M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Goosebumps 2: Haunted Halloween (2018)
Report error

Goosebumps 2: Haunted Halloween (2018)

Goosebumps 2: Haunted Halloween    

PG 90 min AdventureComedyFamily

5.7
IMDB: 5.7/10 8,473 votes

, , , , , , , , ,

N/A

USA, UK

2839

Report error



Unicode

နံပါတ် 1 နဲ့ အောင်မြင်လာတဲ့ Goosebumps ဟာ အခုနံပါတ် 2 ဆက်လက်ထွက်ရှိလာပါတယ်။ နံပါတ် 1 မှာတော့ စာအုပ်ထဲက သရဲတွေ ထွက်လာတာဖြစ်ပြီး နံပါတ် 2 ရဲ့ ဇာတ်လမ်းလေးကတော့ ဒီလိုဗျ။ နီကိုလတ်စ် တက်စ်လာရဲ့ မြို့လေးဖြစ်တဲ့ ဝါဒန်ကလိုက်ဖ်မှာ အမှိုက်ညီနောင်များလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ ဆိုနီနဲ့ ဆမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။
သူတို့ဟာ အမှိုက်ဟောင်းတွေကို လိုက်ရှင်းပြီးတော့ ရတနာပစ္စည်းတွေတွေ့လာမယ်လို့ စိတ်ကူးယဉ်နေတဲ့ ခလေးနှစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အမှိုက်ညီနောင်ထံကို ဖုန်းဝင်လာပြီးတဲ့နောက်မှာ ဖုန်းထဲက လိပ်စာနောက်လိုက်ရင်း လူသူစွန့်ပစ်ထားတဲ့ အိမ်ပျက်ကြီးတစ်ခုဆီ ရောက်လာကြပါတယ်။ အဲဒီ့ကြောက်စရာကောင်းတဲ့ အိမ်ပျက်ကြီးကို ရှင်းလင်းရင်းနဲ့ အမှတ်မထင် သေတ္တာတစ်လုံးကို တွေ့ရှိခဲ့ပြီး ရတနာပစ္စည်းတွေ ပါမယ်လို့ မျှော်လင့်ပြီး အားရပါးရဖွင့်လိုက်ပေမယ့် အထဲမှာ စာအုပ်လေးတစ်အုပ်သာ သော့ခတ်လျက်ရှိနေတာကို တွေ့ရပါတယ်။ မကြာမှီမှာပဲ စာအုပ်လေးနားမှာ ဆလပ်ပီလို့ခေါ်တဲ့ အရုပ်တစ်ရုပ်ပေါ်လာခဲ့ပြီး ဆလပ်ပီကသူ့အစွမ်းတွေနဲ့ ဆမ်နဲ့ ဆိုနီရဲ့အခက်အခဲတွေကို ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဆလပ်ပီရဲ့ အမူအယာနဲ့ အပြုအမူတွေ ပြောင်းလဲလာတဲ့အခါမှာတော့ ဝါဒန်ကလိုက်ဖ်မြို့လေးရဲ့ ဟောလိုးဝင်းပွဲတော်က ဘယ်လိုပြောင်းလဲသွားမယ်၊ ဆမ်၊ ဆိုနီနဲ့ အမဖြစ်သူ ဆာရာတို့က ဆလပ်ပီ့ကို ဘယ်လိုတားဆီးရင်ဆိုင်ကြမယ်၊ goosebump 2 ရဲ့ အဆုံးသတ်ကရော ဘယ်လိုဇာတ်သိမ်းမယ်ဆိုတာကိုတော့ ဇာတ်လမ်းကောင်းလေးမို့ အသေးစိတ်မပြောပြတော့ဘူးနော်။ ကိုယ်တိုင်သာ ကြည့်ရှုရင်း ခံစားလိုက်ကြပါတော့ဗျာ

Review Credit

Zawgyi

နံပါတ္​ 1 နဲ႔ ​ေအာင္​ျမင္​လာတဲ့ Goosebumps ဟာ အခုနံပါတ္​ 2 ဆက္​လက္​ထြက္​ရွိလာပါတယ္​။ နံပါတ္​ 1 မွာ​ေတာ့ စာအုပ္​ထဲက သရဲ​ေတြ ထြက္​လာတာျဖစ္​ၿပီး နံပါတ္​ 2 ရဲ႕ ဇာတ္​လမ္​း​ေလးက​ေတာ့ ဒီလိုဗ်။ နီကိုလတ္​စ္​ တက္​စ္​လာရဲ႕ ၿမိဳ႕​ေလးျဖစ္​တဲ့ ဝါဒန္​ကလိုက္​ဖ္​မွာ အမႈိက္​ညီ​ေနာင္​မ်ားလို႔ သူတို႔ကိုယ္​သူတို႔​ေခၚတဲ့ ဆိုနီနဲ႔ ဆမ္​ဆိုတဲ့ သူငယ္​ခ်င္​းႏွစ္​​ေယာက္​ရွိပါတယ္​။
သူတို႔ဟာ အမႈိက္​​ေဟာင္​း​ေတြကို ​လိုက္​ရွင္​းၿပီး​ေတာ့ ရတနာပစၥည္​း​ေတြ​ေတြ႕လာမယ္​လို႔ စိတ္​ကူးယဥ္​​ေနတဲ့ ခ​ေလးႏွစ္​​ေယာက္​ပဲ ျဖစ္​ပါတယ္​။ တစ္​​ေန႔မွာ​ေတာ့ အမႈိက္​ညီ​ေနာင္​ထံကို ဖုန္​းဝင္​လာၿပီးတဲ့​ေနာက္​မွာ ဖုန္​းထဲက လိပ္​စာ​ေနာက္​လိုက္​ရင္​း လူသူစြန္​့ပစ္​ထားတဲ့ အိမ္​ပ်က္​ႀကီးတစ္​ခုဆီ ​ေရာက္​လာၾကပါတယ္​။ အဲဒီ့​ေၾကာက္​စရာ​ေကာင္​းတဲ့ အိမ္​ပ်က္​ႀကီးကို ရွင္​းလင္​းရင္​းနဲ႔ အမွတ္​မထင္​ ​ေသတၱာတစ္​လုံးက္ို ​ေတြ႕ရွိခဲ့ၿပီး ရတနာပစၥည္​း​ေတြ ပါမယ္​လို႔ ​ေမွ်ာ္​လင္​့ၿပီး အားရပါးရဖြင္​့လိုက္​​ေပမယ္​့ အထဲမွာ စာအုပ္​​ေလးတစ္​အုပ္​သာ ​ေသာ့ခတ္​လ်က္​ရွိ​ေနတာကို ​ေတြ႕ရပါတယ္​။ မၾကာမွီမွာပဲ စာအုပ္​​ေလးနားမွာ ဆလပ္​ပီလို႔​ေခၚတဲ့ အ႐ုပ္​တစ္​႐ုပ္​​ေပၚလာခဲ့ၿပီး ဆလပ္​ပီကသူ႔အစြမ္​း​ေတြနဲ႔ ဆမ္​နဲ႔ ဆိုနီရဲ႕အခက္​အခဲ​ေတြကို ကူညီ​ေပးခဲ့ပါတယ္​။ ဒါ​ေပမယ္​့ တစ္​ျဖည္​းျဖည္​းနဲ႔ ဆလပ္​ပီရဲ႕ အမူအယာနဲ႔ အျပဳအမူ​ေတြ ​ေျပာင္​းလဲလာတဲ့အခါမွာ​ေတာ့ ဝါဒန္​ကလိုက္​ဖ္​ၿမိဳ႕​ေလးရဲ႕ ​ေဟာလိုးဝင္​းပြဲ​ေတာ္​က ဘယ္​လို​ေျပာင္​းလဲသြားမယ္​၊ ဆမ္​၊ ဆိုနီနဲ႔ အမျဖစ္​သူ ဆာရာတို႔က ဆလပ္​ပီ့ကို ဘယ္​လိုတားဆီးရင္​ဆိုင္​ၾကမယ္​၊ goosebump 2 ရဲ႕ အဆုံးသတ္​က​ေရာ ဘယ္​လိုဇာတ္​သိမ္​းမယ္​ဆိုတာကို​ေတာ့ ဇာတ္​လမ္​း​ေကာင္​း​ေလးမို႔ အ​ေသးစိတ္​မ​ေျပာျပ​ေတာ့ဘူး​ေနာ္​။ ​ကိုယ္​တိုင္​သာ ၾကည္​့ရႈရင္​း ခံစားလိုက္​ၾကပါ​ေတာ့ဗ်ာ

Review Credit

Goosebumps 2: Haunted Halloween (2018)
Goosebumps 2: Haunted Halloween (2018)
Goosebumps 2: Haunted Halloween (2018)
Goosebumps 2: Haunted Halloween (2018)
Goosebumps 2: Haunted Halloween (2018)
Goosebumps 2: Haunted Halloween (2018)
Goosebumps 2: Haunted Halloween (2018)
Goosebumps 2: Haunted Halloween (2018)
Goosebumps 2: Haunted Halloween (2018)

No downloads available

Related movies