Unicode
ဂျက်ကီချန်းရဲ့ အောင်မြင်တဲ့ကားတွေထဲက တစ်ကားဆိုလည်းမမှားပါဘူး..
ဂျက်ကီချန်းရဲ့ကားတွေထုံးစံအတိုင်း အက်ရှင်ခန်းတွေဝေဝေဆာဆာနဲ့
ကြည့်ရင်းနဲ့လည်း ရယ်ရတဲ့အခိုက်အတန့်ဖြစ်လာရသလို သံယောဇဉ်ဆိုတာ ဖြတ်တောက်ဖို့မလွယ်ဘူးဆိုတာကို
ကလေးတယောက်ကို ချစ်တဲ့ သူခိုးကြီး၂ယောက်အသွင် သရုပ်ဆောင်ပြသွားပါတယ်..
Thongs (ဂျက်ကီချန်း)နဲ့ Octopus(Louis Koo)တို့က Professional သူခိုးတွေပါ… ဒါမေယ့် သူတို့သူခိုးမှာလည်း ထားတဲ့ သစ္စာဆိုတာရှိပါတယ်… သူခိုးပေမဲ့ လူမသတ်ဘူး.. သူများသားမယားမဖျက်စီးဘူး. .ပြီးတော့ သက်မဲ့ပစ္စည်းပဲ ခိုးကြတာပေါ့ ..
တစ်နေ့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူတို့၂ယောက် နူးညံ့တဲ့ကလေးတယောက်ကို ရုတ်တရက်ကြီး ပြန်ပေးဆွဲဖြစ်သွားတဲ့ အခါ………
သံယောဇဉ်နဲ့မေတ္တတရားရယ်လို့ မသိခဲ့တဲ့ လူကြမ်းကြီးနှစ်ယောက် လသားအရွယ်ကလေးလေးကိုထိန်းရင်း ဘယ်လိုဒုက္ခရောက်ခဲ့ရတယ်ဆိုတာကို ဟာသနှောပြီး ရိုက်ပြထားသလို … ကလေးလေးနဲ့ ခွဲရမယ့်အခါမှာလဲ မျက်ရည်လည်လောက်အောင် ဇာတ်လမ်းဆင်ပေးထားပါတယ်..
IMDb rating 6.7 ရရှိထားပြီး 2006 ခုနှစ်ရဲ့ Chinese Box Office မှာ ထိပ်ဆုံးအဆင့်ကရပ်တည်ခဲ့တဲ့ကားဖြစ်ပါတယ်…
Credit Review
Zawgyi
ဂ်က္ကီခ်န္းရဲ႕ ေအာင္ျမင္တဲ့ကားေတြထဲက တစ္ကားဆိုလည္းမမွားပါဘူး..
ဂ်က္ကီခ်န္းရဲ႕ကားေတြထုံးစံအတိုင္း အက္ရွင္ခန္းေတြေဝေဝဆာဆာနဲ႔
ၾကည့္ရင္းနဲ႔လည္း ရယ္ရတဲ့အခိုက္အတန႔္ျဖစ္လာရသလို သံေယာဇဥ္ဆိုတာ ျဖတ္ေတာက္ဖို႔မလြယ္ဘူးဆိုတာကို
ကေလးတေယာက္ကို ခ်စ္တဲ့ သူခိုးႀကီး၂ေယာက္အသြင္ သ႐ုပ္ေဆာင္ျပသြားပါတယ္..
Thongs (ဂ်က္ကီခ်န္း)နဲ႔ Octopus(Louis Koo)တို႔က Professional သူခိုးေတြပါ… ဒါေမယ့္ သူတို႔သူခိုးမွာလည္း ထားတဲ့ သစၥာဆိုတာရွိပါတယ္… သူခိုးေပမဲ့ လူမသတ္ဘူး.. သူမ်ားသားမယားမဖ်က္စီးဘူး. .ၿပီးေတာ့ သက္မဲ့ပစၥည္းပဲ ခိုးၾကတာေပါ့ ..
တစ္ေန႔ ၾကမ္းၾကမ္းတမ္းတမ္းနဲ႔ ဘဝကို ျဖတ္သန္းေနတဲ့သူတို႔၂ေယာက္ ႏူးညံ့တဲ့ကေလးတေယာက္ကို ႐ုတ္တရက္ႀကီး ျပန္ေပးဆြဲျဖစ္သြားတဲ့ အခါ………
သံေယာဇဥ္နဲ႔ေမတၱတရားရယ္လို႔ မသိခဲ့တဲ့ လူၾကမ္းႀကီးႏွစ္ေယာက္ လသားအ႐ြယ္ကေလးေလးကိုထိန္းရင္း ဘယ္လိုဒုကၡေရာက္ခဲ့ရတယ္ဆိုတာကို ဟာသေႏွာၿပီး ႐ိုက္ျပထားသလို … ကေလးေလးနဲ႔ ခြဲရမယ့္အခါမွာလဲ မ်က္ရည္လည္ေလာက္ေအာင္ ဇာတ္လမ္းဆင္ေပးထားပါတယ္..
IMDb rating 6.7 ရရွိထားၿပီး 2006 ခုႏွစ္ရဲ႕ Chinese Box Office မွာ ထိပ္ဆုံးအဆင့္ကရပ္တည္ခဲ့တဲ့ကားျဖစ္ပါတယ္…
Credit Review