M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Gantz: Perfect Answer (2011)
Report error

Report error



Unicode

ဒီကားလေးက Gantz နံပါတ် ၁ ကားရဲ့ အဆက် အပိုင်း ၂ ပါ အပိုင်း ၂ မှာတော့ အပြောင်းအလဲတစ်ချို့ နဲ့ ထူးခြားလာပါတယ် ကာတို ကို အသက်သွင်းဖို့ အမှတ်ပြည့်ရအောင် ကြိုးစားနေတဲ့ ခေး တစ်ယောက် အခက်အခဲတွေ အများကြီး ရင်ဆိုင်ရပါပြီ လူသစ်တွေ လဲ နေ့တိုင်းရောက်လာသလို သူတို့ Mission ဝင်နေတဲ့ အခန်းတွေဟာ သက်ရှိ ကမ္ဘာကြီးနဲ့ ဆက်စပ် နေတယ်ဆိုတာကိုလဲ တစ်ဖြေးဖြေး သိလာကြပါတယ် သူတို့ Mission တစ်ခါဝင်ပြီးတိုင်း ပြင်ပ ကမ္ဘာမှာလဲ ပျက်စီးမှုနဲ့ လူသေမှု ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်…

ပိုဆိုးတာကတော့ အနက်ရောင် ဘောလုံး ရဲ့ ခိုင်းစေမှု နဲ့ လူသစ်တွေ ပို့ပေးနေတဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက် ရယ် ဒီ အနက်ရောင် ဘောလုံး နဲ့ အခန်းအကြောင်းကိုလိုက်နေတဲ့ မှုခင်းစုံထောက်ရယ် ကမ္ဘာကို ဖျက်စီးမယ့် ဂြိုလ်သားတွေ ရယ် ထိပ်တိုက်တွေ့ကြတဲ့ အခါ Mission တစ်ခုလို ဖြစ်မလာပဲ လူတွေကြားထဲကို ရောက်သွားပြီး ၂ ဖက်စစ်ပွဲအတွင်း လူတွေ အများကြီးသေသွားခဲ့ပါတယ်..

ဒီကြားထဲ မဆီမဆိုင် Mission တစ်ခုကတော့ ခေး ကို တစ်ဖက်သက် ကြိုက်နေတဲ့ ကောင်မလေး ခိုဂျီမာ ကို သတ်ရမယ် ဆိုတဲ့ Mission ထွက်လာတာပါ ခေး ကတော့ ခိုဂျီမာ ကို မသတ်ဖို့ မေတ္တာရပ်ခံပေမယ့် ဂြိုလ်သား တွေရယ် Mission မှာ အမှတ်ပြည့်ရပြီး အိမ်ပြန်ချင်တဲ့ သူတွေရယ်က ဝိုင်းသတ်ကြဖို့ ကြံစည်ကြပါတော့တယ် ရူးသွပ်ဖွယ် ကောင်းတဲ့ အနက်ရောင်ဘောလုံး အဆုံးသတ်မလား ဂြိုလ်သားတွေပဲ သေကုန်မှာလား Mission ထဲက လူတွေ အားလုံး သေကုန်မှာလား

Credit Review

ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Van ဖြစ်ပါတယ်

Zawgyi




Credit Review



No downloads available

Related movies