M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p The Darkest Minds (2018)
Report error

The Darkest Minds (2018)

The Darkest Minds    

PG-13 104 min ActionAdventureDrama

5.7
IMDB: 5.7/10 18,535 votes

, , , , , , , , ,

N/A

USA

2618

Report error



Unicode

မြို့တစ်မြို့မှာ ကလေးတွေ အကြောင်းရင်းမရှိ အရုပ်ကြိုးပြတ်လဲကျသေဆုံးရာကနေ ဒီဇာတ်လမ်းဟာ စတင်ပါတယ်…ရောဂါရှာမရ ဘာကြောင့်ရယ်မှန်းမသိ သေဆုံးသွားတဲ့ကလေးအရေအတွက်ဟာများသထက်များလာပေမယ့်တစ်ဖက်မှာတော့အသက်ရှင်ကျန်ခဲ့တဲ့ကလေးတွေလဲရှိနေပါသေးတယ်။မိဘများရဲ့ပူဆွေးသောကတွေကိုလျစ်လျူရှုပြီး အစိုးရကအာရုံစိုက်တာကတော့ရှင်ကျန်ခဲ့တဲ့ကလေးတွေရဲ့ခံနိုင်ရည်နဲ့ ထူးခြားတဲ့စွမ်းရည်တွေကိုပါပဲ။

ရှင်ကျန်ခဲ့တဲ့ကလေးတွေမှာ စွမ်းရည်တွေရှိတယ်လို့ အစိုးရကသိပြီးတဲ့နောက်ကလေးတွေကို ကုသကာကွယ်ဆေးပေးခန်း အမည်ခံအကျဉ်းစခန်းတွေမှာဖမ်းဆီးချုပ်နှောင်ထားပါတော့တယ်။ဒီအကျဉ်းစခန်းကို အသက်၁၀နှစ်ပြည့်မွေးနေ့ပြီးနောက်တစ်ရက်မှာပဲအဖမ်းဆီးခံလိုက်ရတဲ့ ကလေးလေးနာမည်ကတော့ ရူဘီ ဒေလီပါပဲ။

သူမတူရှားပါးလှတဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားပြီး အစွမ်းကြီးမားသူဆိုရင်သတ်ပစ်တဲ့အကျဉ်းစခန်းမှာ သူဘယ်လိုရုန်းကန်အသက်ရှင်မလဲ?အဲ့ဒီစခန်းကနေထွက်ပြေးဖို့ကြိုးစားပေမယ့် အောင်မြင်ပါ့မလား?အကျဉ်းစခန်းမှာလဲ ကလေးတွေချုပ်နှောင်ခံထားရပေမယ့်အပြင်လောကမှာရောဘာတွေဖြစ်ပျက်ကုန်ပြီလဲ?အသက်ငယ်ငယ်ရူဘီလေး ဒီအခက်အခဲတွေကိုသူမရဲ့သူမတူတဲ့စွမ်းရည်တွေနဲ့ကျော်ဖြတ်လို့ရောအောင်မြင်နိုင်ပါ့မလား? ဆိုတာစိတ်ဝင်တစားဇာတ်လမ်းရဲ့အဟုန်မှာလိုက်ပါစီးမျောအဖြေရှာကြည့်ပါ။ဒီလို စွမ်းအားတွေပိုင်ဆိုင်ထားတဲ့လူငယ်လေးတွေတစ်ယောက်ဆီမှာကိုယ်ပိုင်အဆင့်သတ်မှတ်ချက်ဆိုတာရှိပါတယ်….

အဲဒါတွေကတော့ အပြာရောင် အစိမ်းရောင် အဝါရောင်ဟာသာမာန်စွမ်းအားသာရှိကြပြီးတော့ အနီရောင်နဲ့လိမ္မော်ရောင်ကတော့ရှားပါးလွန်းတဲ့ စွမ်းအားမျိုးဖြစ်ပြီးတော့ အန္တရာယ်အရှိဆုံးသတ်မှတ်ချက်တွေဖြစ်ပါတယ်..ဒါပေမယ့် ရူဘီလေးကတော့ လိမ္မော်ရောင်အစွမ်းကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်…ဒီကားဟာ X Men ကားနဲ့ဆင်တူပုံစံဖြစ်ပြီးတော့စွမ်းအားရှင်ကလေးငယ်တွေရဲ့အစွမ်းတွေကိုလည်းစိတ်ဝင်စားဖွယ်မြင်ရမှာဖြစ်ပြီးတော့ဇာတ်လမ်းပြီးတဲ့အထိ မငြီးမငွေ့ကြည့်ရှုရမှာတော့အာမခံပါတယ်။

သဲထိတ်ရင်ဖို ဇာတ်လမ်းဆန်းဆန်းလေးတွေကိုကြိုက်နှစ်သက်တတ်တဲ့ပရိသတ်တွေအတွက်ကတော့ အကြိုက်ဖြစ်စေမှာပါ။ဇာတ်လမ်းကိုပေါ့သွားမှာစိုးရိမ်ကာ အညွှန်းကိုတတ်နိုင်သမျှအကျဉ်းချုံးထားတဲ့အတွက် အညွှန်းဖတ်ကြည့်ရုံနဲ့မသိနိုင်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကိုဒေါင်းလော့ဆွဲကြည့်ရှုနိုင်ဖို့အတွက် The Darkest Minds (2018)ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

Credit Review

Zawgyi

ၿမိဳ႕တစ္ၿမိဳ႕မွာ ကေလးေတြ အေၾကာင္းရင္းမရွိ အ႐ုပ္ႀကိဳးျပတ္လဲက်ေသဆုံးရာကေန ဒီဇာတ္လမ္းဟာ စတင္ပါတယ္…ေရာဂါရွာမရ ဘာေၾကာင့္ရယ္မွန္းမသိ ေသဆုံးသြားတဲ့ကေလးအေရအတြက္ဟာမ်ားသထက္မ်ားလာေပမယ့္တစ္ဖက္မွာေတာ့အသက္ရွင္က်န္ခဲ့တဲ့ကေလးေတြလဲရွိေနပါေသးတယ္။မိဘမ်ားရဲ႕ပူေဆြးေသာကေတြကိုလ်စ္လ်ဴရႈၿပီး အစိုးရကအာ႐ုံစိုက္တာကေတာ့ရွင္က်န္ခဲ့တဲ့ကေလးေတြရဲ႕ခံႏိုင္ရည္နဲ႔ ထူးျခားတဲ့စြမ္းရည္ေတြကိုပါပဲ။

ရွင္က်န္ခဲ့တဲ့ကေလးေတြမွာ စြမ္းရည္ေတြရွိတယ္လို႔ အစိုးရကသိၿပီးတဲ့ေနာက္ကေလးေတြကို ကုသကာကြယ္ေဆးေပးခန္း အမည္ခံအက်ဥ္းစခန္းေတြမွာဖမ္းဆီးခ်ဳပ္ေႏွာင္ထားပါေတာ့တယ္။ဒီအက်ဥ္းစခန္းကို အသက္၁၀ႏွစ္ျပည့္ေမြးေန႔ၿပီးေနာက္တစ္ရက္မွာပဲအဖမ္းဆီးခံလိုက္ရတဲ့ ကေလးေလးနာမည္ကေတာ့ ႐ူဘီ ေဒလီပါပဲ။

သူမတူရွားပါးလွတဲ့ စြမ္းရည္ကိုပိုင္ဆိုင္ထားၿပီး အစြမ္းႀကီးမားသူဆိုရင္သတ္ပစ္တဲ့အက်ဥ္းစခန္းမွာ သူဘယ္လို႐ုန္းကန္အသက္ရွင္မလဲ?အဲ့ဒီစခန္းကေနထြက္ေျပးဖို႔ႀကိဳးစားေပမယ့္ ေအာင္ျမင္ပါ့မလား?အက်ဥ္းစခန္းမွာလဲ ကေလးေတြခ်ဳပ္ေႏွာင္ခံထားရေပမယ့္အျပင္ေလာကမွာေရာဘာေတြျဖစ္ပ်က္ကုန္ၿပီလဲ?အသက္ငယ္ငယ္႐ူဘီေလး ဒီအခက္အခဲေတြကိုသူမရဲ႕သူမတူတဲ့စြမ္းရည္ေတြနဲ႔ေက်ာ္ျဖတ္လို႔ေရာေအာင္ျမင္ႏိုင္ပါ့မလား? ဆိုတာစိတ္ဝင္တစားဇာတ္လမ္းရဲ႕အဟုန္မွာလိုက္ပါစီးေမ်ာအေျဖရွာၾကည့္ပါ။ဒီလို စြမ္းအားေတြပိုင္ဆိုင္ထားတဲ့လူငယ္ေလးေတြတစ္ေယာက္ဆီမွာကိုယ္ပိုင္အဆင့္သတ္မွတ္ခ်က္ဆိုတာရွိပါတယ္….

အဲဒါေတြကေတာ့ အျပာေရာင္ အစိမ္းေရာင္ အဝါေရာင္ဟာသာမာန္စြမ္းအားသာရွိၾကၿပီးေတာ့ အနီေရာင္နဲ႔လိေမၼာ္ေရာင္ကေတာ့ရွားပါးလြန္းတဲ့ စြမ္းအားမ်ိဳးျဖစ္ၿပီးေတာ့ အႏၲရာယ္အရွိဆုံးသတ္မွတ္ခ်က္ေတြျဖစ္ပါတယ္..ဒါေပမယ့္ ႐ူဘီေလးကေတာ့ လိေမၼာ္ေရာင္အစြမ္းကိုပိုင္ဆိုင္ထားသူပဲျဖစ္ပါတယ္…ဒီကားဟာ X Men ကားနဲ႔ဆင္တူပုံစံျဖစ္ၿပီးေတာ့စြမ္းအားရွင္ကေလးငယ္ေတြရဲ႕အစြမ္းေတြကိုလည္းစိတ္ဝင္စားဖြယ္ျမင္ရမွာျဖစ္ၿပီးေတာ့ဇာတ္လမ္းၿပီးတဲ့အထိ မၿငီးမေငြ႕ၾကည့္ရႈရမွာေတာ့အာမခံပါတယ္။

သဲထိတ္ရင္ဖို ဇာတ္လမ္းဆန္းဆန္းေလးေတြကိုႀကိဳက္ႏွစ္သက္တတ္တဲ့ပရိသတ္ေတြအတြက္ကေတာ့ အႀကိဳက္ျဖစ္ေစမွာပါ။ဇာတ္လမ္းကိုေပါ့သြားမွာစိုးရိမ္ကာ အၫႊန္းကိုတတ္ႏိုင္သမွ်အက်ဥ္းခ်ဳံးထားတဲ့အတြက္ အၫႊန္းဖတ္ၾကည့္႐ုံနဲ႔မသိႏိုင္တဲ့ဇာတ္လမ္းဇာတ္ကြက္ေတြကိုေဒါင္းေလာ့ဆြဲၾကည့္ရႈႏိုင္ဖို႔အတြက္ The Darkest Minds (2018)ဆိုတဲ့ကားေလးကိုတင္ဆက္ေပးလိုက္ပါတယ္။

Credit Review

The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)
The Darkest Minds (2018)

No downloads available

Related movies