Unicode
Christopher Gardner ဆိုတဲ့လူဟာ ၁၉၈၀ ပြည့်နှစ်ဝန်းကျင် အမေရိကန် နိုင်ငံမှာ နေထိုင်ခဲ့တဲ့ လူတစ်ယောက်ပေါ့။ သူ့ရဲ့ မိန်းမ Linda နဲ့ရထားတဲ့ Christopher လို့ပဲနာမည်ပေးထားတဲ့ ငါးနှစ်အရွယ်သားလေး တစ်ယောက်ရှိတယ်။ Chris တို့မိသားစုဟာ အမှန်တော့ တော်တော်လေး ရုန်းကန်နေရတဲ့ မိသားစုလေးပါ။ ၁၉၈၀ ခုနှစ်များက အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပျက်ကပ်ကို ခါးဆီးခံခဲ့ရတဲ့ အောက်ခြေလူတန်းစားတွေထဲမှာ Chris တို့မိသားစုအပါအဝင်ပေါ့။
အိမ်လခလည်း မှီအောင်မပေးနိုင်၊ အခွန်လည်း မဆောင်နိုင်၊ ကားတစ်စီးရှိတာတောင်မှ Parking ကြေးတွေ မပေးနိုင်တော့လို့ အသိမ်းခံရ၊ ဒီလို ဒုက္ခတွေကြားထဲမှာ Chris ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကတော့ သူ့ရဲ့အဖေသူ့ကိုပြစ်သွားခဲ့သလိုမျိုး သူရဲ့သားငယ်လေး Christopher ကို ဘယ်တော့မှ မစွန့်ပစ်ခဲ့ဖို့ပါ။ တစ်စ တစ်စ ပိုမိုခက်ခဲလာပြီး လုံးဝနောက်ဆုံးအခြေအနေထိရောက်နေတဲ့ Chris တစ်ယောက်ဟာ ဘယ်လို စိတ်ဓာတ်၊ ဘယ်လို အားမန်တွေနဲ့ ဘဝကိုပြောင်းလဲပစ်မလဲ။ တစ်ကယ်ရှိခဲ့တဲ့ Christopher Gardner ရဲ့ ဘဝမှာ အဆိုးရွားဆုံးအခြေအနေတွေကို ရုပ်ရှင်အဖြစ် the Pursuit of Happyness ဆိုတဲ့ကားလေးမှာတွေ့ရမှာပါ။
Credit Review
Zawgyi
Christopher Gardner ဆိုတဲ့လူဟာ ၁၉၈၀ ျပည့္ႏွစ္ဝန္းက်င္ အေမရိကန္ ႏိုင္ငံမွာ ေနထိုင္ခဲ့တဲ့ လူတစ္ေယာက္ေပါ့။ သူ႔ရဲ႕ မိန္းမ Linda နဲ႔ရထားတဲ့ Christopher လို႔ပဲနာမည္ေပးထားတဲ့ ငါးႏွစ္အ႐ြယ္သားေလး တစ္ေယာက္ရွိတယ္။ Chris တို႔မိသားစုဟာ အမွန္ေတာ့ ေတာ္ေတာ္ေလး ႐ုန္းကန္ေနရတဲ့ မိသားစုေလးပါ။ ၁၉၈၀ ခုႏွစ္မ်ားက အေမရိကန္ႏိုင္ငံရဲ႕ စီးပြားေရးပ်က္ကပ္ကို ခါးဆီးခံခဲ့ရတဲ့ ေအာက္ေျခလူတန္းစားေတြထဲမွာ Chris တို႔မိသားစုအပါအဝင္ေပါ့။
အိမ္လခလည္း မွီေအာင္မေပးႏိုင္၊ အခြန္လည္း မေဆာင္ႏိုင္၊ ကားတစ္စီးရွိတာေတာင္မွ Parking ေၾကးေတြ မေပးႏိုင္ေတာ့လို႔ အသိမ္းခံရ၊ ဒီလို ဒုကၡေတြၾကားထဲမွာ Chris ရဲ႕ ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္ကေတာ့ သူ႔ရဲ႕အေဖသူ႔ကိုျပစ္သြားခဲ့သလိုမ်ိဳး သူရဲ႕သားငယ္ေလး Christopher ကို ဘယ္ေတာ့မွ မစြန႔္ပစ္ခဲ့ဖို႔ပါ။ တစ္စ တစ္စ ပိုမိုခက္ခဲလာၿပီး လုံးဝေနာက္ဆုံးအေျခအေနထိေရာက္ေနတဲ့ Chris တစ္ေယာက္ဟာ ဘယ္လို စိတ္ဓာတ္၊ ဘယ္လို အားမန္ေတြနဲ႔ ဘဝကိုေျပာင္းလဲပစ္မလဲ။ တစ္ကယ္ရွိခဲ့တဲ့ Christopher Gardner ရဲ႕ ဘဝမွာ အဆိုး႐ြားဆုံးအေျခအေနေတြကို ႐ုပ္ရွင္အျဖစ္ the Pursuit of Happyness ဆိုတဲ့ကားေလးမွာေတြ႕ရမွာပါ။
Credit Review