M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Web-dl 1080p Let Him Go (2020)
Report error

Report error



Unicode

၁၉၆၃ မွန်တားနားပြည်နယ်မှာ အငြိမ်းစားရဲအရာရှိ ဂျော့ချ်(Kevin Costner)နဲ့ သူ့ဇနီး မာဂရက်(Diane Lane)တို့ဟာ သူတို့ရဲ့သား ဂျိမ်းစ် ဇနီးဖြစ်သူ လော်နာ၊မြေးဦးလေး ဂျင်မီတို့နဲ့အတူ ငြိမ်းချမ်းပျော်ရွှင်စွာနေထိုင်ကြတဲ့သူတွေပါ၊ တစ်နေ့ ကြမ္မာဆိုးတစ်ခုမှာ သူတို့သားဖြစ်သူ ဂျိမ်းစ် မတော်တဆသေဆုံးရာကနေသူတို့ရဲ့ အေးချမ်းတဲ့မိသားစုလေး တစ်ကွဲတစ်ပြားဖြစ်ဖို့အကြောင်းဖန်လာပါတော့တယ်။

သုံးနှစ်လောက်အကြာမှာတော့ လော်နာဟာ ဒွန်နီဝီဘွိုင်းဆိုတဲ့လူငယ်တစ်ယောက်နဲ့ သူတို့သဘောမတူတဲ့ကြားက လက်ထပ်သွားခဲ့ပါတယ်။ အိမ်ခွဲနေကြတဲ့ ချွေးမဟောင်းဖြစ်သူနဲ့မြေးကို စိတ်မချတဲ့ မာဂရက်ဟာ ပိုပြီးစိတ်မချဖြစ်နိုင်စရာ ဒွန်နီဝီဘွိုင်းရဲ့ ကိုယ်ထိလက်ရောက်အပြုအမူတွေ မျက်မြင်တွေ့လိုက်ရပြီး သူတို့အိမ်ကိုလိုက်သွားချိန်မှာတော့မိသားစုတစ်ခုလုံး ခြေရာဖျောက်သွားပြီဆိုတာ သိလိုက်ရပါတယ်။

ဒီလိုနဲ့ ဂျော့ချ်နဲ့ မာဂရက်တို့နှစ်ယောက် ပျောက်သွားတဲ့ ချွေးမနဲ့မြေးလေးကို ရေမြေတစ်ဆုံး လိုက်ရှာဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာ သူတို့ရင်ဆိုင်ကြုံတွေ့ရမယ့် မိသားစုဟာ နွေးထွေးကြင်နာတတ်တဲ့ သူတို့မိသားစုစရိုက်နဲ့ ဆန့်ကျင်ဘက် ရိုင်းစိုင်းခက်ထန်သူတွေ အောက်တန်းကျကောက်ကျစ်တတ်တဲ့သူမျိုးတွေဆိုတာ သူတို့အသိနောက်ကျခဲ့ပါတယ်။

Let him go ဟာ ရင်နင့်စိတ်ထိခိုက်စရာ မိသားစုဒရာမာကားကောင်းတစ်ကားဖြစ်သလို Thriller ကားကောင်းတစ်ကားလဲဖြစ်နေပါသေးတယ်။ဒီနှစ်ထဲမှာထွက်ရှိထားတဲ့ကားတွေထဲကရှားရှားပါးပါးကားကောင်းတစ်ကားဖြစ်ပြီး လာမယ့်ဆုပေးပွဲတွေမှာ ထင်ပေါ်လာနိုင်စရာဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။ ဂျော့ချ်အဖြစ်သရုပ်ဆောင်တဲ့ Kevin costner နဲ့ မာဂရက်အဖြစ်သရုပ်ဆောင်တဲ့ Diane Lane တို့ကတော့ man of steel ထဲက Clark ရဲ့မိဘတွေပါ။ ဒီကားမှာလဲ အပေးအယူမျှမျှ လိုက်ဖက်ညီစွာဇာတ်ကို ဦးဆောင်သွားကြပါတယ်။

အဓိက သရုပ်ဆောင်တွေတင်မက တစ်ခန်းတစ်လေပါတဲ့သူတွေအက အစအကုန်လုံးအပိုအလိုမရှိကွက်တိဖြစ်နေလို့ လက်လွတ်မခံသင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။

Credit Review

ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Nyi Nyi ဖြစ်ပါတယ်

Zawgyi

၁၉၆၃ မြန္တားနားျပည္နယ္မွာ အၿငိမ္းစားရဲအရာရွိ ေဂ်ာ့ခ်္(Kevin Costner)နဲ႔ သူ႔ဇနီး မာဂရက္(Diane Lane)တို႔ဟာ သူတို႔ရဲ႕သား ဂ်ိမ္းစ္ ဇနီးျဖစ္သူ ေလာ္နာ၊ေျမးဦးေလး ဂ်င္မီတို႔နဲ႔အတူ ၿငိမ္းခ်မ္းေပ်ာ္႐ႊင္စြာေနထိုင္ၾကတဲ့သူေတြပါ၊ တစ္ေန႔ ၾကမၼာဆိုးတစ္ခုမွာ သူတို႔သားျဖစ္သူ ဂ်ိမ္းစ္ မေတာ္တဆေသဆုံးရာကေနသူတို႔ရဲ႕ ေအးခ်မ္းတဲ့မိသားစုေလး တစ္ကြဲတစ္ျပားျဖစ္ဖို႔အေၾကာင္းဖန္လာပါေတာ့တယ္။

သုံးႏွစ္ေလာက္အၾကာမွာေတာ့ ေလာ္နာဟာ ဒြန္နီဝီဘြိဳင္းဆိုတဲ့လူငယ္တစ္ေယာက္နဲ႔ သူတို႔သေဘာမတူတဲ့ၾကားက လက္ထပ္သြားခဲ့ပါတယ္။ အိမ္ခြဲေနၾကတဲ့ ေခြၽးမေဟာင္းျဖစ္သူနဲ႔ေျမးကို စိတ္မခ်တဲ့ မာဂရက္ဟာ ပိုၿပီးစိတ္မခ်ျဖစ္ႏိုင္စရာ ဒြန္နီဝီဘြိဳင္းရဲ႕ ကိုယ္ထိလက္ေရာက္အျပဳအမူေတြ မ်က္ျမင္ေတြ႕လိုက္ရၿပီး သူတို႔အိမ္ကိုလိုက္သြားခ်ိန္မွာေတာ့မိသားစုတစ္ခုလုံး ေျခရာေဖ်ာက္သြားၿပီဆိုတာ သိလိုက္ရပါတယ္။

ဒီလိုနဲ႔ ေဂ်ာ့ခ်္နဲ႔ မာဂရက္တို႔ႏွစ္ေယာက္ ေပ်ာက္သြားတဲ့ ေခြၽးမနဲ႔ေျမးေလးကို ေရေျမတစ္ဆုံး လိုက္ရွာဖို႔ျဖစ္လာပါေတာ့တယ္။ တစ္ဖက္မွာ သူတို႔ရင္ဆိုင္ႀကဳံေတြ႕ရမယ့္ မိသားစုဟာ ေႏြးေထြးၾကင္နာတတ္တဲ့ သူတို႔မိသားစုစ႐ိုက္နဲ႔ ဆန႔္က်င္ဘက္ ႐ိုင္းစိုင္းခက္ထန္သူေတြ ေအာက္တန္းက်ေကာက္က်စ္တတ္တဲ့သူမ်ိဳးေတြဆိုတာ သူတို႔အသိေနာက္က်ခဲ့ပါတယ္။

Let him go ဟာ ရင္နင့္စိတ္ထိခိုက္စရာ မိသားစုဒရာမာကားေကာင္းတစ္ကားျဖစ္သလို Thriller ကားေကာင္းတစ္ကားလဲျဖစ္ေနပါေသးတယ္။ဒီႏွစ္ထဲမွာထြက္ရွိထားတဲ့ကားေတြထဲကရွားရွားပါးပါးကားေကာင္းတစ္ကားျဖစ္ၿပီး လာမယ့္ဆုေပးပြဲေတြမွာ ထင္ေပၚလာႏိုင္စရာဇာတ္ကားတစ္ကားလဲျဖစ္ပါတယ္။ ေဂ်ာ့ခ်္အျဖစ္သ႐ုပ္ေဆာင္တဲ့ Kevin costner နဲ႔ မာဂရက္အျဖစ္သ႐ုပ္ေဆာင္တဲ့ Diane Lane တို႔ကေတာ့ man of steel ထဲက Clark ရဲ႕မိဘေတြပါ။ ဒီကားမွာလဲ အေပးအယူမွ်မွ် လိုက္ဖက္ညီစြာဇာတ္ကို ဦးေဆာင္သြားၾကပါတယ္။

အဓိက သ႐ုပ္ေဆာင္ေတြတင္မက တစ္ခန္းတစ္ေလပါတဲ့သူေတြအက အစအကုန္လုံးအပိုအလိုမရွိကြက္တိျဖစ္ေနလို႔ လက္လြတ္မခံသင့္တဲ့ကားတစ္ကားျဖစ္ပါတယ္။

Credit Review

ဒီဇာတ္ကားကိုဘာသာျပန္ေပးသူကေတာ့ Nyi Nyi ျဖစ္ပါတယ္

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Let Him Go (2020)
Let Him Go (2020)
Let Him Go (2020)
Let Him Go (2020)
Let Him Go (2020)
Let Him Go (2020)
Let Him Go (2020)
Let Him Go (2020)

No downloads available

Related movies