M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Unicode

ကမ္ဘာကြီးပေါ်မှာ လူသားတွေဆိုတာလုံးဝမရှိပဲ တိရိစ္ဆာန်တွေသာရှိပါတယ်။ တိရိစ္ဆာန်တွေမှာ Predator (မုဆိုး) နဲ့ Prey (သားကောင်) ဆိုပြီး အခြေခံအမျိုးအစားနှစ်ခုခွဲခြားထားပါတယ်။ ဥပမာအနေနဲ့ပြောရရင် ခြင်္သေ့၊ ကျား၊ မြေခွေးတွေက မုဆိုးတွေဖြစ်ပြီး သိုး၊ သမင်၊ ယုန် စတဲ့ တိရိစ္ဆာန်လေးတွေကတော့ သားကောင်တွေပေါ့။ မုဆိုးနဲ့သားကောင်ဆိုပေမယ့် မုဆိုးကို သားကောင်က ကြောက်လန့်နေစရာမလိုပဲ အတူယှဉ်တွဲနေထိုင်နေကြတာပါ။ ဟိုးအရင်အတိတ်အချိန်တွေက Predator (မုဆိုး) တွေဟာရက်စက်ကြမ်းကြုတ်ပြီး အရိုင်းအစိုင်းသတ္တဝါတွေအဖြစ် Prey (သားကောင်) တွေကို ရန်ပြုတိုက်ခိုက်သတ်ဖြတ်ခဲ့ပေမယ့် အခုအခါမှာတော့ တိရိစ္ဆာန်လေးတွေအားလုံးဟာ ချစ်ခင်စွာနေထိုင်နေကြပြီဖြစ်ပါတယ်။

သာမန်မြို့ငယ်လေးတစ်မြို့မှ ယုန်မလေး Judy Hopps မှာ ငယ်စဉ်တည်းကကြီးမားတဲ့ အိပ်မက်တစ်ခုရှိနေပါတယ်။ ဒါကတော့ ခေတ်မီစွာ စနစ်တကျလည်ပတ်နေတဲ့ မြို့ပြကြီး Zootopia မှာ ရဲအရာရှိတစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်ချင်တာပါ။ ဒါကြောင့် Judy ဟာ Zootopia Police Academy မှာ ရဲအရာရှိသင်တန်းကို အောင်မြင်အောင်တက်ရောက်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် အရွယ်အစားသေးငယ်တဲ့အပြင် အသည်းငယ်တတ်တဲ့ ယုန်လေးတွေကို ရဲအရာရှိအဖြစ် ခန့်အပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Judy ရဲ့ သွက်လက်တက်ကြွပြီး ဖြတ်ထိုးဉာဏ်ကောင်းမှုတွေကြောင့် သူမဟာ Zootopia ရဲ့ ပထမဆုံး ရဲအရာရှိ ယုန်မလေးဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ရဲအုပ်ကြီး Bogo ကတော့ Judy ကို အထင်မကြီးပါဘူး။ ပထမဆုံးရတဲ့ Judy အတွက် တာဝန်ကတော့ Parking Duty ပါတဲ့။ အမှုအကြီးကြီးတွေကို စုံစမ်းဖြေရှင်းချင်တဲ့ Judy အနေနဲ့ ရပ်နားချိန်ကျော်လွန်တဲ့ ကားတွေကို ချလန်လိုက်တပ်ရတာကတော့ တကယ့်ကို မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ တာဝန်ပါပဲ။ ဒါပေမယ့် သူမ အကောင်းဆုံး လုပ်ခဲ့တယ်။ နေ့လည်မတိုင်ခင် ကားအစီးရေ ၂၀၀ အထိရအောင် ချလန်တပ်နိုင်ခဲ့တယ်။

Judy အလုပ်လုပ်ရင်း အကူအညီပေးမိတဲ့ မြေခွေးလေး Nick Wilde ဟာ သူမထင်သလို တကယ်ဒုက္ခရောက်တာမဟုတ်ပဲ သူမကို တစ်ပတ်ရိုက်သွားတယ်ဆိုတာကို Judy သိလိုက်ရတဲ့ အခါမှာတော့ ခံပြင်းပြီးဒေါသဖြစ်ခဲ့ရတယ်။ ယုံကြည်လို့မရတဲ့ မြေခွေးရဲ့ ပင်ကိုယ်စရိုက်ကို ယုံကြည်မိတဲ့ သူမကိုယ်သူမအပြစ်တင်မိတယ်။

တစ်နေ့မှတော့ ရဲအုပ်ကြီး Bogo ကိုအကူအညီလာတောင်းတဲ့ တိရိစ္ဆာန်ပျောက်ဆုံးမှုတစ်ခုကို Judy က သူမရှာပေးမယ်ဆိုပြီး အတင်းလက်ခံလိုက်တယ်။ ရဲအုပ်ကြီး Bogo က Judy ကို အချိန်နှစ်ရက်ပေးပါတယ်။ နှစ်ရက်ပြည့်လို့မှ Judy အနေနဲ့ဒီအမှုကို အဖြေရှင်းနိုင်ဘူးဆိုရင် အလုပ်ကထုတ်ပယ်ခံရတော့မှာပါ။

Judy တစ်ယောက်သဲလွန်စတွေလိုက်ရှာရင်း မြေခွေးလေး Nick Wilde က သူ့ကိုကူညီပေးနိုင်မယ်ဆိုတာ သိလိုက်ပါတယ်။ တကယ်တမ်းစုံစမ်းလိုက်တဲ့ အခါမှာတော့ ဒီတိရိစ္ဆာန် ၁၄ ကောင်ပျောက်ဆုံးနေမှုဟာ သာမန်ထက်ပိုမိုရှုပ်ထွေးပြီး Zootopia မြို့ကြီးက တိရိစ္ဆာန်တွေအားလုံးရဲ့ အေးချမ်းစွာယှဉ်တွဲနေထိုင်မှုကိုပါ ထိခိုက်လာတဲ့အခါမှာတော့ …. ။

Review Credit

Zawgyi

ကမာၻႀကီးေပၚမွာ လူသားေတြဆိုတာလုံးဝမရွိပဲ တိရိစာၦန္ေတြသာရွိပါတယ္။ တိရိစာၦန္ေတြမွာ Predator (မုဆိုး) နဲ႔ Prey (သားေကာင္) ဆိုၿပီး အေျခခံအမ်ိဳးအစားႏွစ္ခုခြဲျခားထားပါတယ္။ ဥပမာအေနနဲ႔ေျပာရရင္ ျခေသၤ့၊ က်ား၊ ေျမေခြးေတြက မုဆိုးေတြျဖစ္ၿပီး သိုး၊ သမင္၊ ယုန္ စတဲ့ တိရိစာၦန္ေလးေတြကေတာ့ သားေကာင္ေတြေပါ့။ မုဆိုးနဲ႔သားေကာင္ဆိုေပမယ့္ မုဆိုးကို သားေကာင္က ေၾကာက္လန႔္ေနစရာမလိုပဲ အတူယွဥ္တြဲေနထိုင္ေနၾကတာပါ။ ဟိုးအရင္အတိတ္အခ်ိန္ေတြက Predator (မုဆိုး) ေတြဟာရက္စက္ၾကမ္းၾကဳတ္ၿပီး အ႐ိုင္းအစိုင္းသတၱဝါေတြအျဖစ္ Prey (သားေကာင္) ေတြကို ရန္ျပဳတိုက္ခိုက္သတ္ျဖတ္ခဲ့ေပမယ့္ အခုအခါမွာေတာ့ တိရိစာၦန္ေလးေတြအားလုံးဟာ ခ်စ္ခင္စြာေနထိုင္ေနၾကၿပီျဖစ္ပါတယ္။

သာမန္ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕မွ ယုန္မေလး Judy Hopps မွာ ငယ္စဥ္တည္းကႀကီးမားတဲ့ အိပ္မက္တစ္ခုရွိေနပါတယ္။ ဒါကေတာ့ ေခတ္မီစြာ စနစ္တက်လည္ပတ္ေနတဲ့ ၿမိဳ႕ျပႀကီး Zootopia မွာ ရဲအရာရွိတစ္ေယာက္အျဖစ္တာဝန္ထမ္းေဆာင္ခ်င္တာပါ။ ဒါေၾကာင့္ Judy ဟာ Zootopia Police Academy မွာ ရဲအရာရွိသင္တန္းကို ေအာင္ျမင္ေအာင္တက္ေရာက္ခဲ့ပါတယ္။ ပုံမွန္အားျဖင့္ အ႐ြယ္အစားေသးငယ္တဲ့အျပင္ အသည္းငယ္တတ္တဲ့ ယုန္ေလးေတြကို ရဲအရာရွိအျဖစ္ ခန႔္အပ္ဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ Judy ရဲ႕ သြက္လက္တက္ႂကြၿပီး ျဖတ္ထိုးဉာဏ္ေကာင္းမႈေတြေၾကာင့္ သူမဟာ Zootopia ရဲ႕ ပထမဆုံး ရဲအရာရွိ ယုန္မေလးျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္ ရဲအုပ္ႀကီး Bogo ကေတာ့ Judy ကို အထင္မႀကီးပါဘူး။ ပထမဆုံးရတဲ့ Judy အတြက္ တာဝန္ကေတာ့ Parking Duty ပါတဲ့။ အမႈအႀကီးႀကီးေတြကို စုံစမ္းေျဖရွင္းခ်င္တဲ့ Judy အေနနဲ႔ ရပ္နားခ်ိန္ေက်ာ္လြန္တဲ့ ကားေတြကို ခ်လန္လိုက္တပ္ရတာကေတာ့ တကယ့္ကို မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္တဲ့ တာဝန္ပါပဲ။ ဒါေပမယ့္ သူမ အေကာင္းဆုံး လုပ္ခဲ့တယ္။ ေန႔လည္မတိုင္ခင္ ကားအစီးေရ ၂၀၀ အထိရေအာင္ ခ်လန္တပ္ႏိုင္ခဲ့တယ္။

Judy အလုပ္လုပ္ရင္း အကူအညီေပးမိတဲ့ ေျမေခြးေလး Nick Wilde ဟာ သူမထင္သလို တကယ္ဒုကၡေရာက္တာမဟုတ္ပဲ သူမကို တစ္ပတ္႐ိုက္သြားတယ္ဆိုတာကို Judy သိလိုက္ရတဲ့ အခါမွာေတာ့ ခံျပင္းၿပီးေဒါသျဖစ္ခဲ့ရတယ္။ ယုံၾကည္လို႔မရတဲ့ ေျမေခြးရဲ႕ ပင္ကိုယ္စ႐ိုက္ကို ယုံၾကည္မိတဲ့ သူမကိုယ္သူမအျပစ္တင္မိတယ္။

တစ္ေန႔မွေတာ့ ရဲအုပ္ႀကီး Bogo ကိုအကူအညီလာေတာင္းတဲ့ တိရိစာၦန္ေပ်ာက္ဆုံးမႈတစ္ခုကို Judy က သူမရွာေပးမယ္ဆိုၿပီး အတင္းလက္ခံလိုက္တယ္။ ရဲအုပ္ႀကီး Bogo က Judy ကို အခ်ိန္ႏွစ္ရက္ေပးပါတယ္။ ႏွစ္ရက္ျပည့္လို႔မွ Judy အေနနဲ႔ဒီအမႈကို အေျဖရွင္းႏိုင္ဘူးဆိုရင္ အလုပ္ကထုတ္ပယ္ခံရေတာ့မွာပါ။

Judy တစ္ေယာက္သဲလြန္စေတြလိုက္ရွာရင္း ေျမေခြးေလး Nick Wilde က သူ႔ကိုကူညီေပးႏိုင္မယ္ဆိုတာ သိလိုက္ပါတယ္။ တကယ္တမ္းစုံစမ္းလိုက္တဲ့ အခါမွာေတာ့ ဒီတိရိစာၦန္ ၁၄ ေကာင္ေပ်ာက္ဆုံးေနမႈဟာ သာမန္ထက္ပိုမိုရႈပ္ေထြးၿပီး Zootopia ၿမိဳ႕ႀကီးက တိရိစာၦန္ေတြအားလုံးရဲ႕ ေအးခ်မ္းစြာယွဥ္တြဲေနထိုင္မႈကိုပါ ထိခိုက္လာတဲ့အခါမွာေတာ့ …. ။

Review Credit

Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)
Zootopia (2016)

No downloads available

Related movies