M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Zodiac (2007)
Report error

Zodiac (2007)

Zodiac    

R 157 min CrimeDramaMystery

7.7
IMDB: 7.7/10 382,980 votes

,

, , , , , , , , ,

2 wins & 67 nominations.

USA

6220

Report error



Unicode

အခုတခါမှာတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thriller မှုခင်းဒရမ်မာ ရုပ်ရှင်အမျိုးအစား ဇာတ်ကားတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားဟာဆိုရင်တော့ ဖြစ်ရပ်မှန်မှုခင်းဖြစ်ရပ်တခုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး Robert Graysmith ရေးသား ထားတဲ့ Zodiac and Zodiac Unmasked ဆိုတဲ့ စာအုပ်ကို အခြေခံထားတာလည်း ဖြစ်ပါတယ်။ ဒါရိုက်တာ David Fincher ကရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Jake Gyllenhaal, Robert Downey Jr, Mark Ruffalo တို့ကို တပေါင်းတစည်းတည်း ကြည့်ရှုမယ့် ဇာတ်ကားတကားလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ သူ့ကိုယ်သူ Zodiac လို့နာမည်ပေးထားတဲ့ စိတ္တဇဆန်ဆန် ကွင်းဆက်လူသတ်သမား တယောက် အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်လောက်ကစပြီး အမေရိကန်ရဲ့ ပြည်နယ်သုံးခု မှာ လူသတ်မှုပေါင်း ၃၀ ကျော်လောက်ကို ကျူးလွန်ခဲ့တဲ့ Zodiac ဟာဆိုရင်တော့ လူသတ်ပြီးတိုင်း ရဲတွေနဲ့ သတင်းစာတိုက်တွေကို စာလှမ်းလှမ်းပို့ကာ သူ့အကြောင်းကို သတင်းစာတွေထဲမှာ ဝေဝေဆာဆာ ဖော်ပြခံချင်သူ တယောက်ဖြစ်ပါတယ်။

လူသတ်မှုတခါပြီးတိုင်း နောက်ထပ်သူဘာလုပ်မယ်ဆိုတာကို ရှေးခေတ်အက္ခရာ Code တွေနဲ့ ရဲတွေကို ဦးနှောက်စား အောင် အမျိုးမျိုးလုပ်ပြီး သဲလွန်စပေးသလိုလိုနဲ့ ဦးနှောက်ဖောက်စားတဲ့ စိတ္တဇဆန်ဆန် လူသတ်သမားရဲ့ လုပ်ရပ်တွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။

Zodiac ပေးတဲ့သဲလွန်စတွေရော ထပ်မံရရှိတဲ့ သက်သေတွေရောနဲ့ စုံထောက်တွေရော ရဲတွေပါ အစွမ်းကုန် ဒီအမှုကို ဖော်ထုတ်ခဲ့ကြပေမယ့် လက်ပူးလက်ကြပ်တော့ မဖမ်းဆီးနိုင်ခဲ့ကြပါဘူး။ သတင်းစာတိုက်ကလူတွေလည်း ဒီကွင်းဆက် လူသတ်သမားကြောင့် ခေါင်းခြောက်၊ ရဲတွေလည်း ခြေရာခံမရတဲ့ Zodiac ကြောင့် ခေါင်းခြောက်ရင်း ဆယ်စုနှစ်တခု လောက်အထိကြာပြီးနောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြည့်ဖို့ တိုက်တွန်း ချင်ပါတယ်။

ဒီဇာတ်ကားဟာ IMDB rating 7.7 အထိရရှိထားပြီး Rotten Tomatoes မှာဆိုရင်လည်း 90% အထိရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ကြည့်ရှုချိန် ၂ နာရီခွဲခန့်မှာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရတာ ဖြစ်တာကြောင့် Thriller Sense လည်းရသလို ဖြစ်ရပ်မှန်မှုခင်းကို အခြေခံထားတာဖြစ်တာကြောင့်လည်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ရပါတယ်။

Credit – Review

Zawgyi

အခုတခါမွာေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thriller မႈခင္းဒရမ္မာ ႐ုပ္ရွင္အမ်ိဳးအစား ဇာတ္ကားတကားနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။

ဒီဇာတ္ကားဟာဆိုရင္ေတာ့ ျဖစ္ရပ္မွန္မႈခင္းျဖစ္ရပ္တခုကို အေျခခံ႐ိုက္ကူးထားတာျဖစ္ၿပီး Robert Graysmith ေရးသား ထားတဲ့ Zodiac and Zodiac Unmasked ဆိုတဲ့ စာအုပ္ကို အေျခခံထားတာလည္း ျဖစ္ပါတယ္။ ဒါ႐ိုက္တာ David Fincher က႐ိုက္ကူးထားတာျဖစ္ၿပီး နာမည္ႀကီးမင္းသားေတြျဖစ္တဲ့ Jake Gyllenhaal, Robert Downey Jr, Mark Ruffalo တို႔ကို တေပါင္းတစည္းတည္း ၾကည့္ရႈမယ့္ ဇာတ္ကားတကားလည္း ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ သူ႔ကိုယ္သူ Zodiac လို႔နာမည္ေပးထားတဲ့ စိတၱဇဆန္ဆန္ ကြင္းဆက္လူသတ္သမား တေယာက္ အေၾကာင္းကို ဇာတ္အိမ္တည္ ႐ိုက္ကူးထားတာပဲ ျဖစ္ပါတယ္။ ၁၉၆၉ ခုႏွစ္ေလာက္ကစၿပီး အေမရိကန္ရဲ႕ ျပည္နယ္သုံးခု မွာ လူသတ္မႈေပါင္း ၃၀ ေက်ာ္ေလာက္ကို က်ဴးလြန္ခဲ့တဲ့ Zodiac ဟာဆိုရင္ေတာ့ လူသတ္ၿပီးတိုင္း ရဲေတြနဲ႔ သတင္းစာတိုက္ေတြကို စာလွမ္းလွမ္းပို႔ကာ သူ႔အေၾကာင္းကို သတင္းစာေတြထဲမွာ ေဝေဝဆာဆာ ေဖာ္ျပခံခ်င္သူ တေယာက္ျဖစ္ပါတယ္။

လူသတ္မႈတခါၿပီးတိုင္း ေနာက္ထပ္သူဘာလုပ္မယ္ဆိုတာကို ေရွးေခတ္အကၡရာ Code ေတြနဲ႔ ရဲေတြကို ဦးေႏွာက္စား ေအာင္ အမ်ိဳးမ်ိဳးလုပ္ၿပီး သဲလြန္စေပးသလိုလိုနဲ႔ ဦးေႏွာက္ေဖာက္စားတဲ့ စိတၱဇဆန္ဆန္ လူသတ္သမားရဲ႕ လုပ္ရပ္ေတြကို ရင္တထိတ္ထိတ္နဲ႔ ၾကည့္ရႈခံစားၾကရမွာပဲ ျဖစ္ပါတယ္။

Zodiac ေပးတဲ့သဲလြန္စေတြေရာ ထပ္မံရရွိတဲ့ သက္ေသေတြေရာနဲ႔ စုံေထာက္ေတြေရာ ရဲေတြပါ အစြမ္းကုန္ ဒီအမႈကို ေဖာ္ထုတ္ခဲ့ၾကေပမယ့္ လက္ပူးလက္ၾကပ္ေတာ့ မဖမ္းဆီးႏိုင္ခဲ့ၾကပါဘူး။ သတင္းစာတိုက္ကလူေတြလည္း ဒီကြင္းဆက္ လူသတ္သမားေၾကာင့္ ေခါင္းေျခာက္၊ ရဲေတြလည္း ေျခရာခံမရတဲ့ Zodiac ေၾကာင့္ ေခါင္းေျခာက္ရင္း ဆယ္စုႏွစ္တခု ေလာက္အထိၾကာၿပီးေနာက္ပိုင္းမွာ ဘာေတြဆက္ျဖစ္မလဲဆိုတာကိုေတာ့ ဆက္လက္ၾကည့္ရႈၾကည့္ဖို႔ တိုက္တြန္း ခ်င္ပါတယ္။

ဒီဇာတ္ကားဟာ IMDB rating 7.7 အထိရရွိထားၿပီး Rotten Tomatoes မွာဆိုရင္လည္း 90% အထိရရွိထားတဲ့ ဇာတ္ကားတကား ျဖစ္ပါတယ္။ ၾကည့္ရႈခ်ိန္ ၂ နာရီခြဲခန႔္မွာ ရင္တထိတ္ထိတ္နဲ႔ၾကည့္ရႈရတာ ျဖစ္တာေၾကာင့္ Thriller Sense လည္းရသလို ျဖစ္ရပ္မွန္မႈခင္းကို အေျခခံထားတာျဖစ္တာေၾကာင့္လည္း ၾကည့္ရႈသင့္တဲ့ ဇာတ္ကားေကာင္းတကား ျဖစ္ပါတယ္လို႔ ၫႊန္းဆိုေပးလိုက္ရပါတယ္။

Credit – Review

Zodiac (2007)
Zodiac (2007)
Zodiac (2007)
Zodiac (2007)
Zodiac (2007)
Zodiac (2007)
Zodiac (2007)
Zodiac (2007)
Zodiac (2007)
Zodiac (2007)
Zodiac (2007)
Zodiac (2007)
Zodiac (2007)
Zodiac (2007)
Zodiac (2007)
Zodiac (2007)

No downloads available

Related movies