M-Sub Movie – Myanmar Subtitle Movies & Series Free Download Website




Unicode

လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက လူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်း အသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို သယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊ CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။ သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီး ဗိုက်ကို အကန်ခံရတာကြောင့် CPH4 အိတ်ပေါက်သွားပြီး ခန္ဓာကိုယ်ထဲကို CPH4 တွေ တိုက်ရိုက်ဝင်ကုန်ပါတယ်။

ပရော်ဖက်ဆာ ဆမ်မြူရယ် နော်မန်ဟာ သက်ရှိတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေ တိုးတက်ပြောင်းလဲလာမှုကို သုတေသနပြု စာတမ်းရေးသားနေသူဖြစ်ပြီး သူ့ရဲ့ သီအိုရီအရ လူသားတွေဟာ သူတို့ဦးနှောက်ရဲ့ ၁၀%ကိုသာ အသုံးပြုနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၂၀%ကို အသုံးပြုနိုင်သူတွေဟာ လင်းပိုင်တွေဖြစ်ပြီး ဆိုနာလှိုင်းတွေကို အသုံးပြုရင်း တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်ကြကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ မေးခွန်းက ဒီ့ထက်ပို အသုံးပြုခဲ့ရင်၊ အဆုံးစွန်ဆုံး ၁၀၀% အသုံးပြုခဲ့ရင် ဘာဖြစ်မလဲ ဆိုတာပါပဲ။
လူစီရဲ့ ခန္ဓာကိုယ်ထဲက CPH4 တွေဟာ ဦးနှောက်နဲ့ အာရုံကြောတွေကို အလွန်အကြူး လှုံ့ဆော်လာတဲ့အခါမှာ သာမန်ထက်ပိုထက် စွမ်းအားတွေ ရလာခဲ့ပါတယ်။

သူ့ကို ဖမ်းဆီးထားတဲ့ လူတွေလက်ထဲကနေ ထွက်ပြေးပြီးနောက် ဆေးရုံကိုသွားပြီး ဗိုက်ထဲက အိတ်ကို ပြန်လည်ထုတ်ယူလိုက်ပါတယ်။ နောက်မှာတော့ Lucy ဟာ သူ့ရဲ့ အခြေအနေကို ရိပ်စားမိသွားပြီး အကယ်၍ ဆေးထုပ်တွေ အကုန်လုံးသား မရခဲ့ရင် ဆဲလ်ကွဲပွားမှုကြောင့် သူသေသွားနိုင်ကြောင်း သိသွားပါတယ်။ ဒါကြောင့် ကိုရီယားလူဆိုးဂိုဏ်းခေါင်းဆောင် ရှိတဲ့ ဟိုတယ်ကိုသွားပြီး ဆေးထုပ်တွေကို ဘယ်လမ်းကြောင်းကနေ ဖြန့်သလဲဆိုတာ စုံစမ်းပါတယ်။

ဆေးထုပ်တွေ ဘယ်ရောက်သွားလဲဆိုတာ သိသွားပြီးနောက်မှာတော့ လူစီဟာ ပရော်ဖက်ဆာ နော်မန်ဆီ ဆက်သွယ်ပါတော့တယ်။ သူမတူတဲ့ စွမ်းအားတွေကို အစမ်းသဘောပြပြီးနောက်မှာတော့ ပရော်ဖက်ဆာက သူနဲ့တွေ့ဖို့ သဘောတူလိုက်ပါတယ်။ အဲဒီနောက်မှာတော့ လူစီဟာ ထိုင်ဝမ်ကနေ ပြင်သစ်ကို ခရီးဆက်ပါတယ်။ ပြင်သစ်က ရဲတစ်ယောက်ဖြစ်တဲ့ Pierre Del Rio ဟာ CPH4 နဲ့ ပတ်သက်တဲ့ သတင်းကို လူစီထံကနေ လက်ခံရရှိပါတယ်။

ထူးခြားတဲ့ လူစီရဲ့ ပြောကြားချက်တွေကြောင့် Del Rio ဟာ လူစီပြောတဲ့အတိုင်း လူဆိုးတွေကို ဖမ်းဆီးနိုင်လိုက်ပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်မှာ လူစီဟာ ဆဲလ်ကွဲပွားမှု အလွန်အကျူး ဖြစ်လာပြီး သတိလစ်သွားတာကြောင့် Del Rio က လာဖမ်းပါတယ်။ ဒါပေမယ့် လာဖမ်းတဲ့ရဲတွေကို လူစီက အလွယ်တကူပဲ နှိမ်နင်းလိုက်ပြီး သူ့ကို ကူညီဖို့ Del Rio ကို ပြောပါတယ်။ မငြင်းနိုင်တဲ့ Del Rio ဟာ လူစီခေါ်ဆောင်ရာ ပါသွားပါတယ်။
လူစီနဲ့ ကိုရီးယား ဂိုဏ်းတို့ ဘယ်လို အားပြိုင်ကြမလဲ။ ပရော်ဖက်ဆာကရော သူ့ကို ဘယ်လို ကူညီမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါကုန်။

Credit Review

Zawgyi

လူစီဟာ ထိုင္ဝမ္ႏိုင္ငံ တိုင္ေပၿမိဳ႕မွာ ေက်ာင္းတက္ေနတဲ့ ေက်ာင္းသူတစ္ေယာက္ပါ။ သူ႔ရဲ႕ ရည္းစားက သူ႔ကို လိမ္ေခၚလာတာေၾကာင့္ ကိုရီးယားက လူဆိုးအဖြဲ႕တစ္ဖြဲ႕ဆီမွာ အဖမ္းခံရပါတယ္။ သူ႔ရည္းစားလည္း အသတ္ခံရၿပီး သူကေတာ့ CPH4 လို႔ေခၚတဲ့ စိတ္ႂကြေဆးတစ္မ်ိဳးကို သယ္ေဆာင္ေပးဖို႔ အၾကပ္ကိုင္ခံရပါတယ္။ ဘယ္လို သယ္ေဆာင္ေပးရမလဲဆိုေတာ့ သူ႔ဗိုက္ကိုခြဲ၊ CPH4 အိတ္ကို ဗိုက္ထဲ ထည့္ေပးလိုက္ပါတယ္။ သူလိုမ်ိဳး ထည့္ေပးခံလိုက္ရသူ ၄ ဦးရွိၿပီး မတူညီတဲ့ ေနရာေတြဆီ ပို႔ေပးရမွာပါ။ ဒါေပမယ့္ သူ႔ကို ေစာင့္ေပးရတဲ့ လူဆိုးတစ္ေယာက္နဲ႔ ျပႆနာတက္ၿပီး ဗိုက္ကို အကန္ခံရတာေၾကာင့္ CPH4 အိတ္ေပါက္သြားၿပီး ခႏၶာကိုယ္ထဲကို CPH4 ေတြ တိုက္႐ိုက္ဝင္ကုန္ပါတယ္။

ပေရာ္ဖက္ဆာ ဆမ္ျမဴရယ္ ေနာ္မန္ဟာ သက္ရွိေတြရဲ႕ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာေတြ တိုးတက္ေျပာင္းလဲလာမႈကို သုေတသနျပဳ စာတမ္းေရးသားေနသူျဖစ္ၿပီး သူ႔ရဲ႕ သီအိုရီအရ လူသားေတြဟာ သူတို႔ဦးေႏွာက္ရဲ႕ ၁၀%ကိုသာ အသုံးျပဳေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ၂၀%ကို အသုံးျပဳႏိုင္သူေတြဟာ လင္းပိုင္ေတြျဖစ္ၿပီး ဆိုနာလႈိင္းေတြကို အသုံးျပဳရင္း တစ္ေကာင္နဲ႔တစ္ေကာင္ ဆက္သြယ္ၾကေၾကာင္းလည္း ရွင္းျပခဲ့ပါတယ္။ ေမးခြန္းက ဒီ့ထက္ပို အသုံးျပဳခဲ့ရင္၊ အဆုံးစြန္ဆုံး ၁၀၀% အသုံးျပဳခဲ့ရင္ ဘာျဖစ္မလဲ ဆိုတာပါပဲ။
လူစီရဲ႕ ခႏၶာကိုယ္ထဲက CPH4 ေတြဟာ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာေတြကို အလြန္အၾကဴး လႈံ႕ေဆာ္လာတဲ့အခါမွာ သာမန္ထက္ပိုထက္ စြမ္းအားေတြ ရလာခဲ့ပါတယ္။

သူ႔ကို ဖမ္းဆီးထားတဲ့ လူေတြလက္ထဲကေန ထြက္ေျပးၿပီးေနာက္ ေဆး႐ုံကိုသြားၿပီး ဗိုက္ထဲက အိတ္ကို ျပန္လည္ထုတ္ယူလိုက္ပါတယ္။ ေနာက္မွာေတာ့ Lucy ဟာ သူ႔ရဲ႕ အေျခအေနကို ရိပ္စားမိသြားၿပီး အကယ္၍ ေဆးထုပ္ေတြ အကုန္လုံးသား မရခဲ့ရင္ ဆဲလ္ကြဲပြားမႈေၾကာင့္ သူေသသြားႏိုင္ေၾကာင္း သိသြားပါတယ္။ ဒါေၾကာင့္ ကိုရီယားလူဆိုးဂိုဏ္းေခါင္းေဆာင္ ရွိတဲ့ ဟိုတယ္ကိုသြားၿပီး ေဆးထုပ္ေတြကို ဘယ္လမ္းေၾကာင္းကေန ျဖန႔္သလဲဆိုတာ စုံစမ္းပါတယ္။

ေဆးထုပ္ေတြ ဘယ္ေရာက္သြားလဲဆိုတာ သိသြားၿပီးေနာက္မွာေတာ့ လူစီဟာ ပေရာ္ဖက္ဆာ ေနာ္မန္ဆီ ဆက္သြယ္ပါေတာ့တယ္။ သူမတူတဲ့ စြမ္းအားေတြကို အစမ္းသေဘာျပၿပီးေနာက္မွာေတာ့ ပေရာ္ဖက္ဆာက သူနဲ႔ေတြ႕ဖို႔ သေဘာတူလိုက္ပါတယ္။ အဲဒီေနာက္မွာေတာ့ လူစီဟာ ထိုင္ဝမ္ကေန ျပင္သစ္ကို ခရီးဆက္ပါတယ္။ ျပင္သစ္က ရဲတစ္ေယာက္ျဖစ္တဲ့ Pierre Del Rio ဟာ CPH4 နဲ႔ ပတ္သက္တဲ့ သတင္းကို လူစီထံကေန လက္ခံရရွိပါတယ္။

ထူးျခားတဲ့ လူစီရဲ႕ ေျပာၾကားခ်က္ေတြေၾကာင့္ Del Rio ဟာ လူစီေျပာတဲ့အတိုင္း လူဆိုးေတြကို ဖမ္းဆီးႏိုင္လိုက္ပါတယ္။ ဒါေပမယ့္ ေလယာဥ္ေပၚမွာ လူစီဟာ ဆဲလ္ကြဲပြားမႈ အလြန္အက်ဴး ျဖစ္လာၿပီး သတိလစ္သြားတာေၾကာင့္ Del Rio က လာဖမ္းပါတယ္။ ဒါေပမယ့္ လာဖမ္းတဲ့ရဲေတြကို လူစီက အလြယ္တကူပဲ ႏွိမ္နင္းလိုက္ၿပီး သူ႔ကို ကူညီဖို႔ Del Rio ကို ေျပာပါတယ္။ မျငင္းႏိုင္တဲ့ Del Rio ဟာ လူစီေခၚေဆာင္ရာ ပါသြားပါတယ္။
လူစီနဲ႔ ကိုရီးယား ဂိုဏ္းတို႔ ဘယ္လို အားၿပိဳင္ၾကမလဲ။ ပေရာ္ဖက္ဆာကေရာ သူ႔ကို ဘယ္လို ကူညီမလဲဆိုတာကိုေတာ့ ဆက္လက္ရႈစားၾကပါကုန္။

Credit Review

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)
Lucy (2014)

No downloads available

Related movies