M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Prisoners (2013)
Report error

Report error



Unicode

” ကျွန်တော်တို့တတွေရဲ့ ဘဝ အဓိပ္ပါယ် ကျွန်တော်တို့ တန်ဖိုးထားမြတ်နိုးရတဲ့ လူတွေကို ဆုံးရှုံးရတဲ့အခါ ကျွန်တော်တို့တကယ်ပဲ
မကောင်းဆိုးဝါး တစ်ပိုင်းဖြစ်သွားကြသလား”ဒီကားရဲ့ Main cast တွေကတော့ Hugh Jackman နဲ့ Jake Gyllanhaalပါ။ သူတို့ ပါနေတာနဲ့တင် ဘာမှဆက် ညွှန်းဖို့ မလိုလောက်အောင်ပါပဲ။အဖေဇာတ်ရုပ်တွေနဲ့ အတော်စားတဲ့ Hug Jackmanဟာ Logan တို့ Greatest Showman တို့ တို့မှာ အတော်လေး ဈာန်ဝင်ခဲ့သလို ဒီကားထဲမှာလည်း သမီးပျောက်လို့ ပူပန်နေရတဲ့ အဖေတစ်ယောက်အနေနဲ့ လုံးဝ Perfect ဖြစ်ခဲ့ပါတယ်။ Jake Gyllanhaal ရဲ့ ဟန်ကလည်း အတော်လေး သဘောကျစရာကောင်းတာကို တွေ့ရမှာပါ။

မြို့ကလေးတစ်မြို့မှာ ဖြစ်လာမဲ့ အရာရာတိုင်းအတွက် အသင့်ပြင်ထားရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ Keller(Hugh)ဆိုတဲ့ လူလတ်တန်းစားတစ်ယောက် ရှိပါတယ်။ ကျေးဇူးတော်နေ့မှာ တစ်ဖက်လမ်းက အိမ်ကို စားသောက်ပွဲတစ်ခုသွားရင်း အိမ်ရှင်ရဲ့ သမီးလေးနဲ့ Kellerအိမ်ကို
ပြန်သွားရင်း Keller ရဲ့ သမီးလေး ပျောက်ဆုံးသွားပါတယ်။လိုက်သမျှ အမှု မအောင်မြင်တာ မရှိသေးတဲ့ စုံထောက်Loki (Jake) ဟာ ဒီအမှုကိုကိုင်တွယ်ဖို့ ဖြစ်လာခဲ့တယ်။သမီးအတွက် ကမူးရှုးထိုးဖြစ်နေတဲ့ Kellerရဲ့ အဖေတစ်ယောက်ရဲ့ ဘာမဆိုလုပ်ရဲတဲ့သတ္တိနဲ့ သမီးကို ရှာဖွေမှုတွေ ရဲကောင်း တစ်ယောက်ဖြစ်တဲ့ Jake ရဲ့ သမာသမတ်ကျကျ ရှာဖွေမှုတွေနဲ့ ရှုပ်ထွေးလွန်းတဲ့အမှုက တစ်ကားလုံး အဆုံးထိ ဆွဲဆောင်သွားပါလိမ့််မယ်။ဒီဇာတ်ကားမှာ စုံထောက် Loki ကယ်ခဲ့တဲ့ လူ၂ယောက်ကို ကယ်တဲ့ အခန်းလုံးဝမပြသွားခဲ့ပါဘူး… ဒီနည်းနဲ့ပဲ အဆုံးသတ်မှာ တစ်စုံတစ်ရာကို သဘောပေါက်စေခဲ့တဲ့ ဒါရိုက်တာရဲ့ Idea ကို မချီးကျူးလို့ မရပါဘူး။

Genreက Crime,Drama,Mysteryပေမဲ့ Hugh ရဲ့ သမီးဇောကပ် သရုပ်ဆောင်မှုတွေမှာ Thriller ဆန်ဆန်ရသကိုလည်း ခံစားရမှာပါ။Actor ကောင်းကောင်း Acting ကောင်းကောင်း.. Plot twist ကောင်းကောင်း. ဇာတ်အိမ်ခိုင်လွန်းပြီး အဆုံးသတ်ထိ တစ်စက်လေးမှ မှန်းဆဖို့ မလွယ်တဲ့ ကားကောင်းတစ်ကား ရှာနေတယ်ဆိုရင်တော့ “Prisoners”ဟာ ကားရွေးမမှားမဲ့ ဇာတ်ကားပါပဲ။

Credit Review

Zawgyi

” ကြၽန္ေတာ္တို႔တေတြရဲ႕ ဘဝ အဓိပၸါယ္ ကြၽန္ေတာ္တို႔ တန္ဖိုးထားျမတ္ႏိုးရတဲ့ လူေတြကို ဆုံးရႈံးရတဲ့အခါ ကြၽန္ေတာ္တို႔တကယ္ပဲ
မေကာင္းဆိုးဝါး တစ္ပိုင္းျဖစ္သြားၾကသလား”ဒီကားရဲ႕ Main cast ေတြကေတာ့ Hugh Jackman နဲ႔ Jake Gyllanhaalပါ။ သူတို႔ ပါေနတာနဲ႔တင္ ဘာမွဆက္ ၫႊန္းဖို႔ မလိုေလာက္ေအာင္ပါပဲ။အေဖဇာတ္႐ုပ္ေတြနဲ႔ အေတာ္စားတဲ့ Hug Jackmanဟာ Logan တို႔ Greatest Showman တို႔ တို႔မွာ အေတာ္ေလး ဈာန္ဝင္ခဲ့သလို ဒီကားထဲမွာလည္း သမီးေပ်ာက္လို႔ ပူပန္ေနရတဲ့ အေဖတစ္ေယာက္အေနနဲ႔ လုံးဝ Perfect ျဖစ္ခဲ့ပါတယ္။ Jake Gyllanhaal ရဲ႕ ဟန္ကလည္း အေတာ္ေလး သေဘာက်စရာေကာင္းတာကို ေတြ႕ရမွာပါ။

ၿမိဳ႕ကေလးတစ္ၿမိဳ႕မွာ ျဖစ္လာမဲ့ အရာရာတိုင္းအတြက္ အသင့္ျပင္ထားရမယ္ဆိုတဲ့ အေတြးအေခၚနဲ႔ Keller(Hugh)ဆိုတဲ့ လူလတ္တန္းစားတစ္ေယာက္ ရွိပါတယ္။ ေက်းဇူးေတာ္ေန႔မွာ တစ္ဖက္လမ္းက အိမ္ကို စားေသာက္ပြဲတစ္ခုသြားရင္း အိမ္ရွင္ရဲ႕ သမီးေလးနဲ႔ Kellerအိမ္ကို
ျပန္သြားရင္း Keller ရဲ႕ သမီးေလး ေပ်ာက္ဆုံးသြားပါတယ္။လိုက္သမွ် အမႈ မေအာင္ျမင္တာ မရွိေသးတဲ့ စုံေထာက္Loki (Jake) ဟာ ဒီအမႈကိုကိုင္တြယ္ဖို႔ ျဖစ္လာခဲ့တယ္။သမီးအတြက္ ကမူးရႈးထိုးျဖစ္ေနတဲ့ Kellerရဲ႕ အေဖတစ္ေယာက္ရဲ႕ ဘာမဆိုလုပ္ရဲတဲ့သတၱိနဲ႔ သမီးကို ရွာေဖြမႈေတြ ရဲေကာင္း တစ္ေယာက္ျဖစ္တဲ့ Jake ရဲ႕ သမာသမတ္က်က် ရွာေဖြမႈေတြနဲ႔ ရႈပ္ေထြးလြန္းတဲ့အမႈက တစ္ကားလုံး အဆုံးထိ ဆြဲေဆာင္သြားပါလိမ့္္မယ္။ဒီဇာတ္ကားမွာ စုံေထာက္ Loki ကယ္ခဲ့တဲ့ လူ၂ေယာက္ကို ကယ္တဲ့ အခန္းလုံးဝမျပသြားခဲ့ပါဘူး… ဒီနည္းနဲ႔ပဲ အဆုံးသတ္မွာ တစ္စုံတစ္ရာကို သေဘာေပါက္ေစခဲ့တဲ့ ဒါ႐ိုက္တာရဲ႕ Idea ကို မခ်ီးက်ဴးလို႔ မရပါဘူး။

Genreက Crime,Drama,Mysteryေပမဲ့ Hugh ရဲ႕ သမီးေဇာကပ္ သ႐ုပ္ေဆာင္မႈေတြမွာ Thriller ဆန္ဆန္ရသကိုလည္း ခံစားရမွာပါ။Actor ေကာင္းေကာင္း Acting ေကာင္းေကာင္း.. Plot twist ေကာင္းေကာင္း. ဇာတ္အိမ္ခိုင္လြန္းၿပီး အဆုံးသတ္ထိ တစ္စက္ေလးမွ မွန္းဆဖို႔ မလြယ္တဲ့ ကားေကာင္းတစ္ကား ရွာေနတယ္ဆိုရင္ေတာ့ “Prisoners”ဟာ ကားေ႐ြးမမွားမဲ့ ဇာတ္ကားပါပဲ။

Credit Review

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Prisoners (2013)
Prisoners (2013)
Prisoners (2013)
Prisoners (2013)
Prisoners (2013)
Prisoners (2013)
Prisoners (2013)
Prisoners (2013)
Prisoners (2013)
Prisoners (2013)
Prisoners (2013)
Prisoners (2013)
Prisoners (2013)
Prisoners (2013)

No downloads available

Related movies