Unicode
ဒီ “The Swordsman 2020” ရုပ်ရှင်သစ်ကတော့ ဂျိုဆွန်းခေတ်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီ ရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့ မတူညီတဲ့ ဓားသမား ၃ ယောက်ရှိပြီးတော့ သူတို့တွေကတော့ —–
Tae-yeul (Jang Hyuk) လို အမည်ရတဲ့ ဓားသမားကတော့ သူ့ရဲ့ မျက်လုံးတစ်ဖက်ဆုံးရှုံးပြီးတော့ အသက် သုံးဆယ်မှာ သူ့ရဲ့ သမီးလေးကို ရှာဖွေဖို့ ထွက်လာခဲ့တဲ့ဓားသမား တစ်ယောက်ဖြစ်ပါတယ်။
Min Seung-ho (Jung Man-sik) လို့ အမည်ရတဲ့ ဓားသမား ကတော့ ဂျိုဆွန်းခေတ်က အကောင်းဆုံး ဓားသမား အဖြစ်ရွေးချယ်ခံခဲ့ရပြီး သဘာဝရဲ့ ကွယ်ပျောက်သဘောတရားတွေကို လေ့လာပြီးတဲ့နောက် ပုံမှန် ဘဝကိုရွေးချယ်ခဲ့တဲ့ ဓားသမားတစ်ယောက်ပဲဖြစ်ပါတယ်။
Gurutai (Joe Taslim) လို ခေါ်တဲ့ ဓားသမားကတော့ Qing ခေတ်ကတည်းက အကောင်းဆုံး ဓားသမားဖြစ်ခဲ့ပြီး ဂျိဆွန်းခေတ်မှာတောင် အကောင်းဆုံး ဓားသမားဖြစ်ဖို့ ရည်မှန်းထားတဲ့ ဓားသမား တစ်ယောက်ပဲဖြစ်ပါတယ်။
ဒီလို ထူးခွန်လှတဲ့ ဓားသမား သုံးယောက်ဟာ မတူညီတဲ့ အကြောင်းပြချက်တွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ကြတဲ့အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ရိုက်ကူးထားတာဖြစ်ပါတယ်။
သမိုင်းကြောင်းနဲ့ သက်ဆိုင်တဲ့ အက်ရှင် ရုပ်ရှင်သစ်ဖြစ်တာကြောင့် အက်ရှင်ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။
Credit Review
ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Nyi Nyi ဖြစ်ပါတယ်
Zawgyi
Credit Review