Unicode
အနာဂတ်ကာလတစ်ခုမှာ Sixty-Minute War လို့ခေါ်တဲ့ ကမ္ဘာဖျက်စစ်ပွဲကြီးက လူသားတို့နေထိုင်ရာ လောကကြီးကို အပြောင်းလဲကြီးပြောင်းလဲစေခဲ့ပါတယ်။စစ်ပွဲအတွင်းမှာ အသက်ရှင်ကျန်ရစ်တဲ့ လူမျိုးစုတွေဟာ စက်အင်ဂျင်တွေ၊ ဧရာမဘီးတွေ တပ်ဆင်ထားပြီး ကမ္ဘာအနှံ့ လှည့်လည်ရွေ့လျားသွားလာနိုင်တဲ့ မြို့ကြီးပြကြီးတွေပေါ်မှာ နေထိုင်ခဲ့ကြပါတယ်။လန်ဒန်အပါအဝင် အင်အားကြီးမြို့တွေက မြို့ငယ်လေးတွေကို ဝါးမျိုသိမ်းပိုက်နေကြသလို အဲဒီ့စနစ်ကိုဆန့်ကျင်တဲ့ anti-traction အင်အားစုကလည်း အာရှတိုက်မှာ ခြေကုပ်ယူနေကြပါတယ်။ ကျွန်တော်တို့ လက်ရှိအသုံးပြုနေကြတဲ့ ကွန်ပျူတာတွေ၊ စမတ်ဖုန်းတွေက အဲဒီ့ခေတ်မှာ “Old-Tech” အမွေအနှစ်စာရင်းဝင် ဖြစ်သွားခဲ့ပါပြီ။ “iPhone ဆိုတာ ပြတိုက်မှာသွားကြည့်ရမယ်” ဆိုတဲ့ ခေတ်မျိုးပေါ့ဗျာ။
Alternate reality ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း စနစ်တစ်ခုအနည်ထိုင်လာရင် တော်လှန်ပုန်ကန်သူတွေ ရှိလာတာပါပဲ။ Mortal engines ရဲ့ တော်လှန်ရေးသမားကတော့ Salzhaken ဆိုတဲ့ လန်ဒန်လက်အောက်ခံ မြို့ငယ်လေးက မိန်းကလေး Hester Shaw ပါ။သူမဟာ သမိုင်းပညာရှင်အဖွဲ့ခေါင်းဆောင် Thaddeus Valentine ကို ရန်ငြိုးတစ်ခုကြောင့် လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေသူဖြစ်ပြီး Valentine ရဲ့လက်ထောက် ဘုမသိဘမသိ ဆယ်ကျော်သက်လေး Tom ကြောင့် လုပ်ကြံမှု မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် Hester အမေ သေဆုံးရတာဟာ Valentine လက်ချက်ဖြစ်ကြောင်း Tom သိသွားတဲ့အခါValentine ရဲ့ နောက်လိုက်ဘဝကနေ ကန်ထုတ်ခံရတော့တာပါပဲ။ Tom နဲ့ Hester နှစ်ယောက်သား ရွေ့လျားမြို့တော်ကြီးတွေ အမဲလိုက်ကျက်စားနေတဲ့ The Great Hunting Ground ကိုဖြတ်ပြီး Scuttlebug လို့ခေါ်တဲ့ ဒုက္ခသည်စခန်းမြို့လေးဆီ အရောက်သွားနိုင်ခဲ့ပေမယ့် ကျွန်အဖြစ် ရောင်းစားခံခဲ့ရပြန်ပါတယ်။အဲဒီ့အချိန်မှာပဲ Thaddeus Valentine က သူတို့နှစ်ယောက်ကို လိုက်ရှာဖို့ Stalker ဆိုတဲ့ စက်ရုပ်ကြီးတစ်ရုပ် စေလွှတ်လိုက်တဲ့အခါ…
အန္တရာယ်တွေ ပတ်လည်ဝိုင်းနေတဲ့ကြားကနေ Hester နဲ့ Tom တို့ ဘယ်လိုရုန်းထွက်မလဲ ဆိုတာကတော့ ပရိသတ်ကိုယ်တိုင် ဆက်လက်ကြည့်ရှုခံစားရမယ့်အပိုင်း ဖြစ်သွားပါပြီ။ဒီ Mortal Engines ဇာတ်ကားဟာ စာရေးဆရာ Phillip Reeve ကို မှီငြမ်းဆင့်ပွား အသက်သွင်းထားတာ ဖြစ်ပါတယ်။ Plot နဲ့ပတ်သက်လို့ ဝေဖန်မှုတွေ အများအပြားရှိခဲ့ပေမယ့် graphic ပိုင်းကို တော်တော်အားထည့်ထားတာမို့ ပရိသတ်ကို စွဲဆောင်ဖမ်းစားနိုင်မှာပါ။
Review Credit
Zawgyi
အနာဂတ္ကာလတစ္ခုမွာ Sixty-Minute War လို႔ေခၚတဲ့ ကမာၻဖ်က္စစ္ပြဲႀကီးက လူသားတို႔ေနထိုင္ရာ ေလာကႀကီးကို အေျပာင္းလဲႀကီးေျပာင္းလဲေစခဲ့ပါတယ္။စစ္ပြဲအတြင္းမွာ အသက္ရွင္က်န္ရစ္တဲ့ လူမ်ိဳးစုေတြဟာ စက္အင္ဂ်င္ေတြ၊ ဧရာမဘီးေတြ တပ္ဆင္ထားၿပီး ကမာၻအႏွံ႔ လွည့္လည္ေ႐ြ႕လ်ားသြားလာႏိုင္တဲ့ ၿမိဳ႕ႀကီးျပႀကီးေတြေပၚမွာ ေနထိုင္ခဲ့ၾကပါတယ္။လန္ဒန္အပါအဝင္ အင္အားႀကီးၿမိဳ႕ေတြက ၿမိဳ႕ငယ္ေလးေတြကို ဝါးမ်ိဳသိမ္းပိုက္ေနၾကသလို အဲဒီ့စနစ္ကိုဆန႔္က်င္တဲ့ anti-traction အင္အားစုကလည္း အာရွတိုက္မွာ ေျခကုပ္ယူေနၾကပါတယ္။ ကြၽန္ေတာ္တို႔ လက္ရွိအသုံးျပဳေနၾကတဲ့ ကြန္ပ်ဴတာေတြ၊ စမတ္ဖုန္းေတြက အဲဒီ့ေခတ္မွာ “Old-Tech” အေမြအႏွစ္စာရင္းဝင္ ျဖစ္သြားခဲ့ပါၿပီ။ “iPhone ဆိုတာ ျပတိုက္မွာသြားၾကည့္ရမယ္” ဆိုတဲ့ ေခတ္မ်ိဳးေပါ့ဗ်ာ။
Alternate reality ႐ုပ္ရွင္ေတြရဲ႕ ထုံးစံအတိုင္း စနစ္တစ္ခုအနည္ထိုင္လာရင္ ေတာ္လွန္ပုန္ကန္သူေတြ ရွိလာတာပါပဲ။ Mortal engines ရဲ႕ ေတာ္လွန္ေရးသမားကေတာ့ Salzhaken ဆိုတဲ့ လန္ဒန္လက္ေအာက္ခံ ၿမိဳ႕ငယ္ေလးက မိန္းကေလး Hester Shaw ပါ။သူမဟာ သမိုင္းပညာရွင္အဖြဲ႕ေခါင္းေဆာင္ Thaddeus Valentine ကို ရန္ၿငိဳးတစ္ခုေၾကာင့္ လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကံစည္ေနသူျဖစ္ၿပီး Valentine ရဲ႕လက္ေထာက္ ဘုမသိဘမသိ ဆယ္ေက်ာ္သက္ေလး Tom ေၾကာင့္ လုပ္ႀကံမႈ မေအာင္မျမင္ျဖစ္ခဲ့ရပါတယ္။
ဒါေပမယ့္ Hester အေမ ေသဆုံးရတာဟာ Valentine လက္ခ်က္ျဖစ္ေၾကာင္း Tom သိသြားတဲ့အခါValentine ရဲ႕ ေနာက္လိုက္ဘဝကေန ကန္ထုတ္ခံရေတာ့တာပါပဲ။ Tom နဲ႔ Hester ႏွစ္ေယာက္သား ေ႐ြ႕လ်ားၿမိဳ႕ေတာ္ႀကီးေတြ အမဲလိုက္က်က္စားေနတဲ့ The Great Hunting Ground ကိုျဖတ္ၿပီး Scuttlebug လို႔ေခၚတဲ့ ဒုကၡသည္စခန္းၿမိဳ႕ေလးဆီ အေရာက္သြားႏိုင္ခဲ့ေပမယ့္ ကြၽန္အျဖစ္ ေရာင္းစားခံခဲ့ရျပန္ပါတယ္။အဲဒီ့အခ်ိန္မွာပဲ Thaddeus Valentine က သူတို႔ႏွစ္ေယာက္ကို လိုက္ရွာဖို႔ Stalker ဆိုတဲ့ စက္႐ုပ္ႀကီးတစ္႐ုပ္ ေစလႊတ္လိုက္တဲ့အခါ…
အႏၲရာယ္ေတြ ပတ္လည္ဝိုင္းေနတဲ့ၾကားကေန Hester နဲ႔ Tom တို႔ ဘယ္လို႐ုန္းထြက္မလဲ ဆိုတာကေတာ့ ပရိသတ္ကိုယ္တိုင္ ဆက္လက္ၾကည့္ရႈခံစားရမယ့္အပိုင္း ျဖစ္သြားပါၿပီ။ဒီ Mortal Engines ဇာတ္ကားဟာ စာေရးဆရာ Phillip Reeve ကို မွီျငမ္းဆင့္ပြား အသက္သြင္းထားတာ ျဖစ္ပါတယ္။ Plot နဲ႔ပတ္သက္လို႔ ေဝဖန္မႈေတြ အမ်ားအျပားရွိခဲ့ေပမယ့္ graphic ပိုင္းကို ေတာ္ေတာ္အားထည့္ထားတာမို႔ ပရိသတ္ကို စြဲေဆာင္ဖမ္းစားႏိုင္မွာပါ။
Review Credit