M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Web-dl 1080p Raya and the Last Dragon (2021)
Report error

Report error



Unicode

ဒီတစ်ခါမှာတော့ စိတ်ကူးယဉ်ကာတွန်းဇာတ်လမ်းကြိုက်နှစ်သက်သူတွေ နှစ်သက်သဘောကျမယ့် ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင် March 3/2021မှာထွက်ရှိထားတာဖြစ်ပြီး lMDb 7.8/10ရရှိထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာဆိုရင် မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာတဲ့ နဂါးအမြုတေပြန်ရဖို့ ရာယာဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ စွန့်စားကြိုးပမ်းမှုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

ရှေးတုန်းက ကွန်မန်ဒရာဆိုတဲ့နိုင်ငံကြီးတစ်နိုင်ငံရှိပါတယ်။ နိုင်ငံသူနိုင်ငံသားတွေဟာ နဂါးတွေနဲ့အတူယှဉ်တွဲနေထိုင်ကြပါတယ်။ နဂါးတွေက နိုင်ငံသူနိုင်ငံသားတွေအတွက် မိုးရေနဲ့ငြိမ်းချမ်းမှုကို သယ်ဆောင်လာပေးပါတယ်။ တစ်နေ့မှာတော့ မိစ္ဆာဒရွန်းရောက်လာပြီး အားလုံးကိုစားသုံးပစ်လိုက်ပါတယ်။ နဂါးတွေရော လူတွေရောကျောက်တုံးတွေအဖြစ်ကျန်ရစ်ခဲ့ပါတယ်။ နောက်ဆုံးနဂါးအမြုတေက လူသားတွေကို မိစ္ဆာရန်ကနေ ကာကွယ်ပေးခဲ့ပါတယ်။ တန်ခိုးကြီးတဲ့နဂါးအမြုတေကိုပိုင်ဆိုင်ဖို့ကြိုးစားကြရင်း ကွန်မန်ဒရာနိုင်ငံကြီးဟာ အပိုင်းငါးပိုင်းကွဲသွားပါတော့တယ်။နဂါးအမြုတေကို အကြီးအကဲဘန်ဂျာရဲ့ ဟက်ခ်နိုင်ငံတော်မှာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

အကြီးအကဲ ဘန်ဂျာက တစ်စိတ်တစ်ဝမ်းကွဲနေကြတဲ့နိုင်ငံငါးခုကို ပြန်လည်စုစည်းပြီး ကွန်မန်ဒရာနိုင်ငံတော်ကြီးကို ပြန်လည်ထူထောင်ချင်ခဲ့ပါတယ်။ နဂါးအမြုတေကို လက်ဆင့်ကမ်းထိန်းသိမ်းဖို့ သူ့ရဲ့သမီး ရာယာကို တာဝန်လွှဲပေးလိုက်ပါတယ်။ ဘန်ဂျာဟာ ငါးနိုင်ငံက အကြီးအကဲတွေကို ဖိတ်ခေါ်ပြီး ကွန်မန်ဒရာနိုင်ငံကြီးကိုပြန်လည်ထူထောင်ဖို့ ဆွေးနွေးပါတယ်။ ဒါပေမယ့် သူထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ လူတွေဟာ နဂါးအမြုတေကိုဘဲအပိုင်သိမ်းချင်နေကြပါတယ်။ ဒီလိုနဲ့ လောဘသမားတွေကြောင့် နဂါးအမြုတေဟာအပိုင်းပိုင်းပျက်စီးသွားပြီး မိစ္ဆာဒရွန်း ပြန်လည်နိုးထလာပါတော့တယ်။ ရန်သူကိုမျက်စိမှိတ်ယုံစားမိတဲ့အတွက် ဘန်ဂျာဟာ ကျောက်တုံးအသွင်နဲ့ကျန်ရစ်ခဲ့ပါတယ်။ အပိုင်းပိုင်းဖြစ်သွားတဲ့ နဂါးအမြုတေအားလုံးကို ပြန်လည်စုစည်းဖို့နဲ့ ဘန်ဂျာကိုကယ်တင်ဖို့တာဝန်ဟာ ရာယာဆီရောက်လာပါတယ်။ ဒီအန္တရာယ်အခက်အခဲတွေကို ရာယာဘယ်လိုရင်ဆိုင်မလဲ?နဂါးအမြုတေကို တစ်စုတစ်စည်းတည်း ပြန်လည်စုစည်းနိုင်မလား? ဘယ်လိုစွန့်စားမှုတွေနဲ့ကြုံတွေ့ရမလဲဆိုတာ ဆက်လက်ကြည့်ရှူလိုက်ပါဦး ပရိသတ်ကြီးရေ….

Credit Review

ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Khaing Zar Thwe ဖြစ်ပါတယ်

Zawgyi

ဒီတစ္ခါမွာေတာ့ စိတ္ကူးယဥ္ကာတြန္းဇာတ္လမ္းႀကိဳက္ႏွစ္သက္သူေတြ ႏွစ္သက္သေဘာက်မယ့္ ဇာတ္ကားေလးတစ္ကားနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီဇာတ္ကားေလးဟာဆိုရင္ March 3/2021မွာထြက္ရွိထားတာျဖစ္ၿပီး lMDb 7.8/10ရရွိထားတဲ့ ဇာတ္ကားေကာင္းေလး တစ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားေလးထဲမွာဆိုရင္ မ်ိဳး႐ိုးစဥ္ဆက္ထိန္းသိမ္းလာတဲ့ နဂါးအျမဳေတျပန္ရဖို႔ ရာယာဆိုတဲ့ မိန္းမငယ္ေလးတစ္ေယာက္ရဲ႕ စြန႔္စားႀကိဳးပမ္းမႈေတြကိုျမင္ေတြ႕ရမွာျဖစ္ပါတယ္။

ေရွးတုန္းက ကြန္မန္ဒရာဆိုတဲ့ႏိုင္ငံႀကီးတစ္ႏိုင္ငံရွိပါတယ္။ ႏိုင္ငံသူႏိုင္ငံသားေတြဟာ နဂါးေတြနဲ႔အတူယွဥ္တြဲေနထိုင္ၾကပါတယ္။ နဂါးေတြက ႏိုင္ငံသူႏိုင္ငံသားေတြအတြက္ မိုးေရနဲ႔ၿငိမ္းခ်မ္းမႈကို သယ္ေဆာင္လာေပးပါတယ္။ တစ္ေန႔မွာေတာ့ မိစာၦဒ႐ြန္းေရာက္လာၿပီး အားလုံးကိုစားသုံးပစ္လိုက္ပါတယ္။ နဂါးေတြေရာ လူေတြေရာေက်ာက္တုံးေတြအျဖစ္က်န္ရစ္ခဲ့ပါတယ္။ ေနာက္ဆုံးနဂါးအျမဳေတက လူသားေတြကို မိစာၦရန္ကေန ကာကြယ္ေပးခဲ့ပါတယ္။ တန္ခိုးႀကီးတဲ့နဂါးအျမဳေတကိုပိုင္ဆိုင္ဖို႔ႀကိဳးစားၾကရင္း ကြန္မန္ဒရာႏိုင္ငံႀကီးဟာ အပိုင္းငါးပိုင္းကြဲသြားပါေတာ့တယ္။နဂါးအျမဳေတကို အႀကီးအကဲဘန္ဂ်ာရဲ႕ ဟက္ခ္ႏိုင္ငံေတာ္မွာ ထိန္းသိမ္းေစာင့္ေရွာက္ထားပါတယ္။

အႀကီးအကဲ ဘန္ဂ်ာက တစ္စိတ္တစ္ဝမ္းကြဲေနၾကတဲ့ႏိုင္ငံငါးခုကို ျပန္လည္စုစည္းၿပီး ကြန္မန္ဒရာႏိုင္ငံေတာ္ႀကီးကို ျပန္လည္ထူေထာင္ခ်င္ခဲ့ပါတယ္။ နဂါးအျမဳေတကို လက္ဆင့္ကမ္းထိန္းသိမ္းဖို႔ သူ႔ရဲ႕သမီး ရာယာကို တာဝန္လႊဲေပးလိုက္ပါတယ္။ ဘန္ဂ်ာဟာ ငါးႏိုင္ငံက အႀကီးအကဲေတြကို ဖိတ္ေခၚၿပီး ကြန္မန္ဒရာႏိုင္ငံႀကီးကိုျပန္လည္ထူေထာင္ဖို႔ ေဆြးေႏြးပါတယ္။ ဒါေပမယ့္ သူထင္ထားသလိုျဖစ္မလာခဲ့ပါဘူး။ လူေတြဟာ နဂါးအျမဳေတကိုဘဲအပိုင္သိမ္းခ်င္ေနၾကပါတယ္။ ဒီလိုနဲ႔ ေလာဘသမားေတြေၾကာင့္ နဂါးအျမဳေတဟာအပိုင္းပိုင္းပ်က္စီးသြားၿပီး မိစာၦဒ႐ြန္း ျပန္လည္ႏိုးထလာပါေတာ့တယ္။ ရန္သူကိုမ်က္စိမွိတ္ယုံစားမိတဲ့အတြက္ ဘန္ဂ်ာဟာ ေက်ာက္တုံးအသြင္နဲ႔က်န္ရစ္ခဲ့ပါတယ္။ အပိုင္းပိုင္းျဖစ္သြားတဲ့ နဂါးအျမဳေတအားလုံးကို ျပန္လည္စုစည္းဖို႔နဲ႔ ဘန္ဂ်ာကိုကယ္တင္ဖို႔တာဝန္ဟာ ရာယာဆီေရာက္လာပါတယ္။ ဒီအႏၲရာယ္အခက္အခဲေတြကို ရာယာဘယ္လိုရင္ဆိုင္မလဲ?နဂါးအျမဳေတကို တစ္စုတစ္စည္းတည္း ျပန္လည္စုစည္းႏိုင္မလား? ဘယ္လိုစြန႔္စားမႈေတြနဲ႔ႀကဳံေတြ႕ရမလဲဆိုတာ ဆက္လက္ၾကည့္ရႉလိုက္ပါဦး ပရိသတ္ႀကီးေရ….

Credit Review

ဒီဇာတ္ကားကိုဘာသာျပန္ေပးသူကေတာ့ Khaing Zar Thwe ျဖစ္ပါတယ္

Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)

No downloads available

Related movies