M-Sub Movie – Myanmar Subtitle Movies & Series Free Download Website




Unicode

မင်းသမီးချော Kate Maraရဲ့ ရုပ်ရှင်ဇာတ်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်တော်တော်များများဟာ ခွေးချစ်တတ်သူတွေဆိုရင် ခွေးအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားတွေ ကြည့်ဖူးကြမှာပါ။ ခွေးနဲ့ သူ့သခင်တို့ရဲ့ ချစ်ခင်မှုတွေကိုပြတဲ့ ဇာတ်ကားတွေဟာ နှစ်တိုင်းလိုလိုထွက်ရှိလာပါတယ်။ 2015မှာ Maxဆိုတဲ့ကား ထွက်ခဲ့ပြီး 2017ထဲမှာလဲ A Dog’s Purposeဆိုတဲ့ ဇာတ်ကားတွေ ထွက်ရှိခဲ့ပါတယ်။ ခု 2017ထဲ ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ Meghan Leaveyဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးထွက်လာခဲ့ပါတယ် Meghan Leavey ဆိုတာကတော့ ကောင်မလေးတစ်ယောက်ပါဗျာ စစ်သမီးတစ်ယောက်ပေါ့

သူဟာ USရဲ့ Marineတပ်မှာ အလုပ်လုပ်နေရင်း Iraqမှာ တာဝန်ထမ်းဆောင်ဖို့ ခိုင်းစေခံခဲ့ရပါတယ် ဒီလိုနဲ့အီရတ်စစ်မြေပြင်လဲရောက်ရော Rexဆိုတဲ့ စစ်ခွေးလေးနဲ့တွေ့ဆုံခဲ့ပါတယ် သူနဲ့ခွေးကလေး Rexဟာ အဲ့အချိန်ကစလို့ သွားအတူလာအတူဖြစ်ခဲ့ကြတယ် Iraqစစ်မြေပြင်ပေါ်က ဒဏ်ရာကစစ်သားတွေကိုလဲ အတူတူကယ်ခဲ့ကြပါတယ် IMDbမှာတောင် 7.1ရထားတဲ့ကားဖြစ်ပြီး box officeမှာလဲ ၁၃သန်းကျော်ဝင်ငွေရထားတဲ့ကားပါ မင်းသမီး Kate Maraအပြင် Harry Potter Franchiseထဲက Tom Feltonလဲပါဝင်သရုပ်ဆောင်ပါတယ် Movie Triviaတစ်ခုပြောတာကတော့ အပြင်က တစ်ကယ့် Meghan Leaveyနဲ့ မင်းသမီး Kate Maraတို့ဟာ 1983ခုနှစ်မှာပဲ မွေးဖွားခဲ့ပါတယ်တဲ့။

Credit Review

Zawgyi



Credit Review

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Megan Leavey (2017)
Megan Leavey (2017)
Megan Leavey (2017)
Megan Leavey (2017)
Megan Leavey (2017)
Megan Leavey (2017)
Megan Leavey (2017)
Megan Leavey (2017)
Megan Leavey (2017)
Megan Leavey (2017)

No downloads available

Related movies