Unicode
ကြည့်ပါများလို့သတိထားမိသလောက်ပြောရရင် လူကြိုက်များလို့ကောင်းတယ်သတ်မှတ်ခံရတာ မဟုတ်ဘဲ
တကယ်ကောင်းတဲ့ ရုပ်ရှင်အကုန်လုံးနီးပါးမှာတူညီတာတစ်ခုရှိပါတယ်။ ရုပ်ရှင်ရိုက်နေပေမဲ့
ရုပ်ရှင်မဆန်တဲ့ အချက်ပါပဲ။
ဒီလိုရုပ်ရှင်တွေထဲကဇာတ်ကောင်တွေဟာ လူသိပ်ဆန်ပါတယ်။
မကြီးကျယ်ဘူး မမြင့်မြတ်ဘူး။လုပ်ချင်တာလုပ်နေကြတဲ့လူတွေပါပဲ။
အထူးသဖြင့် အရှေ့တိုင်းရဲ့ ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်တွေဟာ ရေနီးမြေနီးဓလေ့နီးတဲ့ ကျွန်တော်တို့ရင်ထဲကို ၀င်လွယ်ပါတယ်။
အနောက်တိုင်းဘက်မှာတော့ ဘုံတူညီမှုတစ်ခုကိုသာ မကြည့်ဘဲ
တစ်ကားလုံးချုံကြည့်ရရင် အရှေ့တိုင်းရုပ်ရှင်ထက်နည်းနည်းရင်ထဲ၀င်ဖို့ခဲပါတယ်။
ဒီလို၀င်နိုင်တဲ့ကားက မရှားပေမယ့် မများလှပါဘူး။
အခုဒီဒိန်းမတ်ရုပ်ရှင်က ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်မျိုးပါပဲ။
ဒီရုပ်ရှင်ဟာ အရက်သမားတစ်အုပ်အကြောင်းပါပဲ။
သူတို့မှာဖော်ပြပါအရည်အသွေးအပြည့်ရှိပါတယ်။
ဇာတ်အိမ်ကတော့…သက်လတ်ပိုင်းကျောင်းဆရာတစ်စုနဲ့ သူတို့ရဲ့သက်လတ်ပိုင်းမပြေလည်မှုတစ်ချို့ပေါ်တည်ထားပါတယ်။
သူတို့စကားအတိုင်းပြောရရင်လူ့ခန္ဓာကိုယ်မှာ မွေးကတည်းက အယ်ကိုဟော 0.05%ပါပါတယ်။
ပြောရရင် ဒီအယ်ကိုဟောနှုန်းကိုထိန်းထားခြင်းက စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက်ကောင်းတယ်
Createive ပိုဖြစ် Realxပိုဖြစ်တယ်ပေါ့ဗျာ။
ဒီတော့ အရက်ကိုကျန်းမာရေးအတွက် စသောက်ဖြစ်ရာကနေ ဘယ်လိုတွေ
အထိန်းအကွပ်မဲ့သည့်တိုင် ဖြစ်သွားလဲဆိုတာကို ပြထားတယ်လို့ပဲ အကျဉ်းဆိုရမယ်။
သဘောကျစရာကောင်းတာက သူတို့မူးပြီးသောင်းကြမ်းကြတဲ့အခန်းတွေက
အရိုးရဲ့ယိုင်တိုင်ယိုင်တိုင်မဟာပုရိသသီချင်းကို ဒိန်းမတ်စတိုင်သရုပ်ဖော်ထားသလိုပါပဲ
ကျွန်တော်တော့ကြည့်နေရင်း အရိုးသီချင်းပဲပြေးမြင်တယ်။
ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မသိပေမယ့်ကျွန်တော့်ပတ်၀န်းကျင်က လူတွေအတော်များများကတော့
သက်လတ်ပိုင်းစိတ်ဓာတ်ကျဆင်းမှုနဲ့အတူအရက်သမားဖြစ်လာကြသူတွေများပါတယ်။
ဒီနေရာမှာ ဒီရုပ်ရှင်ဟာ realisticဖြစ်ဖို့ဘက်ကို စကတည်းကဦးတည်ထားတာသိသာပါတယ်။
ကျောင်းဆရာတွေရဲ့ စရိုက်ကိုပုံဖော်ပုံကလည်းပုံဖော်ပုံလဲထိုနည်း၎င်းပါပဲ။
ဒါရိုက်တာကတော့ The Huntတို့ Celebrationတို့လို ဒရာမာကားကောင်းတွေရိုက်ထားတဲ့ Thomas Vinterbergပါ။
မင်းသား ဒါရိုက်တာ ဘာမှပြောစရာမရှိပေမယ့် ရုပ်ရှင်မဆန်တာလွန်သွားလို့ပဲလားတော့မသိပါဘူး
Cinematography ပိုင်းမှာတော့ သာမန်အမြင်အရ ပြောလောက်စရာ ဘာမှမတွေ့မိပါဘူး။
အော်စကာပွဲမှာ Best International Film ဆုအတွက်
ဒိန်းမတ်ပြည်ရဲ့ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရထားပါတယ်
အော်စကာရချင်ရမယ့် ရုပ်ရှင်ပါပဲ။
တစ်ခုရှိတာက ရုပ်ရှင်ရဲ့နာမည်ကိုက “Another round”ပါ။
တစ်ကားလုံးအရက်ကိုပဲအဓိကထားရိုက်ပြထားတာပါ။
ကျန်တာကောင်းတာဘာညာအသာထား
အရက်နဲ့ပက်သက်တဲ့ ဗဟုသုတတိုးချင်ရင်တော့
မိတ်ဆွေကြည့်ကိုကြည့်သင့်ပါတယ်။
တွေ့ကြုံဖူးသလောက်ဆို ကျွန်တော်တို့ထဲက အတော်များများကတော့
လူလတ်ပိုင်းလောက်မှာ အရက်သမားဖြစ်မှန်းမသိဖြစ်လာကြမှာပါ။
ဒီတော့ အဲ့ဒီကာလမရောက်ခင် ရှောင်ရန်ဆောင်ရန်သိရအောင်ကြိုကြည့်ထားသင့်တယ်လို့အကြံပေးချင်ပါတယ်။
ဒိုင်တစ်ပေါက်က လျှမ်းလျှမ်းတောက်ပါတယ်။
Credit Review
ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Nyi Nyi ဖြစ်ပါတယ်
Zawgyi
ၾကည့္ပါမ်ားလို႔သတိထားမိသေလာက္ေျပာရရင္ လူႀကိဳက္မ်ားလို႔ေကာင္းတယ္သတ္မွတ္ခံရတာ မဟုတ္ဘဲ
တကယ္ေကာင္းတဲ့ ႐ုပ္ရွင္အကုန္လုံးနီးပါးမွာတူညီတာတစ္ခုရွိပါတယ္။ ႐ုပ္ရွင္႐ိုက္ေနေပမဲ့
႐ုပ္ရွင္မဆန္တဲ့ အခ်က္ပါပဲ။
ဒီလို႐ုပ္ရွင္ေတြထဲကဇာတ္ေကာင္ေတြဟာ လူသိပ္ဆန္ပါတယ္။
မႀကီးက်ယ္ဘူး မျမင့္ျမတ္ဘူး။လုပ္ခ်င္တာလုပ္ေနၾကတဲ့လူေတြပါပဲ။
အထူးသျဖင့္ အေရွ႕တိုင္းရဲ႕ ႐ုပ္ရွင္မဆန္တဲ့႐ုပ္ရွင္ေတြဟာ ေရနီးေျမနီးဓေလ့နီးတဲ့ ကြၽန္ေတာ္တို႔ရင္ထဲကို ၀င္လြယ္ပါတယ္။
အေနာက္တိုင္းဘက္မွာေတာ့ ဘုံတူညီမႈတစ္ခုကိုသာ မၾကည့္ဘဲ
တစ္ကားလုံးခ်ဳံၾကည့္ရရင္ အေရွ႕တိုင္း႐ုပ္ရွင္ထက္နည္းနည္းရင္ထဲ၀င္ဖို႔ခဲပါတယ္။
ဒီလို၀င္ႏိုင္တဲ့ကားက မရွားေပမယ့္ မမ်ားလွပါဘူး။
အခုဒီဒိန္းမတ္႐ုပ္ရွင္က ႐ုပ္ရွင္မဆန္တဲ့႐ုပ္ရွင္မ်ိဳးပါပဲ။
ဒီ႐ုပ္ရွင္ဟာ အရက္သမားတစ္အုပ္အေၾကာင္းပါပဲ။
သူတို႔မွာေဖာ္ျပပါအရည္အေသြးအျပည့္ရွိပါတယ္။
ဇာတ္အိမ္ကေတာ့…သက္လတ္ပိုင္းေက်ာင္းဆရာတစ္စုနဲ႔ သူတို႔ရဲ႕သက္လတ္ပိုင္းမေျပလည္မႈတစ္ခ်ိဳ႕ေပၚတည္ထားပါတယ္။
သူတို႔စကားအတိုင္းေျပာရရင္လူ႔ခႏၶာကိုယ္မွာ ေမြးကတည္းက အယ္ကိုေဟာ 0.05%ပါပါတယ္။
ေျပာရရင္ ဒီအယ္ကိုေဟာႏႈန္းကိုထိန္းထားျခင္းက စိတ္နဲ႔ခႏၶာ က်န္းမာေရးအတြက္ေကာင္းတယ္
Createive ပိုျဖစ္ Realxပိုျဖစ္တယ္ေပါ့ဗ်ာ။
ဒီေတာ့ အရက္ကိုက်န္းမာေရးအတြက္ စေသာက္ျဖစ္ရာကေန ဘယ္လိုေတြ
အထိန္းအကြပ္မဲ့သည့္တိုင္ ျဖစ္သြားလဲဆိုတာကို ျပထားတယ္လို႔ပဲ အက်ဥ္းဆိုရမယ္။
သေဘာက်စရာေကာင္းတာက သူတို႔မူးၿပီးေသာင္းၾကမ္းၾကတဲ့အခန္းေတြက
အ႐ိုးရဲ႕ယိုင္တိုင္ယိုင္တိုင္မဟာပုရိသသီခ်င္းကို ဒိန္းမတ္စတိုင္သ႐ုပ္ေဖာ္ထားသလိုပါပဲ
ကြၽန္ေတာ္ေတာ့ၾကည့္ေနရင္း အ႐ိုးသီခ်င္းပဲေျပးျမင္တယ္။
ခင္ဗ်ားတို႔ပတ္ဝန္းက်င္ေတာ့ မသိေပမယ့္ကြၽန္ေတာ့္ပတ္၀န္းက်င္က လူေတြအေတာ္မ်ားမ်ားကေတာ့
သက္လတ္ပိုင္းစိတ္ဓာတ္က်ဆင္းမႈနဲ႔အတူအရက္သမားျဖစ္လာၾကသူေတြမ်ားပါတယ္။
ဒီေနရာမွာ ဒီ႐ုပ္ရွင္ဟာ realisticျဖစ္ဖို႔ဘက္ကို စကတည္းကဦးတည္ထားတာသိသာပါတယ္။
ေက်ာင္းဆရာေတြရဲ႕ စ႐ိုက္ကိုပုံေဖာ္ပုံကလည္းပုံေဖာ္ပုံလဲထိုနည္း၎ပါပဲ။
ဒါ႐ိုက္တာကေတာ့ The Huntတို႔ Celebrationတို႔လို ဒရာမာကားေကာင္းေတြ႐ိုက္ထားတဲ့ Thomas Vinterbergပါ။
မင္းသား ဒါ႐ိုက္တာ ဘာမွေျပာစရာမရွိေပမယ့္ ႐ုပ္ရွင္မဆန္တာလြန္သြားလို႔ပဲလားေတာ့မသိပါဘူး
Cinematography ပိုင္းမွာေတာ့ သာမန္အျမင္အရ ေျပာေလာက္စရာ ဘာမွမေတြ႕မိပါဘူး။
ေအာ္စကာပြဲမွာ Best International Film ဆုအတြက္
ဒိန္းမတ္ျပည္ရဲ႕ ကိုယ္စားျပဳ ယွဥ္ၿပိဳင္ခြင့္ရထားပါတယ္
ေအာ္စကာရခ်င္ရမယ့္ ႐ုပ္ရွင္ပါပဲ။
တစ္ခုရွိတာက ႐ုပ္ရွင္ရဲ႕နာမည္ကိုက “Another round”ပါ။
တစ္ကားလုံးအရက္ကိုပဲအဓိကထား႐ိုက္ျပထားတာပါ။
က်န္တာေကာင္းတာဘာညာအသာထား
အရက္နဲ႔ပက္သက္တဲ့ ဗဟုသုတတိုးခ်င္ရင္ေတာ့
မိတ္ေဆြၾကည့္ကိုၾကည့္သင့္ပါတယ္။
ေတြ႕ႀကဳံဖူးသေလာက္ဆို ကြၽန္ေတာ္တို႔ထဲက အေတာ္မ်ားမ်ားကေတာ့
လူလတ္ပိုင္းေလာက္မွာ အရက္သမားျဖစ္မွန္းမသိျဖစ္လာၾကမွာပါ။
ဒီေတာ့ အဲ့ဒီကာလမေရာက္ခင္ ေရွာင္ရန္ေဆာင္ရန္သိရေအာင္ႀကိဳၾကည့္ထားသင့္တယ္လို႔အႀကံေပးခ်င္ပါတယ္။
ဒိုင္တစ္ေပါက္က လွ်မ္းလွ်မ္းေတာက္ပါတယ္။
Credit Review
ဒီဇာတ္ကားကိုဘာသာျပန္ေပးသူကေတာ့ Nyi Nyi ျဖစ္ပါတယ္