M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Web-dl 1080p Begum Jaan (2017)
Report error

Report error



Unicode

ဒီဇာတ်ကားကို ပါကစ္စတန်မှာပြသခွင့်ပိတ်ထားပါတယ်တဲ့။ဇာတ်ကားကလည်း စွန်းမိုက်တာကိုး။
နိုင်ငံရေး၊ ဘာသာရေး။ လူမျိုးရေး အမုန်းတွေ၊ လူမှုအသိုင်းအဝိုင်ထဲက မိန်းမဘဝ လုံခြုံမှုပြသနာတွေ ကို အမိုက်စားရိုက်ပြထားတယ်။
စစချင်းအဖွင့်မှာ ဘတ်စ်ကားပေါ်မှာ စုံတွဲတတွဲကို ယောကျာ်းတအုပ်က အုပ်စုဖွဲ့ အနိုင်ကျင့်ဖို့ကြိုးစား
မိန်းကလေးကို အဓမ္မကျင့်ဖို့ ချိန်မှာ အရုပ်လးပိုက်ထားတဲ့ စိတ်မနှံ့တဲ့အဖွားအိုတယောက် ရောက်လာပြီး ကောင်မလေးရှေ့ကနေ ဝင်ရပ်လိုက်တယ်။
ပြီးတော့ အဖွားအိုက သူ့အဝတ်တွေအကုန်ချွတ်ပစ်လိုက်တယ်။ အဲဒီမှာ မုဒိန်းကျင့်မယ့်ကောင်တွေက အံ့သြ လန့်ဖျန့်ပြီးပြေးပါလေရော။
အဝတ်တွေချွတ်ချလိုက်တဲ့ အဖွားအိုက ဘယ်သူလဲ။ဘာကြောင့် မုဒိန်းကောင်တွေကို အဝတ်တွေ ချွတ်ပြလဲဆိုတာကနေ “ဘေဂွန်ဂျန်” ဆိုတဲ့ ပြည့်တန်ဆာတွေ ရဲ့ God mother -ခေါင်းကိုင်မိခင်ကြီး ဇာတ်လမ်းဆီကို ဆွဲခေါ်သွားတယ်။
1947 ခုနှစ်ကာလ အိန္ဒိယကို နှစ်ပိုင်းခွဲပြီး တပိုင်းကို ပါကစ္စတန်အဖြစ် ခွဲထုတ်ဖို့ နယ်ခြားမျဉ်းသတ်မှတ်လိုက်ကြတယ်။နယ်ခြားမျဉ်းသတ်မှတ်ရေး တာဝန်ခံ Mr. Radcliffe ကိုအစွဲပြုပြီး Radcliffe line လို့ သမိုင်းကျန်ခဲ့တာပေါ့။
နယ်ခြားမျဉ်းကို မြေပုံပေါ်ကနေ မျဉ်းလေးတကြောင်းနဲ့ ဆွဲချလိုက်တာ လွယ်သလောက် ဟိုဘက်ဒီဘက်ဆိုပြီးခွဲခြားခံလိုက်ရတဲ့ ဒေသခံတွေရဲ့ ဘဝတွေကတော့ ကျိုးပဲ့ကြေမွကုန်တော့တာပဲ။
ဒီအထဲမှာမှ နယ်ခြားမျဉ်းအလယ်တည့်တည့်ရောက်နေတဲ့ ဘေဂွန်ဂျန်ရဲ့ ပြည့်တန်ဆာ စံအိမ်ကြီးအကြောင်းက ဇာတ်လမ်းတပုဒ်ဖြစ်လာတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ပေးစားခံရ၊ နောက်တော့ မုဆိုးမဖြစ်လို့ လင်ဘက်က မောင်းထုတ်ခံပြီး ပြည့်တန်ဆာဖြစ်၊ အဆိုအတီးကောင်းလို့ နာမည်ရပြီး ပြည့်တန်ဆာခေါင်းဘဝနဲ့ ဇာတိကို ပြန်ရောက်လာတယ်
ဘေဂွန်ဂျန် ဘာလဲဆိုတာ ပြသွားတဲ့ ဇာတ်ကွက်က ရေလည်မိုက်တယ်။
ဂန်ဂျာရှုရင်း ကုတင်မှာ အနှိပ်ခံနေတဲ့ သူ့ဆီကို မျက်နှာမှာ အညိုအမဲဒဏ်ရာ ဗလဗွနဲ့ ချာတိတ်မလေးတယောက် ရောက်လာတယ်။
မုဒိန်းကျင့်ခံရလို့ သူ့အဖေက သူ့ကိုလက်မခံပဲ ဒီကိုပို့လိုက်တာတဲ့။
ခလေးမကို မေးစေ့လေးဆွဲမပြီး တော်တော်နာကျင်မှာပဲလို့ စာနာတဲ့လေသံနဲ့ ပြောပေမယ့် အသေကောင်လို ငြိမ်ပြီး ဘာမှပြန်မပြောတဲ့ ကလေးမလေးကို ပါးတွေချည်း ဆက်တိုက် လှိမ့်ရိုက်တာဆိုတာ အချက်၂၀ လောက်ရှိမယ်။
မခံနိုင်တဲ့အဆုံး ချာတိတ်မက အာခေါင်ခြစ် အော်ငိုပါလေရော။ အဲဒီတော့မှ ဘေဂွန်ဂျန်က ပြုံးပြီး “အခုတော့ ပွင့်ထွက်သွားပြီ ၊ ဒါဆို နင့်ဘဝ ရှေ့ဆက်လို့ရပြီ”တဲ့
အိန္ဒိယပြည်ကြီး လွပ်လပ်ရေးရလို့ အောင်ပွဲခံတဲ့အနေနဲ့ မီးပန်းတွေဖောက် မုန့်ချိုတွေလာကျွေးတဲ့ ပညာတတ် နိုင်ငံရေးသမားကို ဘေဂွန်ဂျန်ကမေးတယ်
“ပြည့်တန်ဆာအတွက် အောင်ပွဲခံရမယ့်နေ့က ဖောက်သည်ရှိတဲ့နေလား၊ ဖောက်သည်မရှိတဲ့နေ့လားဖြေကြည့်စမ်းပါ”တဲ့
“လွပ်လပ်ရေးဆိုတာ ယောကျာၤးတွေအတွက်ပဲ ဒီနိုင်ငဲက အမေတွေ နှမတွေ သမီးတွေ အားလုံး ငရဲကျနေတုန်းပဲ”တဲ့
“မီးမှိတ်လိုက်ရင် ပြည့်တန်ဆာအတွက်နေ့တိုင်းကအတူတူပဲ၊ အပိုတွေလာလုပ်မနေနဲ့” ဆိုပြီး တုတ်လွှတ်လိုက်တယ်။
နန်းကျဘုရင် အားကိုးရှိနေတဲ့ ဘေဂွန်ဂျန်ကို လွယ်လွယ်မောင်းထုတ်လို့မရလို့ ကဘီးဆိုတဲ့ ဗီလိန်ကောင်ကို အစိုးရမင်းများက အကူအညီ တောင်းရပါတော့တယ်။
“ဘယ်ဘက်ခြမ်းမှာ ပြသနာဖန်တီးပေးရမလဲ ပြော နှစ်ဘက်လုံးမဗာ ငါ့လူတွေအဆင့်သင့်ရှိတယ်” ဆိုပဲ။ကြက်သီးထစရာကြီး။
သူ့စံအိမ်က မိန်းမတွေအားလုံးဟာ နာကျည်းရွံရှာစရာ အတိတ်တွေကိုယ်စီနဲ့ရှိနေတာကို ပါးပါးလေးနဲ့ ထိအောင်ရိုက်ပြသွားတယ်။
My body, My House, My country, My Rules ဆိုတဲ့ ဘေဂွန်ဂျန်တယာက် သူ့စံအိမ်ကြီးကို ဘယ်လိုကာကွယ်သွားလဲ၊ အကျီ်ချွတ်တဲ့ အဘွားအိုက ဘေဂွန်ဂျန်နဲ့ ဘယ်လိုပတ်သတ်လဲဆို တာ ဇာတ်ကားမှာအသေးစိတ်ခံစားကြည့်ရှုကြပါ လို့။
မင်းသမီးက ဘီသရာ ဗာလန် –
ဇတ်လမ်းနောက်ခံစကားပြောသူက အမီတာဘဂျန်းတဲ့ ။ သရုပ်ဆောင်တွေက သူ့နေရာနဲ့သူ ကွက်တိပဲ။ ကြည့်လိုက်ကြဦး

Credit Review

Zawgyi

ဒီဇာတ္ကားကို ပါကစၥတန္မွာျပသခြင့္ပိတ္ထားပါတယ္တဲ့။ဇာတ္ကားကလည္း စြန္းမိုက္တာကိုး။
ႏိုင္ငံေရး၊ ဘာသာေရး။ လူမ်ိဳးေရး အမုန္းေတြ၊ လူမႈအသိုင္းအဝိုင္ထဲက မိန္းမဘဝ လုံၿခဳံမႈျပသနာေတြ ကို အမိုက္စား႐ိုက္ျပထားတယ္။
စစခ်င္းအဖြင့္မွာ ဘတ္စ္ကားေပၚမွာ စုံတြဲတတြဲကို ေယာက်ာ္းတအုပ္က အုပ္စုဖြဲ႕ အႏိုင္က်င့္ဖို႔ႀကိဳးစား
မိန္းကေလးကို အဓမၼက်င့္ဖို႔ ခ်ိန္မွာ အ႐ုပ္လးပိုက္ထားတဲ့ စိတ္မႏွံ႔တဲ့အဖြားအိုတေယာက္ ေရာက္လာၿပီး ေကာင္မေလးေရွ႕ကေန ဝင္ရပ္လိုက္တယ္။
ၿပီးေတာ့ အဖြားအိုက သူ႔အဝတ္ေတြအကုန္ခြၽတ္ပစ္လိုက္တယ္။ အဲဒီမွာ မုဒိန္းက်င့္မယ့္ေကာင္ေတြက အံ့ၾသ လန႔္ဖ်န႔္ၿပီးေျပးပါေလေရာ။
အဝတ္ေတြခြၽတ္ခ်လိုက္တဲ့ အဖြားအိုက ဘယ္သူလဲ။ဘာေၾကာင့္ မုဒိန္းေကာင္ေတြကို အဝတ္ေတြ ခြၽတ္ျပလဲဆိုတာကေန “ေဘဂြန္ဂ်န္” ဆိုတဲ့ ျပည့္တန္ဆာေတြ ရဲ႕ God mother -ေခါင္းကိုင္မိခင္ႀကီး ဇာတ္လမ္းဆီကို ဆြဲေခၚသြားတယ္။
1947 ခုႏွစ္ကာလ အိႏၵိယကို ႏွစ္ပိုင္းခြဲၿပီး တပိုင္းကို ပါကစၥတန္အျဖစ္ ခြဲထုတ္ဖို႔ နယ္ျခားမ်ဥ္းသတ္မွတ္လိုက္ၾကတယ္။နယ္ျခားမ်ဥ္းသတ္မွတ္ေရး တာဝန္ခံ Mr. Radcliffe ကိုအစြဲျပဳၿပီး Radcliffe line လို႔ သမိုင္းက်န္ခဲ့တာေပါ့။
နယ္ျခားမ်ဥ္းကို ေျမပုံေပၚကေန မ်ဥ္းေလးတေၾကာင္းနဲ႔ ဆြဲခ်လိုက္တာ လြယ္သေလာက္ ဟိုဘက္ဒီဘက္ဆိုၿပီးခြဲျခားခံလိုက္ရတဲ့ ေဒသခံေတြရဲ႕ ဘဝေတြကေတာ့ က်ိဳးပဲ့ေၾကမြကုန္ေတာ့တာပဲ။
ဒီအထဲမွာမွ နယ္ျခားမ်ဥ္းအလယ္တည့္တည့္ေရာက္ေနတဲ့ ေဘဂြန္ဂ်န္ရဲ႕ ျပည့္တန္ဆာ စံအိမ္ႀကီးအေၾကာင္းက ဇာတ္လမ္းတပုဒ္ျဖစ္လာတယ္။
ငယ္ငယ္႐ြယ္႐ြယ္နဲ႔ လင္ေပးစားခံရ၊ ေနာက္ေတာ့ မုဆိုးမျဖစ္လို႔ လင္ဘက္က ေမာင္းထုတ္ခံၿပီး ျပည့္တန္ဆာျဖစ္၊ အဆိုအတီးေကာင္းလို႔ နာမည္ရၿပီး ျပည့္တန္ဆာေခါင္းဘဝနဲ႔ ဇာတိကို ျပန္ေရာက္လာတယ္
ေဘဂြန္ဂ်န္ ဘာလဲဆိုတာ ျပသြားတဲ့ ဇာတ္ကြက္က ေရလည္မိုက္တယ္။
ဂန္ဂ်ာရႈရင္း ကုတင္မွာ အႏွိပ္ခံေနတဲ့ သူ႔ဆီကို မ်က္ႏွာမွာ အညိဳအမဲဒဏ္ရာ ဗလဗြနဲ႔ ခ်ာတိတ္မေလးတေယာက္ ေရာက္လာတယ္။
မုဒိန္းက်င့္ခံရလို႔ သူ႔အေဖက သူ႔ကိုလက္မခံပဲ ဒီကိုပို႔လိုက္တာတဲ့။
ခေလးမကို ေမးေစ့ေလးဆြဲမၿပီး ေတာ္ေတာ္နာက်င္မွာပဲလို႔ စာနာတဲ့ေလသံနဲ႔ ေျပာေပမယ့္ အေသေကာင္လို ၿငိမ္ၿပီး ဘာမွျပန္မေျပာတဲ့ ကေလးမေလးကို ပါးေတြခ်ည္း ဆက္တိုက္ လွိမ့္႐ိုက္တာဆိုတာ အခ်က္၂၀ ေလာက္ရွိမယ္။
မခံႏိုင္တဲ့အဆုံး ခ်ာတိတ္မက အာေခါင္ျခစ္ ေအာ္ငိုပါေလေရာ။ အဲဒီေတာ့မွ ေဘဂြန္ဂ်န္က ၿပဳံးၿပီး “အခုေတာ့ ပြင့္ထြက္သြားၿပီ ၊ ဒါဆို နင့္ဘဝ ေရွ႕ဆက္လို႔ရၿပီ”တဲ့
အိႏၵိယျပည္ႀကီး လြပ္လပ္ေရးရလို႔ ေအာင္ပြဲခံတဲ့အေနနဲ႔ မီးပန္းေတြေဖာက္ မုန႔္ခ်ိဳေတြလာေကြၽးတဲ့ ပညာတတ္ ႏိုင္ငံေရးသမားကို ေဘဂြန္ဂ်န္ကေမးတယ္
“ျပည့္တန္ဆာအတြက္ ေအာင္ပြဲခံရမယ့္ေန႔က ေဖာက္သည္ရွိတဲ့ေနလား၊ ေဖာက္သည္မရွိတဲ့ေန႔လားေျဖၾကည့္စမ္းပါ”တဲ့
“လြပ္လပ္ေရးဆိုတာ ေယာက်ာၤးေတြအတြက္ပဲ ဒီႏိုင္ငဲက အေမေတြ ႏွမေတြ သမီးေတြ အားလုံး ငရဲက်ေနတုန္းပဲ”တဲ့
“မီးမွိတ္လိုက္ရင္ ျပည့္တန္ဆာအတြက္ေန႔တိုင္းကအတူတူပဲ၊ အပိုေတြလာလုပ္မေနနဲ႔” ဆိုၿပီး တုတ္လႊတ္လိုက္တယ္။
နန္းက်ဘုရင္ အားကိုးရွိေနတဲ့ ေဘဂြန္ဂ်န္ကို လြယ္လြယ္ေမာင္းထုတ္လို႔မရလို႔ ကဘီးဆိုတဲ့ ဗီလိန္ေကာင္ကို အစိုးရမင္းမ်ားက အကူအညီ ေတာင္းရပါေတာ့တယ္။
“ဘယ္ဘက္ျခမ္းမွာ ျပသနာဖန္တီးေပးရမလဲ ေျပာ ႏွစ္ဘက္လုံးမဗာ ငါ့လူေတြအဆင့္သင့္ရွိတယ္” ဆိုပဲ။ၾကက္သီးထစရာႀကီး။
သူ႔စံအိမ္က မိန္းမေတြအားလုံးဟာ နာက်ည္း႐ြံရွာစရာ အတိတ္ေတြကိုယ္စီနဲ႔ရွိေနတာကို ပါးပါးေလးနဲ႔ ထိေအာင္႐ိုက္ျပသြားတယ္။
My body, My House, My country, My Rules ဆိုတဲ့ ေဘဂြန္ဂ်န္တယာက္ သူ႔စံအိမ္ႀကီးကို ဘယ္လိုကာကြယ္သြားလဲ၊ အက်ီ္ခြၽတ္တဲ့ အဘြားအိုက ေဘဂြန္ဂ်န္နဲ႔ ဘယ္လိုပတ္သတ္လဲဆို တာ ဇာတ္ကားမွာအေသးစိတ္ခံစားၾကည့္ရႈၾကပါ လို႔။
မင္းသမီးက ဘီသရာ ဗာလန္ –
ဇတ္လမ္းေနာက္ခံစကားေျပာသူက အမီတာဘဂ်န္းတဲ့ ။ သ႐ုပ္ေဆာင္ေတြက သူ႔ေနရာနဲ႔သူ ကြက္တိပဲ။ ၾကည့္လိုက္ၾကဦး

Credit Review

Begum Jaan (2017)
Begum Jaan (2017)
Begum Jaan (2017)

No downloads available

Related movies