M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Blu-ray 1080p Changeling (2008)
Report error

Report error



Unicode

ဒီတခါမှာတော့ IMDB rating (7.8) ရရှိထားပြီး မင်းသမီး Angelina Jolie ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Changeling ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တာကြောင့် ၁၀ နှစ်ခန့်ကြာနေပြီဆို ပေမယ့် ဇာတ်ကားဟောင်း ဇာတ်ကားကောင်းတကား ဖြစ်တယ်ဆိုတာကိုတော့ သေချာပေါက်ပြောနိုင်ပါတယ်။

ဒါရိုက်တာ Clint Eastwood ရိုက်ကူးခဲ့တဲ့ Biography Crime Drama ရုပ်ရှင်အမျိုးအစားဖြစ်ပြီး မင်းသမီး Angelina Jolie အပါအဝင် Colm Feore , Amy Ryan စတဲ့အခြားသောသရုပ်ဆောင်တွေကလည်း ပါဝင်အားဖြည့်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ၁၉၂၈ ခုနှစ်ကာလ လော့စ်အိန်ဂျယ်လိစ်မှာ Single Mother တယောက်ဖြစ်တဲ့ Jolie ဟာ ဖုန်းအော်ပရေတာအချိန်ပိုင်းအလုပ်ကနေ သူမရဲ့ ၉ နှစ်သားအရွယ်သားလေး ပျောက်ဆုံးသွားတဲ့သတင်းကြောင့် အလော တကြီးပြန်လာခဲ့ရတဲ့ အခြေအနေနဲ့ ဇာတ်လမ်းကို စတင်ထားပါတယ်။ လော့စ်အိန်ဂျလိစ်ရဲဌာန ကိုလည်း လူပျောက်တိုင်ဖို့ အတွက် သူမဟာ တချိန်လုံးဖုန်းတွေဆက်နေခဲ့ပါတယ်။ အချိန် ငါးလ ကြာပြီးနောက်မှာမှ အီလီနွိုက်ပြည်နယ်မှာ သူမရဲ့ သားလေး ကို ပြန်တွေ့ခဲ့ပါတယ်။

ဒါပေမယ့် မိခင်တယောက်အနေနဲ့တော့ ဒီကလေးဟာ သူ့သားဟုတ်မဟုတ်ကို ကြည့်ရုံနဲ့ သိနိုင်တယ်မဟုတ်ပါလား။ တခြားအမူအကျင့်တွေ ပြောပုံဆိုပုံတွေနဲ့ပါ နှိုင်းယှဉ်ပြီးကြည့်မြင်မယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာဟာ အသေအချာပဲဖြစ်ပါတယ်။ ဒီကလေးကို Jolie ဟာ သူ့သွေးသားအရင်းအချာလိုပဲ ဆက်မွေးမလား၊ ဒါမှမဟုတ် လော့စ်အိန် ဂျလိစ်ရဲဌာနကိုပဲ ပြန်အပ်လိုက်မလား၊ ပျောက်ဆုံးနေတဲ့ သူ့သားငယ်လေးကိုရော ပြန်တွေ့နိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းကို ဆက်လက်ကြည့်ရှုမှပဲ သိနိုင်မှာဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာ ၁၉၂၈ ခုနှစ်ကာလအပိုင်းအခြားကို နောက်ခံရိုက်ကူးထားတာဖြစ်တာကြောင့် ခေတ်မီ ဆန်းသစ်မှုတွေကို တော့ တွေ့မြင်ရမှာ မဟုတ်ပါဘူး။ ခိုင်မာလွန်းလှတဲ့ ဇာတ်လမ်းနဲ့ တောင့်တင်းလွန်းလှတဲ့ ဇာတ်အိမ်၊ ဦးထုပ်ခပ်ဝိုင်းဝိုင်း ဆောင်းထားတဲ့ Jolie ရဲ့ သရုပ်ဆောင်ပုံတွေဟာ အဲဒီခေတ်ကာလရဲ့ ယဉ်ကျေးမှုနဲ့ ရာဇဝတ်မှုတွေကို ဒါရိုက်တာက အလျဉ်းသင့်ရင်သင့်သလို ရိုက်ကူး တင်ပြထားတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အေးစက်စက်ဇာတ်လမ်းထဲမှာ မိခင်တယောက်ရဲ့သောကဟာ ဘယ်လောက်ထိပူလောင်နေမလဲဆိုတာကို ရုပ်ရှင်ချစ်ပရိသတ်တွေ ဒီဇာတ်ကားမှာ ကြည့်ရှုရမှာ ဖြစ်တာကြောင့် ညွှန်းဆိုပေးလိုက်ရပါတယ်။

Credit Review

Zawgyi

ဒီတခါမွာေတာ့ IMDB rating (7.8) ရရွိထားၿပီး မင္းသမီး Angelina Jolie ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ Changeling ဆိုတဲ့ ဇာတ္ကားနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီဇာတ္ကားဟာ ၂၀၀၈ ခုႏွစ္မွာ ထြက္ရွိခဲ့တာေၾကာင့္ ၁၀ ႏွစ္ခန႔္ၾကာေနၿပီဆို ေပမယ့္ ဇာတ္ကားေဟာင္း ဇာတ္ကားေကာင္းတကား ျဖစ္တယ္ဆိုတာကိုေတာ့ ေသခ်ာေပါက္ေျပာႏိုင္ပါတယ္။

ဒါ႐ိုက္တာ Clint Eastwood ႐ိုက္ကူးခဲ့တဲ့ Biography Crime Drama ႐ုပ္ရွင္အမ်ိဳးအစားျဖစ္ၿပီး မင္းသမီး Angelina Jolie အပါအဝင္ Colm Feore , Amy Ryan စတဲ့အျခားေသာသ႐ုပ္ေဆာင္ေတြကလည္း ပါဝင္အားျဖည့္ထားပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ ၁၉၂၈ ခုႏွစ္ကာလ ေလာ့စ္အိန္ဂ်ယ္လိစ္မွာ Single Mother တေယာက္ျဖစ္တဲ့ Jolie ဟာ ဖုန္းေအာ္ပေရတာအခ်ိန္ပိုင္းအလုပ္ကေန သူမရဲ႕ ၉ ႏွစ္သားအ႐ြယ္သားေလး ေပ်ာက္ဆုံးသြားတဲ့သတင္းေၾကာင့္ အေလာ တႀကီးျပန္လာခဲ့ရတဲ့ အေျခအေနနဲ႔ ဇာတ္လမ္းကို စတင္ထားပါတယ္။ ေလာ့စ္အိန္ဂ်လိစ္ရဲဌာန ကိုလည္း လူေပ်ာက္တိုင္ဖို႔ အတြက္ သူမဟာ တခ်ိန္လုံးဖုန္းေတြဆက္ေနခဲ့ပါတယ္။ အခ်ိန္ ငါးလ ၾကာၿပီးေနာက္မွာမွ အီလီႏြိဳက္ျပည္နယ္မွာ သူမရဲ႕ သားေလး ကို ျပန္ေတြ႕ခဲ့ပါတယ္။

ဒါေပမယ့္ မိခင္တေယာက္အေနနဲ႔ေတာ့ ဒီကေလးဟာ သူ႔သားဟုတ္မဟုတ္ကို ၾကည့္႐ုံနဲ႔ သိႏိုင္တယ္မဟုတ္ပါလား။ တျခားအမူအက်င့္ေတြ ေျပာပုံဆိုပုံေတြနဲ႔ပါ ႏႈိင္းယွဥ္ၿပီးၾကည့္ျမင္မယ္ဆိုရင္ေတာ့ ဘယ္လိုမွ မျဖစ္ႏိုင္ဘူးဆိုတာဟာ အေသအခ်ာပဲျဖစ္ပါတယ္။ ဒီကေလးကို Jolie ဟာ သူ႔ေသြးသားအရင္းအခ်ာလိုပဲ ဆက္ေမြးမလား၊ ဒါမွမဟုတ္ ေလာ့စ္အိန္ ဂ်လိစ္ရဲဌာနကိုပဲ ျပန္အပ္လိုက္မလား၊ ေပ်ာက္ဆုံးေနတဲ့ သူ႔သားငယ္ေလးကိုေရာ ျပန္ေတြ႕ႏိုင္မလားဆိုတာကိုေတာ့ ဒီဇာတ္လမ္းကို ဆက္လက္ၾကည့္ရႈမွပဲ သိႏိုင္မွာျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ဟာ ၁၉၂၈ ခုႏွစ္ကာလအပိုင္းအျခားကို ေနာက္ခံ႐ိုက္ကူးထားတာျဖစ္တာေၾကာင့္ ေခတ္မီ ဆန္းသစ္မႈေတြကို ေတာ့ ေတြ႕ျမင္ရမွာ မဟုတ္ပါဘူး။ ခိုင္မာလြန္းလွတဲ့ ဇာတ္လမ္းနဲ႔ ေတာင့္တင္းလြန္းလွတဲ့ ဇာတ္အိမ္၊ ဦးထုပ္ခပ္ဝိုင္းဝိုင္း ေဆာင္းထားတဲ့ Jolie ရဲ႕ သ႐ုပ္ေဆာင္ပုံေတြဟာ အဲဒီေခတ္ကာလရဲ႕ ယဥ္ေက်းမႈနဲ႔ ရာဇဝတ္မႈေတြကို ဒါ႐ိုက္တာက အလ်ဥ္းသင့္ရင္သင့္သလို ႐ိုက္ကူး တင္ျပထားတာေတြကို ၾကည့္ရႈရမွာပဲ ျဖစ္ပါတယ္။ ေအးစက္စက္ဇာတ္လမ္းထဲမွာ မိခင္တေယာက္ရဲ႕ေသာကဟာ ဘယ္ေလာက္ထိပူေလာင္ေနမလဲဆိုတာကို ႐ုပ္ရွင္ခ်စ္ပရိသတ္ေတြ ဒီဇာတ္ကားမွာ ၾကည့္ရႈရမွာ ျဖစ္တာေၾကာင့္ ၫႊန္းဆိုေပးလိုက္ရပါတယ္။

Credit Review

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Changeling (2008)
Changeling (2008)
Changeling (2008)
Changeling (2008)

No downloads available

Related movies