M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p Memoir of a Murderer (2017)
Report error

Report error



Unicode

Memoir of murderer ရုပ်ရှင်ကားလေးဟာ ၂၀၁၇ခုနှစ်မှာကိုရီးယားဒါရိုက်တာ Won Shin Yun ဖန်တီးရိုက်ကူးခဲ့တဲ့ထိတ်လန့်ခြောက်ခြားဖွယ်ရာ သဲထိတ်ရင်ဖို ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ကားကို စာရေးဆရာ Kim Yong Ha ရဲ့ရောင်းအားအကောင်းဆုံး ဝတ္တုစာအုပ်တစ်အုပ်ဖြစ်တဲ့A murderer’s guide to memorizarion ကို မှီငြမ်းပြီးရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ အဓိက ဇာတ်ဆောင်များအနေနဲ့Sol Kyun Gul နဲ့ Kim Nam Gil ၊ ဇာတ်ပို့အဖြစ် Kim Seol hyun နဲ့Oh Dal Su တို့က ပါဝင်အားဖြည့်ထားပါတယ်။

အဆိုပါရုပ်ရှင်ကားကိုတော့ Showbox/Mediaplex မှထုတ်ဝေဖြန့်ဖြူးထားပြီး ဇာတ်လမ်းကို မိနစ်ပေါင်း ၁၂၀ ဝန်းကျင်ခန့်ရင်သတ်ရှုမောခံစားရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ Sol Kyun Gul ကိုအယ်လ်ဇိုင်းမားစိတ်ကျရောဂါခံစားနေရတဲ့စိတ္တဇလူသတ်သမား တရားခံ Serial Killer ကြီးKim Byeong Soo အဖြစ် မြင်တွေ့ရပါမယ်။

သူကသတ်မယ့်လူတွေဟာ နောင်တရပြီးကိုယ့်အပြစ်ကိုယ်ခံယူစေခြင်းအလို့ဌာ ထိုသူတွေကိုရွေးချယ် သတ်တာပါ။ဇာတ်လမ်းထဲမှာတော့ Shin Ki Joon ကို Kim Byeong Sooရဲ့ငယ်ဘဝ အဖြစ် မြင်တွေ့ရပါမယ်။Kim Nam Gil ကိုတော့ Kimကို Serial Killer အဖြစ်သံသယရှိနေတဲ့ ဒေသခံ ရဲအရာရှိ Tae Jooအဖြစ် မြင်တွေ့ရပါမယ်။

Kim Seol hyun ကတော့ ဇာတ်လမ်းထဲမှာ စိတ္တဇလူသတ်သမားKim Byeong Soo ရဲ့သမီးအဖြစ် သရုပ်ဆောင်ထားပြီးသူမရဲ့ဖခင်ကို အယ်လ်ဇိုင်းမားရောဂါကြောင့် ပြုစုစောင့်ရှောက်ပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ ရဲအရာရှိ Tae Joo ရဲ့ ချစ်သူဖြစ်လာပါမယ်။Oh Dal Su ကတော့ Byeong man အဖြစ်သရုပ်ဆောင်ထားပါတယ်။

သူဟာ ဒေသခံရဲ တစ်ဦးဖြစ်ပြီးမြို့ထဲက လူသတ်တရားခံတွေကိုရှာဖွေဖမ်းဆီးရသူတစ်ဦးလည်းဖြစ်ပါတယ်။သူတို့တွေ နဲ့ စိတ္တဇလူသတ်သမား Kim Byeong Sooဘာတွေဘယ်လိုဆက်ဖြစ်ကြမယ် ဆိုတာကိုဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ကြရအောင်ပါ။
နည်းနည်းတော့ကြောက်ဖို့လည်းကောင်း စိတ်ဝင်စားဖို့လည်းကောင်းတဲ့ဇာတ်ကားပါပဲ၂၀၁၇ ၂၀၁၈ ခုနှစ်မှာ ရုပ်ရှင်ဆုတွေ Nomination လည်းဝင်Best Actor Award ကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံတကာရုပ်ရှင်ပြပွဲမှာပါဝင်ပြသဖူးတဲ့ ရုပ်ရှင်ကားဖြစ်လို့သည်းထိတ်ရင်ဖိုဇာတ်လမ်းလူသတ်ဇာတ်လမ်းတွေသဘောကျနှစ်ခြိုက်သူတွေ အကြိုက်တွေ့ကြမှာပါ။

Credit Review

Zawgyi

Memoir of murderer ႐ုပ္ရွင္ကားေလးဟာ ၂၀၁၇ခုႏွစ္မွာကိုရီးယားဒါ႐ိုက္တာ Won Shin Yun ဖန္တီး႐ိုက္ကူးခဲ့တဲ့ထိတ္လန႔္ေျခာက္ျခားဖြယ္ရာ သဲထိတ္ရင္ဖို ဇာတ္လမ္းေလးတစ္ပုဒ္ပဲ ျဖစ္ပါတယ္။

အဆိုပါ႐ုပ္ရွင္ကားကို စာေရးဆရာ Kim Yong Ha ရဲ႕ေရာင္းအားအေကာင္းဆုံး ဝတၱဳစာအုပ္တစ္အုပ္ျဖစ္တဲ့A murderer’s guide to memorizarion ကို မွီျငမ္းၿပီး႐ုပ္ရွင္အျဖစ္ ဖန္တီးထားတာပါ။ အဓိက ဇာတ္ေဆာင္မ်ားအေနနဲ႔Sol Kyun Gul နဲ႔ Kim Nam Gil ၊ ဇာတ္ပို႔အျဖစ္ Kim Seol hyun နဲ႔Oh Dal Su တို႔က ပါဝင္အားျဖည့္ထားပါတယ္။

အဆိုပါ႐ုပ္ရွင္ကားကိုေတာ့ Showbox/Mediaplex မွထုတ္ေဝျဖန႔္ျဖဴးထားၿပီး ဇာတ္လမ္းကို မိနစ္ေပါင္း ၁၂၀ ဝန္းက်င္ခန႔္ရင္သတ္ရႈေမာခံစားရမွာျဖစ္ပါတယ္။ဒီဇာတ္လမ္းထဲမွာေတာ့ Sol Kyun Gul ကိုအယ္လ္ဇိုင္းမားစိတ္က်ေရာဂါခံစားေနရတဲ့စိတၱဇလူသတ္သမား တရားခံ Serial Killer ႀကီးKim Byeong Soo အျဖစ္ ျမင္ေတြ႕ရပါမယ္။

သူကသတ္မယ့္လူေတြဟာ ေနာင္တရၿပီးကိုယ့္အျပစ္ကိုယ္ခံယူေစျခင္းအလို႔ဌာ ထိုသူေတြကိုေ႐ြးခ်ယ္ သတ္တာပါ။ဇာတ္လမ္းထဲမွာေတာ့ Shin Ki Joon ကို Kim Byeong Sooရဲ႕ငယ္ဘဝ အျဖစ္ ျမင္ေတြ႕ရပါမယ္။Kim Nam Gil ကိုေတာ့ Kimကို Serial Killer အျဖစ္သံသယရွိေနတဲ့ ေဒသခံ ရဲအရာရွိ Tae Jooအျဖစ္ ျမင္ေတြ႕ရပါမယ္။

Kim Seol hyun ကေတာ့ ဇာတ္လမ္းထဲမွာ စိတၱဇလူသတ္သမားKim Byeong Soo ရဲ႕သမီးအျဖစ္ သ႐ုပ္ေဆာင္ထားၿပီးသူမရဲ႕ဖခင္ကို အယ္လ္ဇိုင္းမားေရာဂါေၾကာင့္ ျပဳစုေစာင့္ေရွာက္ေပးေနသူတစ္ဦးလည္းျဖစ္ပါတယ္။ သူမဟာ ရဲအရာရွိ Tae Joo ရဲ႕ ခ်စ္သူျဖစ္လာပါမယ္။Oh Dal Su ကေတာ့ Byeong man အျဖစ္သ႐ုပ္ေဆာင္ထားပါတယ္။

သူဟာ ေဒသခံရဲ တစ္ဦးျဖစ္ၿပီးၿမိဳ႕ထဲက လူသတ္တရားခံေတြကိုရွာေဖြဖမ္းဆီးရသူတစ္ဦးလည္းျဖစ္ပါတယ္။သူတို႔ေတြ နဲ႔ စိတၱဇလူသတ္သမား Kim Byeong Sooဘာေတြဘယ္လိုဆက္ျဖစ္ၾကမယ္ ဆိုတာကိုဆက္လက္ၾကည့္ရႈခံစားၾကည့္လိုက္ၾကရေအာင္ပါ။
နည္းနည္းေတာ့ေၾကာက္ဖို႔လည္းေကာင္း စိတ္ဝင္စားဖို႔လည္းေကာင္းတဲ့ဇာတ္ကားပါပဲ၂၀၁၇ ၂၀၁၈ ခုႏွစ္မွာ ႐ုပ္ရွင္ဆုေတြ Nomination လည္းဝင္Best Actor Award ကိုလည္းဆြတ္ခူးႏိုင္ခဲ့ၿပီး ႏိုင္ငံတကာ႐ုပ္ရွင္ျပပြဲမွာပါဝင္ျပသဖူးတဲ့ ႐ုပ္ရွင္ကားျဖစ္လို႔သည္းထိတ္ရင္ဖိုဇာတ္လမ္းလူသတ္ဇာတ္လမ္းေတြသေဘာက်ႏွစ္ၿခိဳက္သူေတြ အႀကိဳက္ေတြ႕ၾကမွာပါ။

Credit Review

Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)
Memoir of a Murderer (2017)

No downloads available

Related movies