M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Blu-ray 1080p Breaking Surface (2020)
Report error

Report error



Unicode

ဇာတ်လမ်းအကျဥ်းကို ပြောရရင်တော့ လူသူအသွားလာ ရှားပါးတဲ့ နော်ဝေးမြောက်ပိုင်းမှာ ခရစ်စမတ် အားလပ်ရက်အတွင်း အမေ့အိမ်ကို ပြန်လာတဲ့ အီဒါ နဲ့ သူ့ အမေတူ အဖေကွဲ ညီမလေးတုဗွါတို့ ငယ်ငယ်ကတည်းက လုပ်လေ့ရှိတဲ့ ရေငုပ်ကြဖို့ ဆုံးဖြတ်ခဲ့ရာမှာ ညီမဖြစ်သူ ရေအောက်မှာ ကျောက်တုံးအောက်ပိတ်မိလို့ ကယ်တင်ဖို့ ကြိုးစားရတဲ့ သည်းထိတ်ရင်ဖို အမျိုးစားဖြစ်ပါတယ်

ဒီတော့ ဇာတ်လမ်းဇာတ်အိမ်ကတော့ သိပ်မထူးခြားလှပါဘူး ။ ဟုတ်ပါတယ် ထူးထူးဆန်းဆန်းရယ်လို့ မပါပါဘူး ။ ကြာချိန်ကလည်း ၁နာရီ ကျော်ကျော်လေးသာ ရှိပါတယ် ။ ဒါပေမဲ့ Setting ပိုင်းရော Production ပိုင်းရောက ကောင်းပါတယ် ။ ကြည့်နေတဲ့ အချိန်တွင်း Landscape တွေကလည်း မျက်တောင်တစ်ချက် မမှိတ်မိအောင်ကို ဆွဲဆောင်မှုရှိပါတယ် ။

” နင့် ညီမသေသွားရင် နင့်မှာ တာဝန်ရှိတယ် ” ဆိုပြီး ငယ်ကတည်းက မိခင်က နောက် ယောက်ကျားနဲ့ ရတဲ့ ညီမငယ်ကို ပိုပြီး မျက်နှာသာပေးတယ်လို့ မှတ်ယူခဲ့ပြီး အီဒါတစ်ယောက် စိတ်အားငယ်ခဲ့ရ ၊ သိမ်ငယ်ခဲ့ရတယ် ။ ပြီးတော့လည်း ဒါတွေက မိဘတွေ ကွာရှင်းခဲ့ရတာကြောင့်လို့ ယူဆထားခဲ့ပါတယ် ။

ဒီလိုနဲ့ အီဒါက မိခင်နဲ့ ဝေးရာကို ထွက်သွားခဲ့ပြီး ကိုယ်ပိုင်မိသားစု တစ်ခု ထူထောင်နိုင်ခဲ့တာတောင် သူ့ရဲ့ စိတ်ဒဏ်ရာက မပျောက်ခဲ့ပါဘူး။ အဆင်မပြေနိုင်တဲ့အိမ်ထောင်ရေးကို ကလေးတွေ မျက်နှာနဲ့ ဒုက္ခခံပြီး ညှိဖို့ ကြိုးစားနေသူပါ ။

ဒီအကြောင်းကိုလည်း မိခင်ရဲ့ အထင်သေးမှုကို ခံရမှာဆိုးလို့ ရင်မဖွင့်နိုင်အောင် ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းပါးပါတယ် ။

ဒါပေမဲ့ သူ့ညီမ တုဗွါကတော့ Confidence အပြည့်ရှိတယ် ။ မိခင်ရဲ့ ယုံကြည်မှု ၊ အားပေးမှုကိုရထားတာကိုး ။ တုဗွါနဲ့ သူတို့အမေက အမှတ်တရတွေ များသလောက် အီဒါ့မှာ မယ်မယ်ရရ ထောက်ပြစရာမရှိပါဘူး ။

ဒီဟာတွေထဲကမှ အီဒါမှာ ငယ်ငယ်ကတည်းက ခြောက်လှန့်လာခဲ့တဲ့ အိမ်မက်ဆိုး တစ်ခုရှိတယ် ။ တုဗွါ ရေနစ်တော့ မကယ်နိုင်ခဲ့တာပါ ။ ဒီတစ်ခါရော သူ့ ညီမလေးကို မိခင်ရဲ့ အကူညီမပါပဲ ကယ်တင်နိုင်ပါ့အုန်းမလားဆိုတာ အဖြေရှာရမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်

နော်ဝေးမင်းသမီးချောနှစ်ယောက်ဖြစ်တဲ့ Moa Gammel ( အီဒါ ) နဲ့ Madeleine Martin ( တုဗွါ ) တို့ အ​ပိုလိုမရှိ သရုပ်ဆောင်ထားပါတယ်

Credit Review

ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Kaung Myat Hein ဖြစ်ပါတယ်

Zawgyi

ဇာတ္လမ္းအက်ဥ္းကို ေျပာရရင္ေတာ့ လူသူအသြားလာ ရွားပါးတဲ့ ေနာ္ေဝးေျမာက္ပိုင္းမွာ ခရစ္စမတ္ အားလပ္ရက္အတြင္း အေမ့အိမ္ကို ျပန္လာတဲ့ အီဒါ နဲ႔ သူ႔ အေမတူ အေဖကြဲ ညီမေလးတုဗြါတို႔ ငယ္ငယ္ကတည္းက လုပ္ေလ့ရွိတဲ့ ေရငုပ္ၾကဖို႔ ဆုံးျဖတ္ခဲ့ရာမွာ ညီမျဖစ္သူ ေရေအာက္မွာ ေက်ာက္တုံးေအာက္ပိတ္မိလို႔ ကယ္တင္ဖို႔ ႀကိဳးစားရတဲ့ သည္းထိတ္ရင္ဖို အမ်ိဳးစားျဖစ္ပါတယ္

ဒီေတာ့ ဇာတ္လမ္းဇာတ္အိမ္ကေတာ့ သိပ္မထူးျခားလွပါဘူး ။ ဟုတ္ပါတယ္ ထူးထူးဆန္းဆန္းရယ္လို႔ မပါပါဘူး ။ ၾကာခ်ိန္ကလည္း ၁နာရီ ေက်ာ္ေက်ာ္ေလးသာ ရွိပါတယ္ ။ ဒါေပမဲ့ Setting ပိုင္းေရာ Production ပိုင္းေရာက ေကာင္းပါတယ္ ။ ၾကည့္ေနတဲ့ အခ်ိန္တြင္း Landscape ေတြကလည္း မ်က္ေတာင္တစ္ခ်က္ မမွိတ္မိေအာင္ကို ဆြဲေဆာင္မႈရွိပါတယ္ ။

” နင့္ ညီမေသသြားရင္ နင့္မွာ တာဝန္ရွိတယ္ ” ဆိုၿပီး ငယ္ကတည္းက မိခင္က ေနာက္ ေယာက္က်ားနဲ႔ ရတဲ့ ညီမငယ္ကို ပိုၿပီး မ်က္ႏွာသာေပးတယ္လို႔ မွတ္ယူခဲ့ၿပီး အီဒါတစ္ေယာက္ စိတ္အားငယ္ခဲ့ရ ၊ သိမ္ငယ္ခဲ့ရတယ္ ။ ၿပီးေတာ့လည္း ဒါေတြက မိဘေတြ ကြာရွင္းခဲ့ရတာေၾကာင့္လို႔ ယူဆထားခဲ့ပါတယ္ ။

ဒီလိုနဲ႔ အီဒါက မိခင္နဲ႔ ေဝးရာကို ထြက္သြားခဲ့ၿပီး ကိုယ္ပိုင္မိသားစု တစ္ခု ထူေထာင္ႏိုင္ခဲ့တာေတာင္ သူ႔ရဲ႕ စိတ္ဒဏ္ရာက မေပ်ာက္ခဲ့ပါဘူး။ အဆင္မေျပႏိုင္တဲ့အိမ္ေထာင္ေရးကို ကေလးေတြ မ်က္ႏွာနဲ႔ ဒုကၡခံၿပီး ညႇိဖို႔ ႀကိဳးစားေနသူပါ ။

ဒီအေၾကာင္းကိုလည္း မိခင္ရဲ႕ အထင္ေသးမႈကို ခံရမွာဆိုးလို႔ ရင္မဖြင့္ႏိုင္ေအာင္ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ နည္းပါးပါတယ္ ။

ဒါေပမဲ့ သူ႔ညီမ တုဗြါကေတာ့ Confidence အျပည့္ရွိတယ္ ။ မိခင္ရဲ႕ ယုံၾကည္မႈ ၊ အားေပးမႈကိုရထားတာကိုး ။ တုဗြါနဲ႔ သူတို႔အေမက အမွတ္တရေတြ မ်ားသေလာက္ အီဒါ့မွာ မယ္မယ္ရရ ေထာက္ျပစရာမရွိပါဘူး ။

ဒီဟာေတြထဲကမွ အီဒါမွာ ငယ္ငယ္ကတည္းက ေျခာက္လွန္႔လာခဲ့တဲ့ အိမ္မက္ဆိုး တစ္ခုရွိတယ္ ။ တုဗြါ ေရနစ္ေတာ့ မကယ္ႏိုင္ခဲ့တာပါ ။ ဒီတစ္ခါေရာ သူ႔ ညီမေလးကို မိခင္ရဲ႕ အကူညီမပါပဲ ကယ္တင္ႏိုင္ပါ့အုန္းမလားဆိုတာ အေျဖရွာရမွာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္

ေနာ္ေဝးမင္းသမီးေခ်ာႏွစ္ေယာက္ျဖစ္တဲ့ Moa Gammel ( အီဒါ ) နဲ႔ Madeleine Martin ( တုဗြါ ) တို႔ အ​ပိုလိုမရွိ သ႐ုပ္ေဆာင္ထားပါတယ္

Credit Review

ဒီဇာတ္ကားကိုဘာသာျပန္ေပးသူကေတာ့ Kaung Myat Hein ျဖစ္ပါတယ္

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Breaking Surface (2020)
Breaking Surface (2020)
Breaking Surface (2020)
Breaking Surface (2020)
Breaking Surface (2020)
Breaking Surface (2020)
Breaking Surface (2020)

No downloads available

Related movies