Unicode
NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေ
အနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား….
အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ်….
ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီး
လူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်…..
နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားပြန်ချေဖို့
ကြိုးစားပါတော့တယ်…ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ…ဉာဏ်ကောင်းထက်မြက်တဲ့အပြင်
အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ…သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင်
တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့….
ဒီကားက ကိုးရီးယားတို့ရဲ့ အထင်ကရမင်းသားကြီး(၂)ယောက်ဖြစ်တဲ့ Jung-min Hwang နဲ့Jung-jae Lee
တို့အပြုင်ကျဲထားတဲ့ကားပါ….အက်ရှင်ခန်းတွေလည်း အတော်မိုက်သလို ကလေးသူငယ်တွေနဲ့
ခပ်နုနုသူတွေမကြည့်သင့်ပါဘူး…လည်လှီးခန်းတွေ ဗိုက်ကိုဓားနဲ့ထိုးပြီး ဆွဲမွှေ့တဲ့အခန်းတွေ
သွေးထွက်သံယိုခန်းပေါင်းများစွာပါဝင်ပါတယ်…
အခြား အက်ရှင်မင်းသားကားတွေ ကြံဖန်သတ်ပုတ်နေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းကောင်းကောင်းနဲ့
လိုအပ်တဲ့အချိန်လိုအပ်တဲ့အခါမျိုးမှရှယ်ဗျင်းတဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ…
Credit Review
Zawgyi
Credit Review