M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p What Happened to Monday (2017)
Report error

Report error



Unicode

ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်။ တစ်ခါတုန်းက အနာဂတ်ကမ္ဘာကြီးမှာ လူဦးရေတွေ ထူထပ်များပြားလို့ စားနပ်ရိက္ခာအခက်အခဲတွေ့နေရသတဲ့။ ဒီတော့ ဗြူရိုကရက်တစ်အစိုးရဟာ တစ်အိမ်တစ်ယောက်ပဲ ကလေးမွေးရမယ်လို့ ဥပဒေထုတ်လိုက်တာပေါ့။ ဒီတော့ အမွှာမွေးမိတဲ့ မိဘတွေဟာ ကိုယ့်ကလေးကို ဝှက်ထားရတော့တယ်။ တကယ်လို့ သိသွားရင် လက်နက်ကိုင်တပ်သားတွေက ပိုတဲ့ ကလေးကို ဖမ်းခေါ်သွားကြတယ်။ သူတို့ကို စားနပ်ရိက္ခာလောက်ငှတဲ့ တစ်နေ့ကျ ပြန်တွေ့ရမယ်လို့ ပြောထားပေမယ့် ဘယ်ကို ခေါ်သွားမှန်းတော့ ဘယ်သူမှ မသိကြပါဘူး။

ဒီလိုကာလမှာပဲ ထူးထူးခြားခြား အမွှာညီအစ်မ ခုနှစ်ယောက်ကို မွေးသတဲ့။ သူတို့ကို မှတ်ရလွယ်အောင် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနဲ့ စနေလို့ ခေါ်ကြရအောင်။ မိဘတွေ မရှိကြတော့တဲ့ သူတို့ကို သိပ္ပံပညာရှင် အဘိုးက လိမ္မာပါးနပ်တဲ့ အစီအစဉ်နဲ့စောင့်ရှောက်ပါတယ်။ အဲဒီအစီအစဉ်ကြောင့် ဘယ်ညီမမှ ဖမ်းခေါ်မသွားခံခဲ့ရဘူး။ အဘိုးရဲ့ အကြံက ဒီလိုပါ။ ညီအစ်မခုနှစ်ဖော်စလုံးဟာ ကယ်ရင်လို့ ခေါ်တဲ့ နာမည်တစ်မျိုးတည်းနဲ့ နေထိုင်ရပါမယ်။ နာမည်အလိုက် တစ်နေ့ တစ်ယောက် အပြင်ထွက်ခွင့်ရမယ်။ သူတို့ကို တစ်လောကလုံးက တစ်ယောက်တည်းလို့ မြင်အောင် သူတို့ကြုံရသမျှ ကိစ္စတွေကို recoreded camera နဲ့ ပြန်ကြည့်ပါမယ်။ ဒီတော့ ညီအစ်မတစ်ယောက်စီဟာ တစ်ပတ်ကို ခြောက်ရက် အိမ်မှာပဲ ပုန်းနေမှာ ဖြစ်ပြီး ကိုယ့်နာမည်နဲ့ဆိုင်တဲ့ နေ့ကျမှသာ အပြင်ထွက်ရမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ခုနှစ်ယောက်စလုံးဟာ တစ်ပုံစံတည်း တူနေရမှာ ဖြစ်တဲ့အတွက် မှဲ့တစ်ပေါက်တောင် လွဲလို့ မရတာပါပဲ။

တစ်နေ့တော့ ဗုဒ္ဓဟူးဟာ အိမ်က ခိုးထွက်ပြီး စကိတ်သွားစီးသတဲ့။ အဲဒီနေ့ဟာ တနင်္လာနေ့ဖြစ်ပြီး တနင်္လာနဲ့ အတူတူ အပြင်က ပြန်လာတဲ့ အဘိုးဟာ ဗုဒ္ဓဟူးကြောင့် ခေါင်းမီးတောက်ရပါတော့တယ်။ ဗုဒ္ဓဟူး ပြန်လာတဲ့အခါမှာတော့ စကိတ်စီးရာက ခိုက်မိပြီး လက်ညှိုးတစ်ဆစ် ပြတ်သွားတဲ့ အကြောင်း ပြောသတဲ့။ အန္တရာယ်ကို ရိပ်မိတဲ့ အဘိုးဟာ ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် တစ်ယောက်ရဲ့ အပြုအမူဟာ ကျန်ညီအစ်မခုနှစ်ယောက်ကိုပါ လာထိတဲ့ အကြောင်း ရင်နဲ့ ရင်းပြီး သက်သေပြခဲ့တယ်။ အမွှာဆိုပေမယ့် ရုပ်ချင်းသာ ခွဲမရတာ စိတ်ကတော့ အလှကြိုက်တဲ့သူ၊ အပျင်းကြီးတဲ့သူ၊ ဉာဏ်ကောင်းတဲ့သူ၊ ယောကျင်္ားလျာဆန်တဲ့သူ၊ ကြင်နာတတ်တဲ့သူ အစရှိသဖြင့် တစ်ယောက်တစ်မျိုးနဲ့ ခုနှစ်မျိုးပါ။ သူတို့ တစ်သက်လုံး ဒီလို နေလို့ ဖြစ်သွားပါ့မလား။ အဘိုးမရှိတော့တဲ့ တစ်ချိန်ချိန်မှာ သူတို့လျှို့ဝှက်ချက်ကို ဘယ်သူမှ မရိပ်မိအောင်ရော ဘယ်လောက်ထိ ဖုံးကွယ်ထားနိုင်မှာလဲ။

ဒီလိုနဲ့ အသက်တွေ ကြီးလာကြတာ တစ်နေ့တော့ တနင်္လာဟာ အလုပ်သွားရာက အိမ်ပြန်ရောက်မလာတော့ဘူး။ ဒီတော့ ကျန်တဲ့ ညီအစ်မခုနှစ်ယောက်ဟာ သူတို့ကြုံရမယ့် တစ်နေ့ ရောက်လာတာလားလို့ သံသယ ဝင်လာကြတယ်။ အင်္ဂါနေ့ကျတော့ အင်္ဂါလေးက ဟန်မပျက် အလုပ်ကို သွားတက်ရင်း တနင်္လာ ပျောက်ဆုံးမှု ရှာပုံတော် ဖွင့်ရတော့တယ်။ ဒါပေမယ့် အင်္ဂါသိလိုက်ရတာ နောက်ကျသွားပါပြီ။ သူတို့ညီအစ်မတွေရဲ့ လျှို့ဝျက်ချက်ကို သိသွားကြသူတွေဟာ အိမ်မှာ ပုန်းနေတဲ့ ညီအစ်မငါးယောက်ဆီ လာနေကြပြီတဲ့။ တနင်္လာကရော ဘာဖြစ်သွားတာလဲ။

ဟုတ်ပါတယ်။ ဇာတ်ကားအမည်က “တနင်္လာ ဘာဖြစ်သွားသလဲ” တဲ့။ ပိုစတာကို Seven Sisters ဆိုပြီးတော့လည်း ကြေညာထားပါသေးတယ်။ ဒီကားမှာ မင်းသမီးကြီး နာအိုမီ ရက်ပေ့စ်က တစ်ယောက်တည်းကနေ လူခုနှစ်ကိုယ်ခွဲ သရုပ်ဆောင်သွားတာ ပီပြင်လှပါတယ်။ ဇာတ်ကြောင်းကလည်း ထူးဆန်းပြီး လှည့်ကွက်အပြည့်နဲ့ ဇာတ်လမ်းစကတည်းက ဆုံးတဲ့ထိ မပျင်းရအောင် အက်ရှင်ခန်းတွေ၊ သိပ္ပံလက်နက်ဆန်းတွေနဲ့ သည်းထိတ်ရင်ဖိုစရာ ကောင်းလှပါတယ်။ 18+ တစ်ခန်းက ပါလိုက်သေး။ တစ်ခန်းဆို ဆိုသလောက် မင်းသမီးရဲ့ မိမွေးတိုင်း အလှကို ဖော်ပြသွားသေးရဲ့။ အထူးဆန်းဆုံးကတော့ ယူကေနဲ့ ယူအက်မှာပဲ ပြသေးတဲ့အတွက် ကမ္ဘာအနှံ့ရုံမတင်ခင် ပရိသတ်များကို ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ကဲ ဘာစောင့်နေသေးလဲ ဒေါင်းတော့လေ

Review Credit

Zawgyi

ပုံျပင္ေလး တစ္ပုဒ္ ေျပာျပမယ္။ တစ္ခါတုန္းက အနာဂတ္ကမာၻႀကီးမွာ လူဦးေရေတြ ထူထပ္မ်ားျပားလို႔ စားနပ္ရိကၡာအခက္အခဲေတြ႕ေနရသတဲ့။ ဒီေတာ့ ျဗဴ႐ိုကရက္တစ္အစိုးရဟာ တစ္အိမ္တစ္ေယာက္ပဲ ကေလးေမြးရမယ္လို႔ ဥပေဒထုတ္လိုက္တာေပါ့။ ဒီေတာ့ အမႊာေမြးမိတဲ့ မိဘေတြဟာ ကိုယ့္ကေလးကို ဝွက္ထားရေတာ့တယ္။ တကယ္လို႔ သိသြားရင္ လက္နက္ကိုင္တပ္သားေတြက ပိုတဲ့ ကေလးကို ဖမ္းေခၚသြားၾကတယ္။ သူတို႔ကို စားနပ္ရိကၡာေလာက္ငွတဲ့ တစ္ေန႔က် ျပန္ေတြ႕ရမယ္လို႔ ေျပာထားေပမယ့္ ဘယ္ကို ေခၚသြားမွန္းေတာ့ ဘယ္သူမွ မသိၾကပါဘူး။

ဒီလိုကာလမွာပဲ ထူးထူးျခားျခား အမႊာညီအစ္မ ခုႏွစ္ေယာက္ကို ေမြးသတဲ့။ သူတို႔ကို မွတ္ရလြယ္ေအာင္ တနဂၤေႏြ၊ တနလၤာ၊ အဂၤါ၊ ဗုဒၶဟူး၊ ၾကာသပေတး၊ ေသာၾကာနဲ႔ စေနလို႔ ေခၚၾကရေအာင္။ မိဘေတြ မရွိၾကေတာ့တဲ့ သူတို႔ကို သိပၸံပညာရွင္ အဘိုးက လိမၼာပါးနပ္တဲ့ အစီအစဥ္နဲ႔ေစာင့္ေရွာက္ပါတယ္။ အဲဒီအစီအစဥ္ေၾကာင့္ ဘယ္ညီမမွ ဖမ္းေခၚမသြားခံခဲ့ရဘူး။ အဘိုးရဲ႕ အႀကံက ဒီလိုပါ။ ညီအစ္မခုႏွစ္ေဖာ္စလုံးဟာ ကယ္ရင္လို႔ ေခၚတဲ့ နာမည္တစ္မ်ိဳးတည္းနဲ႔ ေနထိုင္ရပါမယ္။ နာမည္အလိုက္ တစ္ေန႔ တစ္ေယာက္ အျပင္ထြက္ခြင့္ရမယ္။ သူတို႔ကို တစ္ေလာကလုံးက တစ္ေယာက္တည္းလို႔ ျမင္ေအာင္ သူတို႔ႀကဳံရသမွ် ကိစၥေတြကို recoreded camera နဲ႔ ျပန္ၾကည့္ပါမယ္။ ဒီေတာ့ ညီအစ္မတစ္ေယာက္စီဟာ တစ္ပတ္ကို ေျခာက္ရက္ အိမ္မွာပဲ ပုန္းေနမွာ ျဖစ္ၿပီး ကိုယ့္နာမည္နဲ႔ဆိုင္တဲ့ ေန႔က်မွသာ အျပင္ထြက္ရမွာ ျဖစ္ပါတယ္။ တစ္ခုရွိတာက ခုႏွစ္ေယာက္စလုံးဟာ တစ္ပုံစံတည္း တူေနရမွာ ျဖစ္တဲ့အတြက္ မွဲ႔တစ္ေပါက္ေတာင္ လြဲလို႔ မရတာပါပဲ။

တစ္ေန႔ေတာ့ ဗုဒၶဟူးဟာ အိမ္က ခိုးထြက္ၿပီး စကိတ္သြားစီးသတဲ့။ အဲဒီေန႔ဟာ တနလၤာေန႔ျဖစ္ၿပီး တနလၤာနဲ႔ အတူတူ အျပင္က ျပန္လာတဲ့ အဘိုးဟာ ဗုဒၶဟူးေၾကာင့္ ေခါင္းမီးေတာက္ရပါေတာ့တယ္။ ဗုဒၶဟူး ျပန္လာတဲ့အခါမွာေတာ့ စကိတ္စီးရာက ခိုက္မိၿပီး လက္ညႇိဳးတစ္ဆစ္ ျပတ္သြားတဲ့ အေၾကာင္း ေျပာသတဲ့။ အႏၲရာယ္ကို ရိပ္မိတဲ့ အဘိုးဟာ ေကာင္းတာပဲ ျဖစ္ျဖစ္ ဆိုးတာပဲ ျဖစ္ျဖစ္ တစ္ေယာက္ရဲ႕ အျပဳအမူဟာ က်န္ညီအစ္မခုႏွစ္ေယာက္ကိုပါ လာထိတဲ့ အေၾကာင္း ရင္နဲ႔ ရင္းၿပီး သက္ေသျပခဲ့တယ္။ အမႊာဆိုေပမယ့္ ႐ုပ္ခ်င္းသာ ခြဲမရတာ စိတ္ကေတာ့ အလွႀကိဳက္တဲ့သူ၊ အပ်င္းႀကီးတဲ့သူ၊ ဉာဏ္ေကာင္းတဲ့သူ၊ ေယာက်ၤားလ်ာဆန္တဲ့သူ၊ ၾကင္နာတတ္တဲ့သူ အစရွိသျဖင့္ တစ္ေယာက္တစ္မ်ိဳးနဲ႔ ခုႏွစ္မ်ိဳးပါ။ သူတို႔ တစ္သက္လုံး ဒီလို ေနလို႔ ျဖစ္သြားပါ့မလား။ အဘိုးမရွိေတာ့တဲ့ တစ္ခ်ိန္ခ်ိန္မွာ သူတို႔လွ်ိဳ႕ဝွက္ခ်က္ကို ဘယ္သူမွ မရိပ္မိေအာင္ေရာ ဘယ္ေလာက္ထိ ဖုံးကြယ္ထားႏိုင္မွာလဲ။

ဒီလိုနဲ႔ အသက္ေတြ ႀကီးလာၾကတာ တစ္ေန႔ေတာ့ တနလၤာဟာ အလုပ္သြားရာက အိမ္ျပန္ေရာက္မလာေတာ့ဘူး။ ဒီေတာ့ က်န္တဲ့ ညီအစ္မခုႏွစ္ေယာက္ဟာ သူတို႔ႀကဳံရမယ့္ တစ္ေန႔ ေရာက္လာတာလားလို႔ သံသယ ဝင္လာၾကတယ္။ အဂၤါေန႔က်ေတာ့ အဂၤါေလးက ဟန္မပ်က္ အလုပ္ကို သြားတက္ရင္း တနလၤာ ေပ်ာက္ဆုံးမႈ ရွာပုံေတာ္ ဖြင့္ရေတာ့တယ္။ ဒါေပမယ့္ အဂၤါသိလိုက္ရတာ ေနာက္က်သြားပါၿပီ။ သူတို႔ညီအစ္မေတြရဲ႕ လွ်ိဳ႕ဝ်က္ခ်က္ကို သိသြားၾကသူေတြဟာ အိမ္မွာ ပုန္းေနတဲ့ ညီအစ္မငါးေယာက္ဆီ လာေနၾကၿပီတဲ့။ တနလၤာကေရာ ဘာျဖစ္သြားတာလဲ။

ဟုတ္ပါတယ္။ ဇာတ္ကားအမည္က “တနလၤာ ဘာျဖစ္သြားသလဲ” တဲ့။ ပိုစတာကို Seven Sisters ဆိုၿပီးေတာ့လည္း ေၾကညာထားပါေသးတယ္။ ဒီကားမွာ မင္းသမီးႀကီး နာအိုမီ ရက္ေပ့စ္က တစ္ေယာက္တည္းကေန လူခုႏွစ္ကိုယ္ခြဲ သ႐ုပ္ေဆာင္သြားတာ ပီျပင္လွပါတယ္။ ဇာတ္ေၾကာင္းကလည္း ထူးဆန္းၿပီး လွည့္ကြက္အျပည့္နဲ႔ ဇာတ္လမ္းစကတည္းက ဆုံးတဲ့ထိ မပ်င္းရေအာင္ အက္ရွင္ခန္းေတြ၊ သိပၸံလက္နက္ဆန္းေတြနဲ႔ သည္းထိတ္ရင္ဖိုစရာ ေကာင္းလွပါတယ္။ 18+ တစ္ခန္းက ပါလိုက္ေသး။ တစ္ခန္းဆို ဆိုသေလာက္ မင္းသမီးရဲ႕ မိေမြးတိုင္း အလွကို ေဖာ္ျပသြားေသးရဲ႕။ အထူးဆန္းဆုံးကေတာ့ ယူေကနဲ႔ ယူအက္မွာပဲ ျပေသးတဲ့အတြက္ ကမာၻအႏွံ႔႐ုံမတင္ခင္ ပရိသတ္မ်ားကို ဦးဦးဖ်ားဖ်ား တင္ဆက္ေပးလိုက္တာ ျဖစ္ပါတယ္။ ကဲ ဘာေစာင့္ေနေသးလဲ ေဒါင္းေတာ့ေလ

Review Credit

What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
What Happened to Monday (2017)
No downloads available

Related movies