mind functions more quickly, therefore time seems to feel more slow. ”

ဆိုလိုတာက ကျွန်တော်တို့တွေ အိပ်မက် မက်ကြတဲ့ အခြေအနေ တစ်ခုမှာ စိတ်ရဲ့ လှုပ်ရှားမှုက ပိုပြီး မြန်ဆန်တယ် – ဥပမာ ရန်ကုန်ကနေ ကျိုင်းတုံ သွားမယ် – အပြင်မှာဆို လေယာဉ်နဲ့ သွားရင်တောင် တစ်နာရီခွဲလောက် အချိန်ပေးရင် ပေးရမယ် – အိပ်မက်ထဲမှာကျတော့ seconds ပိုင်းအတွင်း ရောက်နိုင်တယ် – ဒါကြောင့်မို့ In a dream your mind functions more quickly လို့ သူက ပြောတာ – အဲလို mind functions က ပိုမြန်သွားတော့ ဘာထူးခြား သွားလဲ ဆိုရင် real world မှာ ၅ မိနစ်ရတဲ့ အချိန် တစ်ခုက dream state ထဲကို ရောက်သွားရင် တစ်နာရီလောက် ပို အချိန်ရသွားတာနဲ့တူသွားတယ် – ဒါကိုပဲ Five minutes in the real world gives you an hour in the dream. ဆိုပြီး ပြောသွားတာ – ဒီ သဘောတရားကို ဒီဇာတ်ကားက အပြည့်အဝ အသုံးချသွားတယ် – ဒါကို မချိတ်ဆက်မိရင်ပဲ ဖြစ်ဖြစ် အပေါ်မှာ ဖော်ပြခဲ့တာတွေကို နားမလည်ခဲ့ရင် ဖြစ်ဖြစ် ဒီဇာတ်ကားရဲ့ အနှစ်သာရကို ဘယ်လိုမှ သဘောမပေါက်နိုင်ဘူး –

နောက်ဆုံး ပြောချင်တာကတော့ Inception ဇာတ်ကားဟာ တော်တော်ကောင်းပါတယ် – ကြည့်စေချင်ပါတယ် – သာမန်နဲ့ မတူတဲ့ အတွေးအခေါ်သစ်ထဲ ကို ဆွဲခေါ်သွားမယ့် ဇာတ်ကားကောင်း တစ်ခုကို ခံစားကြည့်ကြပါဦး –
မောင်ဇင်။

(ရုပ်ရှင်အညွှန်းကို techsectors.blogspot မှကူးယူဖော်ပြပါသည်။)

Zawgyi

ဒီကားကို စၾကည့္တုန္းက သူ႔ဘာေျပာခ်င္တာလည္း ဆိုတာ ခ်က္ခ်င္း သေဘာမေပါက္ဘူး – မေပါက္ဆို ကိုယ္ေတြ ေန႔စဥ္ ျဖတ္သန္းေတြ႕ထိေနတဲ့ အေတြးအေခၚေတြနဲ႔ လုံးလုံးကို တူမွ မတူတာ – ေနာက္ပိုင္းကို ေရာက္သြားေတာ့မွ တေျဖးေျဖး သေဘာေပါက္လာတယ္ – ခုဆို ျပန္ၾကည့္တာ ေလးေခါက္ေျမာက္သြားၿပီ – ဘာရယ္ေတာ့ မဟုတ္ဘူး – သူတို႔ရဲ႕ အေတြးနဲ႔ ဖန္တီးႏိုင္စြမ္းကို သေဘာက်မိလို႔ပါ – ကိုယ္မေတြးမိတဲ့ အေတြးကို သူတို႔ေတြးမိတယ္ – မျဖစ္ႏိုင္ဘူးလို႔ လူတိုင္း သိထားတဲ့ စိတ္ကူးတစ္ခုကို တစ္ျခားသူတစ္ေယာက္ဆီ လက္ဆင့္ကမ္းတဲ့ အခ်ိန္မွာ အဲ့ဒီလူ မွင္သတ္လက္ခံႏိုင္ေအာင္ ပုံေဖာ္ျပတဲ့ ႐ိုက္ခ်က္ေတြက အကြက္ေစ့လြန္းတယ္ –

လူတစ္ေယာက္ရဲ႕ စိတ္ကူးထဲမွာ ရွိေနတဲ့ Idea ကို အိပ္မက္ျဖစ္ရပ္ တစ္ခုအျဖစ္ ဖန္တီးၿပီး ခိုးဝင္တူးေဖာ္ၾကသတဲ့ – အဲ့ထက္ ပိုအံ့ၾသဖို႔ ေကာင္းတာက အိပ္မက္ ျဖစ္ရပ္ တစ္ခုထဲမွာပဲ ေနာက္ အိပ္မက္ တစ္ခုရွိရာ – ( Dream state တစ္ခုကေန ေနာက္ Dream state တစ္ခုဆီ ) ဆက္ကူးသြားၾကတာ – Dream state တစ္ခုကေန ေနာက္ Dream state တစ္ခုဆီ ကူးတယ္ဆိုတာ ျမန္မာလို နားလည္လြယ္ေအာင္ ေျပာရရင္ အိပ္မက္တစ္ခုထဲမွာပဲ ေနာက္အိပ္မက္တစ္ခု ဆက္မက္ၾကတာမ်ိဳးေပါ့ – Dream state တစ္ခုကေန ေနာက္ Dream state တစ္ခုဆီ ကူးတဲ့ အခ်ိန္မွာလည္း ေနာက္ Dream state တစ္ခုဆီ ကူးသြားတဲ့ လူေတြကို လက္ရွိ Dream state ရွိရာဆီ ျပန္ေခၚဖို႔ လူတစ္ေယာက္ဆီ ခ်န္ခဲ့ရတယ္ – လက္ရွိ Dream state မွာ ထိန္းမထားႏိုင္တဲ့ အေျခအေန တစ္ခုခု ရွိလာရင္ ေနာက္ Dream state တစ္ခုမွာ ေရာက္ေနတဲ့ သူေတြကို လက္ရွိ Dream state ရွိရာဆီ ျပန္ေရာက္လာဖို႔ က်န္ခဲ့တဲ့ သူက အားလုံးကို kick လုပ္ရတယ္ – ( kick လုပ္တယ္ ဆို ေနာက္ Dream state တစ္ခုဆီ ဆင္းသြားတဲ့ သူေတြကို လက္ရွိ Dream state ကို ျပန္ေခၚေတာ့မယ္လို႔ အသိေပးတာမ်ိဳးေပါ့ ) ေနာက္ၿပီး အဲလို kick လုပ္ေတာ့မယ္ ဆိုတာကိုလည္း ေနာက္ Dream state တစ္ခုမွာ ေရာက္ေနတဲ့ သူေတြကို လက္ရွိ Dream state မွာ က်န္ရစ္ခဲ့တဲ့ သူက Music ဖြင့္ၿပီး အသိေပးရတယ္ – အဲမွာ ခြၽင္းခ်က္ ရွိသြားတာက Dream state သုံးဆင့္ ရွိတယ္ ဆိုရင္ ပထမဆုံး Dream state မွာ က်န္ခဲ့တဲ့ သူက kick လုပ္လို႔ မရဘူး – အဆင့္တစ္ဆင့္ခ်င္းမွာ ျပန္ေခၚဖို႔ က်န္ခဲ့တဲ့ သူေတြက ေနာက္ဆုံး အဆင့္မွာ ေရာက္ေနတဲ့ သူေတြအားလုံးကို သက္ဆိုင္ရာ Dream state ဆီ ျပန္ေရာက္လာေအာင္ ေခၚၿပီးမွ kick ရတယ္ –

ကားထဲမွာ လီယိုနာဒို က Dream state တစ္ခုကို ဖြဲ႕စည္းတဲ့ အဖြဲ႕ရဲ႕ ေခါင္းေဆာင္ေပါ့ – သူက အိပ္မက္ကို ဖန္တီးတယ္ – အိပ္မက္ထဲက ဇာတ္ေကာင္ေတြကို ဖန္တီးတယ္ – ဒါေပမယ့္ အဲ့ဒီ့ အိပ္မက္ကို အကြက္ခ်ဖို႔ကိုက်ေတာ့ Architect တစ္ေယာက္ သပ္သပ္ထပ္ပါတယ္ – သူ႔ေလာက္နီးပါးေတာ္တဲ့ ေကာင္မေလးတစ္ေယာက္ေပါ့ – ဇာတ္ကားထဲက ဒီေအာက္က ေနရာမွာ လီယိုနာဒိုက Dream state တစ္ခု ဖြဲ႕စည္းတဲ့သေဘာတရားကို ရွင္းျပေနတာ –

လီယိုနာဒို က ဒီ Dream state တစ္ခု ဖြဲ႕စည္းတဲ့သေဘာတရားကို သူ႔ ဇနီးကိုရင္းၿပီး ေလ့လာခဲ့တာ – ရလာဒ္ကေတာ့ ဆိုးသြားတယ္ – သူ႔မိန္းမက Dream state နဲ႔ Reality ကို ကြဲကြဲျခားျခား မသိေတာ့ဘူး – Dream state နဲ႔ Reality ကို ခြဲျခားႏိုင္တဲ့ totem ဆိုတာေလးကို သူ႔မိန္းမကို လီယိုနာဒို က ေပးထားေပမယ့္ သူ႔ဇနီးက အဲတာေလးကို ေသာ့ေခတ္ သိမ္းထားလိုက္ၿပီး Dream state နဲ႔ Reality ရဲ႕ ကြာျခားခ်က္ကို မစမ္းျဖစ္ခဲ့ဘူး – အဲ့မွာ သူတို႔ ႏွစ္ေယာက္လုံး Dream state ကို Reality နဲ႔ အထင္မွားသြားတယ္ – ( totem ဆိုတာေလးက သူ႔ကို လွည့္လိုက္ရင္ Dream state ထဲမွာဆို Gravity မရွိလို႔ ဘယ္ေတာ့မွ လဲ မသြားဘူး – လက္ေတြ႕ဘဝမွာ လွည့္လိုက္ရင္ လဲတယ္ – အဲတာေလးကိုလွည့္ၿပီး သူတို႔က ငါတို႔ Dream state မွာလား Reality မွာလား ဆိုတာ ခဲျြခားၾကတာ ) သူ႔မိန္းမက Dream state ကိုပဲ Reality ထင္ေနတာ – ဒါကို ေနာက္ပိုင္း လီယိုနာဒို က totem ေလးလိုက္ရွာ ျပန္စစ္ၾကည့္ၿပီး သိသြားေတာ့ ငါတို႔ ေရာက္ေနတာ Dream state ဆိုၿပီး သူ႔မိန္းမကို ေျပာျပ – လက္ေတြ႕ဘဝကို ျပန္ေခၚေတာ့မွ သူတို႔ႏွစ္ေယာက္လုံး Dream state ကေန ျပန္ထြက္လာၾကတယ္ – ဒါေပမယ့္ ခက္သြားတာ လီယိုနာဒို က Dream state နဲ႔ Reality ကို ခြဲျခား သိေပမယ့္ သူ႔ဇနီးက လက္ေတြ႕ဘဝကို ေရာက္ေနတာေတာင္ သူ႔ကိုယ္ကိုယ္သူ Dream state ဘဝမွာပဲ ရွိေနေသးတယ္ ထင္ၿပီး သူ႔ကေလးေတြဆီ ျပန္ခ်င္တဲ့ ေဇာနဲ႔ လက္ေတြ႕ဘဝကို ျပန္မယ္ ဆိုၿပီး တိုက္ေပၚက ခုန္ခ်ၿပီး ေသသြားတယ္ –

ဒီကားက ပထမစၾကည့္ရင္ ေတာ္ေတာ္ရႈပ္မယ္ – ဘာလို႔လည္း ဆို ကိုယ္ေန႔တိုင္း ျဖတ္သန္းႀကဳံေတြ႕ေနရတဲ့ အေတြးအေခၚ မ်ိဳးနဲ႔ ဖြဲ႕စည္းထားတာ မဟုတ္လို႔ – ဒါေပမယ့္ သူေဖာ္ျပခ်င္တဲ့ သေဘာတရားကို သိရင္ ေတာ္ေတာ္ႀကိဳက္သြား လိမ့္မယ္။ ေၾသာ္ ေနာက္တစ္ခ်က္ ရွိေသးတယ္ – အဲတာကေတာ့ ကားထဲမွာ လီယိုနာဒို ေျပာသြားတဲ့ စကား –

” In a dream your mind functions more quickly, therefore time seems to feel more slow. ”

ဆိုလိုတာက ကြၽန္ေတာ္တို႔ေတြ အိပ္မက္ မက္ၾကတဲ့ အေျခအေန တစ္ခုမွာ စိတ္ရဲ႕ လႈပ္ရွားမႈက ပိုၿပီး ျမန္ဆန္တယ္ – ဥပမာ ရန္ကုန္ကေန က်ိဳင္းတုံ သြားမယ္ – အျပင္မွာဆို ေလယာဥ္နဲ႔ သြားရင္ေတာင္ တစ္နာရီခြဲေလာက္ အခ်ိန္ေပးရင္ ေပးရမယ္ – အိပ္မက္ထဲမွာက်ေတာ့ seconds ပိုင္းအတြင္း ေရာက္ႏိုင္တယ္ – ဒါေၾကာင့္မို႔ In a dream your mind functions more quickly လို႔ သူက ေျပာတာ – အဲလို mind functions က ပိုျမန္သြားေတာ့ ဘာထူးျခား သြားလဲ ဆိုရင္ real world မွာ ၅ မိနစ္ရတဲ့ အခ်ိန္ တစ္ခုက dream state ထဲကို ေရာက္သြားရင္ တစ္နာရီေလာက္ ပို အခ်ိန္ရသြားတာနဲ႔တူသြားတယ္ – ဒါကိုပဲ Five minutes in the real world gives you an hour in the dream. ဆိုၿပီး ေျပာသြားတာ – ဒီ သေဘာတရားကို ဒီဇာတ္ကားက အျပည့္အဝ အသုံးခ်သြားတယ္ – ဒါကို မခ်ိတ္ဆက္မိရင္ပဲ ျဖစ္ျဖစ္ အေပၚမွာ ေဖာ္ျပခဲ့တာေတြကို နားမလည္ခဲ့ရင္ ျဖစ္ျဖစ္ ဒီဇာတ္ကားရဲ႕ အႏွစ္သာရကို ဘယ္လိုမွ သေဘာမေပါက္ႏိုင္ဘူး –

ေနာက္ဆုံး ေျပာခ်င္တာကေတာ့ Inception ဇာတ္ကားဟာ ေတာ္ေတာ္ေကာင္းပါတယ္ – ၾကည့္ေစခ်င္ပါတယ္ – သာမန္နဲ႔ မတူတဲ့ အေတြးအေခၚသစ္ထဲ ကို ဆြဲေခၚသြားမယ့္ ဇာတ္ကားေကာင္း တစ္ခုကို ခံစားၾကည့္ၾကပါဦး –
ေမာင္ဇင္။

(႐ုပ္ရွင္အၫႊန္းကို techsectors.blogspot မွကူးယူေဖာ္ျပပါသည္။)

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Inception (2010)
Inception (2010)
Inception (2010)
Inception (2010)
Inception (2010)
Inception (2010)
Inception (2010)
Inception (2010)
Inception (2010)
Inception (2010)
Inception (2010)
Inception (2010)
Inception (2010)
Inception (2010)

No downloads available

Related movies