Unicode
ဒီတစ်ခါမှာတော့ 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ ကာတွန်းကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ
IMDB 6.6 အထိရရှိထားပြီး မင်းသားကြီး Hugh Jackman နဲ့ Kate Winslet တို့က အဓိကအသံသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်
ရော်ဒီဆိုတဲ့ အိမ်မွေးကြွက်ကလေးတစ်ကောင်ဟာ မိတ်ဆွေအပေါင်းအသင်းမရှိပဲ အထီးကျန်စွာနေရသူတစ်ယောက်ပါ
တစ်နေ့မှာတော့ ထူးဆန်းတဲ့ကြွက်တစ်ကောင်က သူ့ဆီရောက်လာပြီး သူ့နေရာကိုအပိုင်စီးလိုက်ပါတော့တယ်
အဲ့ဒီနောက်မှာတော့ ရော်ဒီဟာ ရေဆိုးမြောင်းထဲကို နှင်ချခံရပြီး မြေအောက်မြို့တစ်မြို့ကိုရောက်ရှိသွားပါတယ်
အိမ်ပြန်လမ်းကိုရှာဖွေရာမှ ‘ရီတာ’ ဆိုတဲ့ကြွက်မလေးတစ်ကောင်နဲ့ဆုံတွေ့မိတယ်
ရီတာဟာ လူဆိုးအဖွဲ့တစ်ဖွဲ့နဲ့ပြဿနာရှိထားသူတစ်ဦးဖြစ်ပြီး ရော်ဒီပါဝင်ပတ်သက်မိတဲ့နောက်ပိုင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ
အိမ်ပြန်ဖို့ကြိုးစားနေတဲ့ ရော်ဒီတစ်ယောက် အန္တရာယ်တွေကြားကနေ လွတ်မြောက်နိုင်ပါ့မလား…
ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဖန်တီးထားတာမို့ အချိန်ပေးရကျိုးနပ်မဲ့ ကာတွန်းကားကောင်းလေး တစ်ကားပါပဲ
Credit Review
Zawgyi
Credit Review