M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Fantastic Four (2015)
Report error

Report error



Unicode

Review ကိုတော့ အရင် FF ကားတွေကိုကြည့်ပီးတဲ့သူတိုင်းသိမှာဖြစ်တဲ့အတွက်မပေးလိုတော့ပါ
သူတို့ရဲ့အကြောင်းပဲ အနည်းအကျဉ်းမိတ်ဆက်ချင်ပါတယ်။Fantastic Four ဇာတ်လမ်းကို Stan Lee က ဖန်တီးရေးသားခဲ့ပြီး ရေးခဲ့ရတဲ့အကြောင်းအရင်းကတော့ အဲ့ဒီအချိန်မှာ DC က Justice League of America ဆိုပြီး Superhero အဖွဲ့ ကိုစတင်မိတ်ဆက် နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် Stan Lee က Marvel ရဲ့ ပထမဆုံး စူပါဟီးရိုး အသင်းကို ဖန်တီးဖို့ အတွက် စီစဉ်ပါတော့တယ်။ ဒါပေမယ့် သူက DC လို လိုက်ပြီး မလုပ်ချင်တာရယ်၊ သူ့ရဲ့ Superhero အဖွဲ့ကို တမူထူးခြားအောင် လုပ်ဖို့စီစဉ်ပါတယ်။ ဒါ့အပြင် Stan က သူ့ရဲ့ အဖွဲ့ကို Secret Identity လည်း မရှိစေချင်သလို ကာတွန်းထဲမှာပါမယ့် Superhero ရဲ့ ချစ်သူ ကို အားနွဲ့တဲ့ မိန်းကလေး မဖြစ်စေချင်ပါဘူး။

Superman နဲ့ Lois Lane လို မဖြစ်စေချင်တာပါ။ Lois က Superman က Clark Kent ဆိုတာမသိသလို သူမကို တစ်ချိန်လုံး ကယ်တင်နေရပါတယ်။ဒါကြောင့် Stan က သူ့ရဲ့ အဖွဲ့ကို လုံး၀ Secret ID မရှိစေပဲ လူသိရှင်ကြား ကြေငြာထားသလို၊ Reed နဲ့ Sue ကလည်း အဖွဲ့သားတွေလည်းဖြစ် ချစ်သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့အချင်းချင်း ဘာလုပ်လည်းဆိုတာလည်း သိသလို Sue Storm (Invisible Woman) က သူတို့အဖွဲ့မှာ အရေးပါတဲ့ member တစ်ယောက် ဖြစ်လာပါတယ်။ ဒါ့အပြင် သာမန် sidekick မထည့်တော့ပဲ လူငယ် အဖွဲ့ဝင်အဖြစ် Johnny Storm (Human Torch) ကို ထည့်ပေးလိုက်ပြီး Sue ရဲ့ မောင်အဖြစ်ထည့်ပေးလိုက်ပါတယ်။ နောက်ဆုံးတစ်ယောက်ကိုတော့ ကျန်တဲ့ အဖွဲ့ဝင်တွေထက် ပိုထူးခြားအောင် လုပ်ချင်တာကြောင့် Ben Grimm ကို Rock Monster အဖြစ် လုပ်ဖန်တီးလိုက်ပြီး The Thing လို့အမည်ပေးလိုက်ပါတယ်။

ဒီကနေ Fantastic Four ဖြစ်လာပြီး သူတို့အဖွဲ့ကို ပထမဆုံး အကြိမ်အဖြစ် Nov 1961 မှာ Fantastic Four issue #1 မှာ စတင်မိတ်ဆက်ခဲ့ပြီး သူတို့ရဲ့ ကိုယ်ပိုင် ကာတွန်းစာအုပ် တွေစတင်ထွက်လာပါတယ်။ ကာတွန်းထဲမှာတော့ သူတို့ Reed Richards က လူငယ်သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး နောင်တစ်ချိန်မှာ Marvel Universe ရဲ့ ဉာဏ်အကောင်း သုံးယောက်ထဲမှာ တစ်ယောက် အပါဝင်ဖြစ်လာပါတယ်။ Comic ထဲမှာ Reed Richard အစိုးရ ရဲ့ လကမ္ဘာထက် ပိုဝေးတဲ့ ဂြိုလ်တွေစီသွားမယ့် အစီအစဉ်မှာ အလုပ် လုပ်နေရင်းပြီး Rocket လည်း ဆောက်ပြီးသွားတဲ့အချိန်မှာ အစိုးရက ငွေထောက်ပံ့နေတာ ရပ်တော့မှာဖြစ်လို့ သူကိုယ်တိုင် Rocket နဲ့ သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီအခါမှာ Reed က သူ့ချစ်သူ Sue Storm ကို လိုက်ပါဖို့ခေါ်ခဲ့ပြီး Sue ရဲ့ မောင်လေး Johnny ကလည်း သူ့အမကို စိတ်မချလို့ မရမက လိုက်လာပါတယ်။

ဒါ့အပြင် Rocket ကို Pilot လုပ်ဖို့ အတွက် သူ့ရဲ့ မိတ်ဆွေ ဖြစ်သူ တစ်ချိန်က လေတပ်ရဲ့ Test Pilot ဖြစ်တဲ့ Ben Grimm ကို အကူအညီတောင်းခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့လေးယောက် Rocket ကို အစောင့်တွေအလစ်မှာ ခိုးဝင်ပြီး အာကာသထဲကို အောင်မြင်စွာ ထွက်လာ နိုင်ခဲ့ပေမယ့် လမ်းမှာ အမှတ်မထင် ပဲ Space Storm တိုက်ခတ်ခြင်းခံရပြီး ဒီ ကနေသူတို့ တွေ ရှေ့မဆက်နိုင်တော့ပဲ ကမ္ဘာပေါ်ကို ပြန်ဆင်းခဲ့ရပါတယ်။ ဒီမှာ ကျွန်းတစ်ကျွန်းပေါ်ကို လေယာဉ်ပျက်ကျပြီး သူတို့ ရဲ့ ကိုယ်ခန္ဓာတွေ ပြောင်းလဲလာကို တွေ့ရပြီး သူတို့ ရဲ့ ပါဝါတွေကို ထိမ်းချုပ်နိုင်လာပြီးတဲ့နောက်မှာ သူတို့ စွမ်းအားကိုသုံးပြီး အဖွဲ့ အနေနဲ့ လူတွေကို ကယ်တင်မယ်လို့ သဘောတူခဲ့ကြပါတယ်။သူတို့ရဲ့ စွမ်းအားတွေက အားလုံးသိပြီးတဲ့အတိုင်း Reed Richards က ရာဘာလိုပဲ ကိုယ်ခန္ဓာကို လိုသလို ဆန့်ထွက်လို့ရသလို၊ Ben Grimm က Rock Monster ဖြစ်သွားပါတယ်။

Johnny ရဲ့ ကိုယ်က မီးတောက် တွေထုတ်လို့ရသလို၊ Sue က ကိုယ်ဖျောက်စွမ်းအားရှိပါတယ်။ Johnny က Human Torch, Sue က Invisible Girl (နောက်ပိုင်းမှာ Invisible Woman), Ben Grimm က The Thing လို့ စူပါဟီးရိုးနာမည် ယူကြပြီး Reed Richard က Mr.Fantastic လို့ အမည်တွင်ခဲ့ပါတယ်။ ဒီလို နာမည်တွင်ရတာ သူရဲ့ ပါဝါကြောင့် မဟုတ်ပဲ သူက အရမ်းတော်တဲ့ သိပ္ပံပညာရှင်တစ်ဦးဖြစ်လို့ဖြစ်ပါတယ်။ ၂၀၀၅ တုန်း ထွက်ခဲ့တဲ့ ရုပ်ရှင်မှာပါတဲ့ Baxter Building လို့ခေါ်တဲ့အထပ်မြင့် တိုက်က သူတို့အဖွဲ့ရဲ့ ဌာနချုပ်ဖြစ်ပါတယ်။
သူတို့အဖွဲ့ရဲ့ Fantastic Four Car ကိုတော့ 2007 ဒုတိယမြောက်ကားမှာ တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Reed Richard က Unstable Molecules ကိုတီထွင်ခဲ့ပြီး ဒီ Molecules တွေနဲ့ သူတို့ဝတ်စုံတွေကို ဖန်တီးထားတာဖြစ်ပါတယ်။

ဒါကြောင့် Reed Richards ရဲ့ ဝတ်စုံက သူနဲ့လိုက်ပြီး ဆန့်ထွက်နိုင်တာဖြစ်သလို Sue ရဲ့ ဝတ်စုံကလည်း သူမကိုယ်ဖျောက်ရင် လိုက်ပျောက်တာဖြစ်ပါတယ်။ အလားတူ Johnny ရဲ့ ဝတ်စုံကလည်း မီးမလောင်တာဖြစ်ပါတယ်။ဒီနေရာမှာ Fantastic Four အကြောင်းပြောရင် ချန်ထားလို့မရတဲ့ အချက်တွေရှိပါတယ်။ ပထမတစ်ခုက သူတို့ရဲ့ အဓိက ဗိလိန် Dr. Doom (Victor Von Doom), ဗီလိန်ကနေ မိတ်ဆွေဖြစ်သွားတဲ့ Silver Surfer နဲ့ Negative Zone တို့ဖြစ်ပါတယ်။ ပထမဆုံး Dr.Doom အကြောင်းအရင်ပြောရရင် သူက Marvel Universe ထဲက စိတ်ကူးယဉ် တိုင်းပြည် Latveria ရဲ့ Dictator တစ်ဦးဖြစ်ပါတယ်။ သူက အရမ်းတော်တဲ့ သိပ္ပံပညာရှင်တစ်ဦးဖြစ်သလို၊ မှော်ဆရာတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူ့တိုင်းပြည်ကိုလည်း အရမ်းချစ်ပါတယ်။ သူက Fantastic Four သာမက Avengers နဲ့လည်း မကြာခဏ ထိပ်တိုက်တွေ့လေ့ရှိပါတယ်။

Negative Zone ဆိုတာကတော့ လက်ရှိ Fantastic Four (2015) ရုပ်ရှင်ထဲမှာ Planet Zero အဖြစ် ဖော်ပြခဲ့တဲ့နေရာဖြစ်ပြီး၊ ကာတွန်းထဲမှာ Reed Richards က ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ Negative Zone က Marvel Civil War ဇာတ်လမ်းတွဲမှာ အရေးပါတဲ့ အရာတစ်ခုဖြစ်ပြီး Reed Richards နဲ့ Iron-Man တို့ နှစ်ယောက်က Negative Zone ထဲမှာ အကျဉ်းထောင် ဆောက်ထားပြီး သူတို့ကို ပုန်ကန်တဲ့ သူမှန်သမျှ ကို အဲ့ဒီမှာ ချုပ်ထားပါတယ်။Silver Surfer ကတော့ ရုပ်ရှင်ထဲမှာပါသလိုပဲ Galactus ရဲ့ ကင်းထောက်ဖြစ်ပြီး Galactus အတွက် ဂြိုလ်တွေကို လိုက်ရှာပေးရတာဖြစ်ပါတယ်။

Galactus က Fantastic Four ရဲ့ အဓိက ဗီလိန် နောက်တစ်ယောက်ဖြစ်ပြီး God-Like creature တစ်ကောင်ဖြစ်ကာ ဂြိုလ်တွေကို စားသုံးပြီး စွမ်းအားရယူတာဖြစ်ပါတယ်။ Silver Surfer က ကမ္ဘာကိုရောက်ပြီး Fantastic Four အဖွဲ့နဲ့ တွေ့တဲ့နောက်မှာ ပေါင်းမိသွားပြီး Galactus ကို တွန်းလှန်ရင်ဆိုင်ခဲ့ပါတယ်။လက်ရှိရုပ်ရှင်ကို Fantastic Four စာအုပ်နဲ့မတူဖူးလို့ ပြောနေကြတာ တကယ်တော့ မဟုတ်ပါဘူး။ သူတို့ က Alternate version ဖြစ်တဲ့ Fantastic Four (Ultimate) ဇာတ်လမ်းကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ ဒီဇာတ်လမ်းတွေမှာ အသက်ပိုငယ်တဲ့ Fantastic Four အဖွဲ့ကို သုံးထားပါတယ်။ Ultimate Story မှာ Reed ကို လူငယ်ဘဝထဲက အရမ်းတော်လို့ အစိုးရသ သူတို့ဆီမှာ အလုပ်လုပ်ဖို့ ခေါ်ခဲ့ပြီး အဲ့ဒီမှာ Sue နဲ့ Johnny Storm တို့နဲ့စတွေ့ခဲ့ပါတယ်။

သူက ကလေးဘဝထဲက အရာဝတ္ထုလေးတွေကို Teleport လို့ဖို့ ကြိုးစားနေပြီး အောင်မြင်အောင်လည်း ပို့နိုင်ပါတယ်။ သူက တစ်ဖက်ကိုရောက်အောင် ပို့နိုင်ပြီး ပြန်မခေါ်တတ်တာပဲ ရှိပါတယ်။ သူပို့လိုက်တဲ့ ပစ္စည်းတွေက Negative Zone ကိုရောက်သွားကြတာဖြစ်ပါတယ်။ဒီ Version မှာ Victor Von Doom က သူတော်တာ တတ်တာကို ကမ္ဘာက သိစေချင်တာဖြစ်သလို၊ Reed Richards နဲ့ပေါင်းပြီး Teleportation Technology ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။

ဒီကနေ Teleportation Device ပေါ်ပေါက်လာပြီး Negative Zone ကို သွားကြတာဖြစ်ပါတယ်။ ဒါက Ultimate FF ရဲ့ Origin ပါ။ ဇာတ်လမ်းမှာက Teleportation Device ကို Quantum Gate လို့ခေါ်ခဲ့ပြီး Negative Zone ကို Planet Zero လို့ပြောင်းခေါ်ထားပါတယ်။ဒါကတော့ FF ရဲ့ Origin ဖြစ်ပြီး ဒီလောက်ဆို သူတို့အကြောင်းကို အနည်းငယ်သိလောက်ပြီထင်ပါတယ်။ဇာတ်လမ်းကတော့ အရင်တုန်းက ဇာတ်လမ်းလောက်မကောင်းသလို IMDb Rating 4.1 ရရှိထားတာကို
သတိပြုရမှာဖြစ်ပါတယ်…

Credit Review

Zawgyi

Review ကိုေတာ့ အရင္ FF ကားေတြကိုၾကည့္ပီးတဲ့သူတိုင္းသိမွာျဖစ္တဲ့အတြက္မေပးလိုေတာ့ပါ
သူတို႔ရဲ႕အေၾကာင္းပဲ အနည္းအက်ဥ္းမိတ္ဆက္ခ်င္ပါတယ္။Fantastic Four ဇာတ္လမ္းကို Stan Lee က ဖန္တီးေရးသားခဲ့ၿပီး ေရးခဲ့ရတဲ့အေၾကာင္းအရင္းကေတာ့ အဲ့ဒီအခ်ိန္မွာ DC က Justice League of America ဆိုၿပီး Superhero အဖြဲ႕ ကိုစတင္မိတ္ဆက္ ေနၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ Stan Lee က Marvel ရဲ႕ ပထမဆုံး စူပါဟီး႐ိုး အသင္းကို ဖန္တီးဖို႔ အတြက္ စီစဥ္ပါေတာ့တယ္။ ဒါေပမယ့္ သူက DC လို လိုက္ၿပီး မလုပ္ခ်င္တာရယ္၊ သူ႔ရဲ႕ Superhero အဖြဲ႕ကို တမူထူးျခားေအာင္ လုပ္ဖို႔စီစဥ္ပါတယ္။ ဒါ့အျပင္ Stan က သူ႔ရဲ႕ အဖြဲ႕ကို Secret Identity လည္း မရွိေစခ်င္သလို ကာတြန္းထဲမွာပါမယ့္ Superhero ရဲ႕ ခ်စ္သူ ကို အားႏြဲ႕တဲ့ မိန္းကေလး မျဖစ္ေစခ်င္ပါဘူး။

Superman နဲ႔ Lois Lane လို မျဖစ္ေစခ်င္တာပါ။ Lois က Superman က Clark Kent ဆိုတာမသိသလို သူမကို တစ္ခ်ိန္လုံး ကယ္တင္ေနရပါတယ္။ဒါေၾကာင့္ Stan က သူ႔ရဲ႕ အဖြဲ႕ကို လုံး၀ Secret ID မရွိေစပဲ လူသိရွင္ၾကား ေၾကျငာထားသလို၊ Reed နဲ႔ Sue ကလည္း အဖြဲ႕သားေတြလည္းျဖစ္ ခ်စ္သူေတြလည္း ျဖစ္ၾကပါတယ္။ သူတို႔အခ်င္းခ်င္း ဘာလုပ္လည္းဆိုတာလည္း သိသလို Sue Storm (Invisible Woman) က သူတို႔အဖြဲ႕မွာ အေရးပါတဲ့ member တစ္ေယာက္ ျဖစ္လာပါတယ္။ ဒါ့အျပင္ သာမန္ sidekick မထည့္ေတာ့ပဲ လူငယ္ အဖြဲ႕ဝင္အျဖစ္ Johnny Storm (Human Torch) ကို ထည့္ေပးလိုက္ၿပီး Sue ရဲ႕ ေမာင္အျဖစ္ထည့္ေပးလိုက္ပါတယ္။ ေနာက္ဆုံးတစ္ေယာက္ကိုေတာ့ က်န္တဲ့ အဖြဲ႕ဝင္ေတြထက္ ပိုထူးျခားေအာင္ လုပ္ခ်င္တာေၾကာင့္ Ben Grimm ကို Rock Monster အျဖစ္ လုပ္ဖန္တီးလိုက္ၿပီး The Thing လို႔အမည္ေပးလိုက္ပါတယ္။

ဒီကေန Fantastic Four ျဖစ္လာၿပီး သူတို႔အဖြဲ႕ကို ပထမဆုံး အႀကိမ္အျဖစ္ Nov 1961 မွာ Fantastic Four issue #1 မွာ စတင္မိတ္ဆက္ခဲ့ၿပီး သူတို႔ရဲ႕ ကိုယ္ပိုင္ ကာတြန္းစာအုပ္ ေတြစတင္ထြက္လာပါတယ္။ ကာတြန္းထဲမွာေတာ့ သူတို႔ Reed Richards က လူငယ္သိပၸံပညာရွင္တစ္ဦးျဖစ္ၿပီး ေနာင္တစ္ခ်ိန္မွာ Marvel Universe ရဲ႕ ဉာဏ္အေကာင္း သုံးေယာက္ထဲမွာ တစ္ေယာက္ အပါဝင္ျဖစ္လာပါတယ္။ Comic ထဲမွာ Reed Richard အစိုးရ ရဲ႕ လကမာၻထက္ ပိုေဝးတဲ့ ၿဂိဳလ္ေတြစီသြားမယ့္ အစီအစဥ္မွာ အလုပ္ လုပ္ေနရင္းၿပီး Rocket လည္း ေဆာက္ၿပီးသြားတဲ့အခ်ိန္မွာ အစိုးရက ေငြေထာက္ပံ့ေနတာ ရပ္ေတာ့မွာျဖစ္လို႔ သူကိုယ္တိုင္ Rocket နဲ႔ သြားမယ္လို႔ ဆုံးျဖတ္လိုက္ပါတယ္။ဒီအခါမွာ Reed က သူ႔ခ်စ္သူ Sue Storm ကို လိုက္ပါဖို႔ေခၚခဲ့ၿပီး Sue ရဲ႕ ေမာင္ေလး Johnny ကလည္း သူ႔အမကို စိတ္မခ်လို႔ မရမက လိုက္လာပါတယ္။

ဒါ့အျပင္ Rocket ကို Pilot လုပ္ဖို႔ အတြက္ သူ႔ရဲ႕ မိတ္ေဆြ ျဖစ္သူ တစ္ခ်ိန္က ေလတပ္ရဲ႕ Test Pilot ျဖစ္တဲ့ Ben Grimm ကို အကူအညီေတာင္းခဲ့ပါတယ္။ ဒီလိုနဲ႔ သူတို႔ေလးေယာက္ Rocket ကို အေစာင့္ေတြအလစ္မွာ ခိုးဝင္ၿပီး အာကာသထဲကို ေအာင္ျမင္စြာ ထြက္လာ ႏိုင္ခဲ့ေပမယ့္ လမ္းမွာ အမွတ္မထင္ ပဲ Space Storm တိုက္ခတ္ျခင္းခံရၿပီး ဒီ ကေနသူတို႔ ေတြ ေရွ႕မဆက္ႏိုင္ေတာ့ပဲ ကမာၻေပၚကို ျပန္ဆင္းခဲ့ရပါတယ္။ ဒီမွာ ကြၽန္းတစ္ကြၽန္းေပၚကို ေလယာဥ္ပ်က္က်ၿပီး သူတို႔ ရဲ႕ ကိုယ္ခႏၶာေတြ ေျပာင္းလဲလာကို ေတြ႕ရၿပီး သူတို႔ ရဲ႕ ပါဝါေတြကို ထိမ္းခ်ဳပ္ႏိုင္လာၿပီးတဲ့ေနာက္မွာ သူတို႔ စြမ္းအားကိုသုံးၿပီး အဖြဲ႕ အေနနဲ႔ လူေတြကို ကယ္တင္မယ္လို႔ သေဘာတူခဲ့ၾကပါတယ္။သူတို႔ရဲ႕ စြမ္းအားေတြက အားလုံးသိၿပီးတဲ့အတိုင္း Reed Richards က ရာဘာလိုပဲ ကိုယ္ခႏၶာကို လိုသလို ဆန႔္ထြက္လို႔ရသလို၊ Ben Grimm က Rock Monster ျဖစ္သြားပါတယ္။

Johnny ရဲ႕ ကိုယ္က မီးေတာက္ ေတြထုတ္လို႔ရသလို၊ Sue က ကိုယ္ေဖ်ာက္စြမ္းအားရွိပါတယ္။ Johnny က Human Torch, Sue က Invisible Girl (ေနာက္ပိုင္းမွာ Invisible Woman), Ben Grimm က The Thing လို႔ စူပါဟီး႐ိုးနာမည္ ယူၾကၿပီး Reed Richard က Mr.Fantastic လို႔ အမည္တြင္ခဲ့ပါတယ္။ ဒီလို နာမည္တြင္ရတာ သူရဲ႕ ပါဝါေၾကာင့္ မဟုတ္ပဲ သူက အရမ္းေတာ္တဲ့ သိပၸံပညာရွင္တစ္ဦးျဖစ္လို႔ျဖစ္ပါတယ္။ ၂၀၀၅ တုန္း ထြက္ခဲ့တဲ့ ႐ုပ္ရွင္မွာပါတဲ့ Baxter Building လို႔ေခၚတဲ့အထပ္ျမင့္ တိုက္က သူတို႔အဖြဲ႕ရဲ႕ ဌာနခ်ဳပ္ျဖစ္ပါတယ္။
သူတို႔အဖြဲ႕ရဲ႕ Fantastic Four Car ကိုေတာ့ 2007 ဒုတိယေျမာက္ကားမွာ ေတြ႕ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ Reed Richard က Unstable Molecules ကိုတီထြင္ခဲ့ၿပီး ဒီ Molecules ေတြနဲ႔ သူတို႔ဝတ္စုံေတြကို ဖန္တီးထားတာျဖစ္ပါတယ္။

ဒါေၾကာင့္ Reed Richards ရဲ႕ ဝတ္စုံက သူနဲ႔လိုက္ၿပီး ဆန႔္ထြက္ႏိုင္တာျဖစ္သလို Sue ရဲ႕ ဝတ္စုံကလည္း သူမကိုယ္ေဖ်ာက္ရင္ လိုက္ေပ်ာက္တာျဖစ္ပါတယ္။ အလားတူ Johnny ရဲ႕ ဝတ္စုံကလည္း မီးမေလာင္တာျဖစ္ပါတယ္။ဒီေနရာမွာ Fantastic Four အေၾကာင္းေျပာရင္ ခ်န္ထားလို႔မရတဲ့ အခ်က္ေတြရွိပါတယ္။ ပထမတစ္ခုက သူတို႔ရဲ႕ အဓိက ဗိလိန္ Dr. Doom (Victor Von Doom), ဗီလိန္ကေန မိတ္ေဆြျဖစ္သြားတဲ့ Silver Surfer နဲ႔ Negative Zone တို႔ျဖစ္ပါတယ္။ ပထမဆုံး Dr.Doom အေၾကာင္းအရင္ေျပာရရင္ သူက Marvel Universe ထဲက စိတ္ကူးယဥ္ တိုင္းျပည္ Latveria ရဲ႕ Dictator တစ္ဦးျဖစ္ပါတယ္။ သူက အရမ္းေတာ္တဲ့ သိပၸံပညာရွင္တစ္ဦးျဖစ္သလို၊ ေမွာ္ဆရာတစ္ဦးလည္းျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔တိုင္းျပည္ကိုလည္း အရမ္းခ်စ္ပါတယ္။ သူက Fantastic Four သာမက Avengers နဲ႔လည္း မၾကာခဏ ထိပ္တိုက္ေတြ႕ေလ့ရွိပါတယ္။

Negative Zone ဆိုတာကေတာ့ လက္ရွိ Fantastic Four (2015) ႐ုပ္ရွင္ထဲမွာ Planet Zero အျဖစ္ ေဖာ္ျပခဲ့တဲ့ေနရာျဖစ္ၿပီး၊ ကာတြန္းထဲမွာ Reed Richards က ရွာေတြ႕ခဲ့တာျဖစ္ပါတယ္။ Negative Zone က Marvel Civil War ဇာတ္လမ္းတြဲမွာ အေရးပါတဲ့ အရာတစ္ခုျဖစ္ၿပီး Reed Richards နဲ႔ Iron-Man တို႔ ႏွစ္ေယာက္က Negative Zone ထဲမွာ အက်ဥ္းေထာင္ ေဆာက္ထားၿပီး သူတို႔ကို ပုန္ကန္တဲ့ သူမွန္သမွ် ကို အဲ့ဒီမွာ ခ်ဳပ္ထားပါတယ္။Silver Surfer ကေတာ့ ႐ုပ္ရွင္ထဲမွာပါသလိုပဲ Galactus ရဲ႕ ကင္းေထာက္ျဖစ္ၿပီး Galactus အတြက္ ၿဂိဳလ္ေတြကို လိုက္ရွာေပးရတာျဖစ္ပါတယ္။

Galactus က Fantastic Four ရဲ႕ အဓိက ဗီလိန္ ေနာက္တစ္ေယာက္ျဖစ္ၿပီး God-Like creature တစ္ေကာင္ျဖစ္ကာ ၿဂိဳလ္ေတြကို စားသုံးၿပီး စြမ္းအားရယူတာျဖစ္ပါတယ္။ Silver Surfer က ကမာၻကိုေရာက္ၿပီး Fantastic Four အဖြဲ႕နဲ႔ ေတြ႕တဲ့ေနာက္မွာ ေပါင္းမိသြားၿပီး Galactus ကို တြန္းလွန္ရင္ဆိုင္ခဲ့ပါတယ္။လက္ရွိ႐ုပ္ရွင္ကို Fantastic Four စာအုပ္နဲ႔မတူဖူးလို႔ ေျပာေနၾကတာ တကယ္ေတာ့ မဟုတ္ပါဘူး။ သူတို႔ က Alternate version ျဖစ္တဲ့ Fantastic Four (Ultimate) ဇာတ္လမ္းကို အသုံးျပဳထားတာျဖစ္ပါတယ္။ အဲ့ ဒီဇာတ္လမ္းေတြမွာ အသက္ပိုငယ္တဲ့ Fantastic Four အဖြဲ႕ကို သုံးထားပါတယ္။ Ultimate Story မွာ Reed ကို လူငယ္ဘဝထဲက အရမ္းေတာ္လို႔ အစိုးရသ သူတို႔ဆီမွာ အလုပ္လုပ္ဖို႔ ေခၚခဲ့ၿပီး အဲ့ဒီမွာ Sue နဲ႔ Johnny Storm တို႔နဲ႔စေတြ႕ခဲ့ပါတယ္။

သူက ကေလးဘဝထဲက အရာဝတၳဳေလးေတြကို Teleport လို႔ဖို႔ ႀကိဳးစားေနၿပီး ေအာင္ျမင္ေအာင္လည္း ပို႔ႏိုင္ပါတယ္။ သူက တစ္ဖက္ကိုေရာက္ေအာင္ ပို႔ႏိုင္ၿပီး ျပန္မေခၚတတ္တာပဲ ရွိပါတယ္။ သူပို႔လိုက္တဲ့ ပစၥည္းေတြက Negative Zone ကိုေရာက္သြားၾကတာျဖစ္ပါတယ္။ဒီ Version မွာ Victor Von Doom က သူေတာ္တာ တတ္တာကို ကမာၻက သိေစခ်င္တာျဖစ္သလို၊ Reed Richards နဲ႔ေပါင္းၿပီး Teleportation Technology ကို ေအာင္ျမင္စြာ တီထြင္ႏိုင္ခဲ့ပါတယ္။

ဒီကေန Teleportation Device ေပၚေပါက္လာၿပီး Negative Zone ကို သြားၾကတာျဖစ္ပါတယ္။ ဒါက Ultimate FF ရဲ႕ Origin ပါ။ ဇာတ္လမ္းမွာက Teleportation Device ကို Quantum Gate လို႔ေခၚခဲ့ၿပီး Negative Zone ကို Planet Zero လို႔ေျပာင္းေခၚထားပါတယ္။ဒါကေတာ့ FF ရဲ႕ Origin ျဖစ္ၿပီး ဒီေလာက္ဆို သူတို႔အေၾကာင္းကို အနည္းငယ္သိေလာက္ၿပီထင္ပါတယ္။ဇာတ္လမ္းကေတာ့ အရင္တုန္းက ဇာတ္လမ္းေလာက္မေကာင္းသလို IMDb Rating 4.1 ရရွိထားတာကို
သတိျပဳရမွာျဖစ္ပါတယ္…

Credit Review

Fantastic Four (2015)
Fantastic Four (2015)
Fantastic Four (2015)
Fantastic Four (2015)
Fantastic Four (2015)
Fantastic Four (2015)
Fantastic Four (2015)
Fantastic Four (2015)
Fantastic Four (2015)
Fantastic Four (2015)

No downloads available

Related movies