M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Blu-ray 1080p Super 8 (2011)
Report error

Report error



Unicode

လူငယ်ဇာတ်ကားကောင်းဟောင်းလေးတစ်ကားတင်ပေးချင်ပါတယ်။

၂၀၁၁ခုနှစ်ထွက် Science Fiction/Thriller ကားကောင်းလေးဖြစ်ပြီး ငွေကြေးပိုင်းဆိုင်ရာတွင်အောင်မြင်မှုများစွာရရှိခဲ့ပြီး ဒေါ်လာသန်း၂၆၀အထိ ရုံဝင်ငွေရရှိ ခဲ့ပါတယ်။

ထို့အပြင် များစွာသောဆုတွေရရှိခဲ့ပြီး အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် ကွန်ပျူတာအထူးပြုလုပ်ချက်၊ ဂီတပိုင်းဆိုင်ရာနှင့် သရုပ်ဆောင်မှုများတွင် ဝေဖန်မှုကောင်းကောင်းရခဲ့တဲ့ကားလေး ဖြစ်ပါတယ်။

ဇာတ်အိမ်ကိုတော့ ၁၉၇၉ခုနှစ် နယ်မြို့လေးတစ်မြို့ကိုအခြေတည်ထားပါတယ်။ နယ်ထိန်းရဲတစ်ယောက် ဖြစ်တဲ့ဂျက်နှင့် သူ့သားဖြစ်သူ ဂျိုးတို့ဟာ စတီးမိုင်းတစ်ခုမှ မတော်တဆမှုကြောင့် မိခင်ဖြစ်သူ အယ်လီဇဘယ် သေဆုံးသွားတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ ရပါတယ်။

ဒါတွေအားလုံးဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်ကြောင့်ဆိုပြီး အပြစ်တင်နေခဲ့ပါတယ်။

ဒီလိုနဲ့လေးလလောက်ကြာတဲ့အခါမှာဂျိုးရဲ့သူငယ်ချင်းဖြစ်သူချားစ်က နိုင်ငံတကာရုပ်ရှင်ပွဲတော်ပြိုင်ပွဲအတွက် ရုပ်ရှင်အတိုလေးတစ်ခုရိုက်ကူးရန် စတင်လုပ်ဆောင်ပါတော့တယ်။

ဇာတ်လမ်းကအဲဒီမှာစတာပါပဲ။

အခြားသောသူငယ်ချင်းများရဲ့အကူအညီနဲ့အတူ ချားစ်တစ်ယောက်ဇာတ်လမ်းတိုလည်းစရိုက်ပါတယ်။

တစ်နေ့ ညအချိန်ကြီး မီးရထားဘူတာအနီးတွင် ရိုက်ကွင်းတစ်ခုရိုက်ရန်လုပ်နေကြပါတယ်။

အစမ်းလေ့ကျင့်နေကြစဉ်မှာပဲ အနီးနားက ဖြတ်သွားတဲ့ရထားေ့ရှကို ပစ်ကပ်ကားအဖြူတစ်စီး ပြေးဝင်သွားရကစပြီး ရထားတွဲလည်းပြိုလဲသွားကာ ဂျိုးစ်တို့သူငယ်ချင်းတစ်စုလည်း ပေါက်ကွဲမှုအရှိန်ကြောင့်တကွဲတပြားစီဖြစ်ကုန်ပါတယ်။

အဲဒီနောက် လူတွေပြန်စုမိပြီး လူငယ်တွေသဘာဝအတိုင်းဖြစ်ပျက်ရသည့်အကြောင်းအရာကိုသွားစပ်စုကြည့်တဲ့အခါမှာတော့ ကားမောင်းသူမှ သူတို့ရဲ့ဇီဝဗေဒဆရာ ဒေါက်တာဝုဒ်ဝေါ့ဒ်ပဲဖြစ်နေပါတယ်။

အသက်မနည်းရှုနေရတဲ့ ဒေါက်တာဝုဒ်တစ်ယောက် လူငယ်တွေကိုသေနတ်တလက်နဲ့ချိန်ရင်း သူတို့မြင်ခဲ့သမျှတွေကိုဘယ်သူ့ကိုမှပြောဖို့ ပြောရင်တမိသာစုလုံး ဒုက္ခရောက်မယ်ဆိုပြီးခြိမ်းခြောက်ပါတော့တယ်။

ကံကောင်းတာကတော့ အဲဒီလိုဖြစ်သွားချိန်ကို ရုပ်ရှင်ရိုက်နေသည့် ကင်မရာမှအမှတ်မထင်မှတ်တမ်းတင်ထားပြီးဖြစ်နေပါတယ်။

ထို့နောက်အမေရိကန်စစ်တပ်ကပါဝင်ရောက်စွက်ဖက် လာပြီး အဲဒီနယ်မြေကိုအတင်းအကျပ် ချုပ်ကိုင်ဖို့ကြိုးစားပါတော့တယ်။

ရထားထဲမှာဘာတွေပါလို့လဲ။ ေ

ဒါက်တာဝုဒ်ရဲ့ရောဘယ်လိုဆက်စပ်နေလဲ။

အစိုးရစစ်တပ်ကပါ ဖုံးဖုံးဖိဖိ ကြိတ်ဖြေရှင်းဖို့ကြိုးစားရလောက်အောင် နောက်ကွယ်ကဘယ်လိုကိစ္စရပ်တွေရှိနေလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

Rating အနေနဲ့လည်း 7အထိရရှိ ထားတဲ့အတွက် လူငယ်ကားလေးတွေ၊ လျို့ဝှက်ဆန်းကြယ်ဇာတ်ကားတွေကိုကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေးပါပဲ။

Credit Review

Zawgyi

လူငယ္ဇာတ္ကားေကာင္းေဟာင္းေလးတစ္ကားတင္ေပးခ်င္ပါတယ္။

၂၀၁၁ခုႏွစ္ထြက္ Science Fiction/Thriller ကားေကာင္းေလးျဖစ္ၿပီး ေငြေၾကးပိုင္းဆိုင္ရာတြင္ေအာင္ျမင္မႈမ်ားစြာရရွိခဲ့ၿပီး ေဒၚလာသန္း၂၆၀အထိ ႐ုံဝင္ေငြရရွိ ခဲ့ပါတယ္။

ထို႔အျပင္ မ်ားစြာေသာဆုေတြရရွိခဲ့ၿပီး အထူးသျဖင့္ နည္းပညာပိုင္းဆိုင္ရာႏွင့္ ကြန္ပ်ဴတာအထူးျပဳလုပ္ခ်က္၊ ဂီတပိုင္းဆိုင္ရာႏွင့္ သ႐ုပ္ေဆာင္မႈမ်ားတြင္ ေဝဖန္မႈေကာင္းေကာင္းရခဲ့တဲ့ကားေလး ျဖစ္ပါတယ္။

ဇာတ္အိမ္ကိုေတာ့ ၁၉၇၉ခုႏွစ္ နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕ကိုအေျခတည္ထားပါတယ္။ နယ္ထိန္းရဲတစ္ေယာက္ ျဖစ္တဲ့ဂ်က္ႏွင့္ သူ႔သားျဖစ္သူ ဂ်ိဳးတို႔ဟာ စတီးမိုင္းတစ္ခုမွ မေတာ္တဆမႈေၾကာင့္ မိခင္ျဖစ္သူ အယ္လီဇဘယ္ ေသဆုံးသြားတဲ့အတြက္ ပူေဆြးဝမ္းနည္းေနခဲ့ ရပါတယ္။

ဒါေတြအားလုံးဟာ သူမရဲ႕လုပ္ေဖာ္ကိုင္ဖက္ေၾကာင့္ဆိုၿပီး အျပစ္တင္ေနခဲ့ပါတယ္။

ဒီလိုနဲ႔ေလးလေလာက္ၾကာတဲ့အခါမွာဂ်ိဳးရဲ႕သူငယ္ခ်င္းျဖစ္သူခ်ားစ္က ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ၿပိဳင္ပြဲအတြက္ ႐ုပ္ရွင္အတိုေလးတစ္ခု႐ိုက္ကူးရန္ စတင္လုပ္ေဆာင္ပါေတာ့တယ္။

ဇာတ္လမ္းကအဲဒီမွာစတာပါပဲ။

အျခားေသာသူငယ္ခ်င္းမ်ားရဲ႕အကူအညီနဲ႔အတူ ခ်ားစ္တစ္ေယာက္ဇာတ္လမ္းတိုလည္းစ႐ိုက္ပါတယ္။

တစ္ေန႔ ညအခ်ိန္ႀကီး မီးရထားဘူတာအနီးတြင္ ႐ိုက္ကြင္းတစ္ခု႐ိုက္ရန္လုပ္ေနၾကပါတယ္။

အစမ္းေလ့က်င့္ေနၾကစဥ္မွာပဲ အနီးနားက ျဖတ္သြားတဲ့ရထားေ့ရွကို ပစ္ကပ္ကားအျဖဴတစ္စီး ေျပးဝင္သြားရကစၿပီး ရထားတြဲလည္းၿပိဳလဲသြားကာ ဂ်ိဳးစ္တို႔သူငယ္ခ်င္းတစ္စုလည္း ေပါက္ကြဲမႈအရွိန္ေၾကာင့္တကြဲတျပားစီျဖစ္ကုန္ပါတယ္။

အဲဒီေနာက္ လူေတြျပန္စုမိၿပီး လူငယ္ေတြသဘာဝအတိုင္းျဖစ္ပ်က္ရသည့္အေၾကာင္းအရာကိုသြားစပ္စုၾကည့္တဲ့အခါမွာေတာ့ ကားေမာင္းသူမွ သူတို႔ရဲ႕ဇီဝေဗဒဆရာ ေဒါက္တာဝုဒ္ေဝါ့ဒ္ပဲျဖစ္ေနပါတယ္။

အသက္မနည္းရႈေနရတဲ့ ေဒါက္တာဝုဒ္တစ္ေယာက္ လူငယ္ေတြကိုေသနတ္တလက္နဲ႔ခ်ိန္ရင္း သူတို႔ျမင္ခဲ့သမွ်ေတြကိုဘယ္သူ႔ကိုမွေျပာဖို႔ ေျပာရင္တမိသာစုလုံး ဒုကၡေရာက္မယ္ဆိုၿပီးၿခိမ္းေျခာက္ပါေတာ့တယ္။

ကံေကာင္းတာကေတာ့ အဲဒီလိုျဖစ္သြားခ်ိန္ကို ႐ုပ္ရွင္႐ိုက္ေနသည့္ ကင္မရာမွအမွတ္မထင္မွတ္တမ္းတင္ထားၿပီးျဖစ္ေနပါတယ္။

ထို႔ေနာက္အေမရိကန္စစ္တပ္ကပါဝင္ေရာက္စြက္ဖက္ လာၿပီး အဲဒီနယ္ေျမကိုအတင္းအက်ပ္ ခ်ဳပ္ကိုင္ဖို႔ႀကိဳးစားပါေတာ့တယ္။

ရထားထဲမွာဘာေတြပါလို႔လဲ။ ေ

ဒါက္တာဝုဒ္ရဲ႕ေရာဘယ္လိုဆက္စပ္ေနလဲ။

အစိုးရစစ္တပ္ကပါ ဖုံးဖုံးဖိဖိ ႀကိတ္ေျဖရွင္းဖို႔ႀကိဳးစားရေလာက္ေအာင္ ေနာက္ကြယ္ကဘယ္လိုကိစၥရပ္ေတြရွိေနလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။

Rating အေနနဲ႔လည္း 7အထိရရွိ ထားတဲ့အတြက္ လူငယ္ကားေလးေတြ၊ လ်ိဳ႕ဝွက္ဆန္းၾကယ္ဇာတ္ကားေတြကိုႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဇာတ္ကားေကာင္းေလးပါပဲ။

Credit Review

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Super 8 (2011)
Super 8 (2011)
Super 8 (2011)
Super 8 (2011)
Super 8 (2011)
Super 8 (2011)
Super 8 (2011)

No downloads available

Related movies