M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Unicode

England Brand အဝတ်အစားတွေရဲ့ လောကမှာဘုရင်တပါးလို့တင်စားရလောက်အောင် နာမည်ကြီးတဲ့သူတယောက်ဖြစ်တဲ့သူဌေး မက်ခရီဒီး တယောက် သူ့ရဲ့အသက် 60ပြည့် မွေးနေ့ကိုဂရိကျွန်းတခုပေါ်မှာ ကျင်းပဖို့ ကြိုးစားတဲ့အကြောင်းရိုက်ထားတာပါ။

သူ့ဘဝဇာတ်ကြောင်းကိုမူတည်ပြီး စီးပွားရေးလောကအကြောင်းကို ရိုက်ပြထားပါတယ်။သူကိုယ်တိုင်က အဝတ်အစားလောကမှာ ဘုရင်တဆူဖြစ်ပေမယ့်သူကိုယ်တိုင်ကတော့ အဝတ်အစားဆိုတာထက်အရောင်းအဝယ်ကိစ္စကိုသာ ဦးစားပေးတဲ့သူ။

အဓိကကတော့ သူက ဆွေးနွေးညှိနှိုင်းတာတွမှာ အလွန်တော်တဲ့သူ။ရောင်းမစွံတဲ့အဝတ်အထည်တွေကို အောက်ကြေးနဲ့ယူပြီးအမြတ်ရအောင် ဘယ်လိုပြန်ရောင်းတယ်ဆိုတာတွေ။

နောက်ပိုင်း သူကိုယ်တိုင် အဝတ်အထည်တွေ ထုတ်မယ်ဆိုတော့လုပ်အားခကို တွက်ပြီး သူတို့ထုံးစံအတိုင်း လုပ်အားခသက်သာတဲ့တတိယနိုင်ငံတွေမှာ အထည်တွေမှာယူတဲ့အကြောင်းတွေ။သူပိုင်တဲ့တံဆိပ်တွေကို ဘာလို့ ဒေဝါလီခံလိုက်တယ်ဆိုတာတွေ။

အခွန်တွေကို သူတို့လောကမှာ ဘယ်လိုရှောင်ကြတယ်ဆိုတာတွေကိုထည့်ရိုက်ပြသွားပါတယ်။အဓိကကတော့ လုပ်အားခေါင်းပုံဖြတ်မှုတွေဘယ်လောက်ဆိုးတယ်ဆိုတာကို ပိုပြီး ပြသွားတာပါ။ဇာတ်လမ်းကတော့ သူ့မွေးနေ့ကျင်းပမယ့်အချိန်ကစပြီးသူဒီနေရာကိုရောက်ဖို့ ဘယ်လိုလုပ်ခဲ့တယ်

ဘယ်လိုရောက်လာခဲ့တယ်ဆိုတာကိုသူ့အကြောင်းရေးမယ့် စာရေးဆရာကနေ သူ့အနီးဝန်းကျင်ကမိဘဆွေမျိုးတွေ သားသမီးတွေ သူ့ဆီမှာ အလုပ်လုပ်တဲ့သူတွေကိုလိုက်မေးတဲ့ပုံစံနဲ့ တင်ဆက်ထားတာဖြစ်ပြီး

ဇာတ်လမ်းကအနိမ့်အမြင့်အတက်အကျ မရှိတဲ့အတွက် အက်ရှင်ကားတွေ ကြိုက်တဲ့သူလျှို့ဝှက်သဲဖိုကားတွေလိုမျိုး မှုခင်းကားတွေပဲကြိုက်တဲ့သူတွေအတွက်တော့အဆင်ပြေမှာ မဟုတ်ပါဘူး။ဒါပေမယ့် စီးပွားရေးလောကအကြောင်းတွေ သူတို့ အရောင်းအဝယ်ကို ဘယ်လိုလုပ်တယ်။

သူတို့ကုန်ပစ္စည်းရဖို့ ဘယ်လိုလုပ်ကြတယ်ဆိုတာတွေကို ထည့်ပြသွားတဲ့ ဇာတ်ကားတကားပါ။အပြင်မှာရှိတဲ့ သူဌေးကြီးတယောက်အကြောင်းကို နည်းနည်းလေးကျောရိုးယူပြီးရိုက်ထားတယ်လို့ဆိုပါတယ်။ခံစားကြည့်ရှုလိုက်ကြပါအုံး။

Credit Review

Zawgyi

England Brand အဝတ္အစားေတြရဲ႕ ေလာကမွာဘုရင္တပါးလို႔တင္စားရေလာက္ေအာင္ နာမည္ႀကီးတဲ့သူတေယာက္ျဖစ္တဲ့သူေဌး မက္ခရီဒီး တေယာက္ သူ႔ရဲ႕အသက္ 60ျပည့္ ေမြးေန႔ကိုဂရိကြၽန္းတခုေပၚမွာ က်င္းပဖို႔ ႀကိဳးစားတဲ့အေၾကာင္း႐ိုက္ထားတာပါ။

သူ႔ဘဝဇာတ္ေၾကာင္းကိုမူတည္ၿပီး စီးပြားေရးေလာကအေၾကာင္းကို ႐ိုက္ျပထားပါတယ္။သူကိုယ္တိုင္က အဝတ္အစားေလာကမွာ ဘုရင္တဆူျဖစ္ေပမယ့္သူကိုယ္တိုင္ကေတာ့ အဝတ္အစားဆိုတာထက္အေရာင္းအဝယ္ကိစၥကိုသာ ဦးစားေပးတဲ့သူ။

အဓိကကေတာ့ သူက ေဆြးေႏြးညႇိႏႈိင္းတာတြမွာ အလြန္ေတာ္တဲ့သူ။ေရာင္းမစြံတဲ့အဝတ္အထည္ေတြကို ေအာက္ေၾကးနဲ႔ယူၿပီးအျမတ္ရေအာင္ ဘယ္လိုျပန္ေရာင္းတယ္ဆိုတာေတြ။

ေနာက္ပိုင္း သူကိုယ္တိုင္ အဝတ္အထည္ေတြ ထုတ္မယ္ဆိုေတာ့လုပ္အားခကို တြက္ၿပီး သူတို႔ထုံးစံအတိုင္း လုပ္အားခသက္သာတဲ့တတိယႏိုင္ငံေတြမွာ အထည္ေတြမွာယူတဲ့အေၾကာင္းေတြ။သူပိုင္တဲ့တံဆိပ္ေတြကို ဘာလို႔ ေဒဝါလီခံလိုက္တယ္ဆိုတာေတြ။

အခြန္ေတြကို သူတို႔ေလာကမွာ ဘယ္လိုေရွာင္ၾကတယ္ဆိုတာေတြကိုထည့္႐ိုက္ျပသြားပါတယ္။အဓိကကေတာ့ လုပ္အားေခါင္းပုံျဖတ္မႈေတြဘယ္ေလာက္ဆိုးတယ္ဆိုတာကို ပိုၿပီး ျပသြားတာပါ။ဇာတ္လမ္းကေတာ့ သူ႔ေမြးေန႔က်င္းပမယ့္အခ်ိန္ကစၿပီးသူဒီေနရာကိုေရာက္ဖို႔ ဘယ္လိုလုပ္ခဲ့တယ္

ဘယ္လိုေရာက္လာခဲ့တယ္ဆိုတာကိုသူ႔အေၾကာင္းေရးမယ့္ စာေရးဆရာကေန သူ႔အနီးဝန္းက်င္ကမိဘေဆြမ်ိဳးေတြ သားသမီးေတြ သူ႔ဆီမွာ အလုပ္လုပ္တဲ့သူေတြကိုလိုက္ေမးတဲ့ပုံစံနဲ႔ တင္ဆက္ထားတာျဖစ္ၿပီး

ဇာတ္လမ္းကအနိမ့္အျမင့္အတက္အက် မရွိတဲ့အတြက္ အက္ရွင္ကားေတြ ႀကိဳက္တဲ့သူလွ်ိဳ႕ဝွက္သဲဖိုကားေတြလိုမ်ိဳး မႈခင္းကားေတြပဲႀကိဳက္တဲ့သူေတြအတြက္ေတာ့အဆင္ေျပမွာ မဟုတ္ပါဘူး။ဒါေပမယ့္ စီးပြားေရးေလာကအေၾကာင္းေတြ သူတို႔ အေရာင္းအဝယ္ကို ဘယ္လိုလုပ္တယ္။

သူတို႔ကုန္ပစၥည္းရဖို႔ ဘယ္လိုလုပ္ၾကတယ္ဆိုတာေတြကို ထည့္ျပသြားတဲ့ ဇာတ္ကားတကားပါ။အျပင္မွာရွိတဲ့ သူေဌးႀကီးတေယာက္အေၾကာင္းကို နည္းနည္းေလးေက်ာ႐ိုးယူၿပီး႐ိုက္ထားတယ္လို႔ဆိုပါတယ္။ခံစားၾကည့္ရႈလိုက္ၾကပါအုံး။

Credit Review

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Greed (2019)
Greed (2019)
Greed (2019)
Greed (2019)
Greed (2019)

No downloads available

Related movies