M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Unicode

ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။

အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ အများစုက မနှစ်သက်ကြဘူး။ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေကအားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။

ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့် အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလိုသတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိစိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာနိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီးအားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။

သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင်အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ကြားမှာတော့လူမျိုးတွေဘာသာတွေ စည်းမခြားနိုင်ပါဘူး။ဒီလိုသူငယ်ချင်းသံယောဇဉ်ကိုလည်း အကောင်းဆုံး ပြသသွားခဲ့တယ်။ဒီဇာတ်ကားလေးက ရိုက်ကွင်းရိုက်ကွက်နဲ့ အဲဒီခေတ်အဝတ်အစားအပြင်အဆင်တွေကောင်းသလိုသရုပ်ဆောင်တွေကလည်း တကယ်ကို အသက်ပါလှပါတယ်။ဒီကားလေးကြည့်ပြီး အတုယူစရာတွေများသလို ခံစားချက်တွေလည်း အမျိုးမျိုးပေးစွမ်းနိုင်တဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ရိုးရှင်းပါတယ်……………..

အားမေးနီးယန်းလူမျိုးဖြစ်တဲ့ “မီးခေး” ဟာ တိုင်းရင်းဆေးပညာရှင်တစ်ဦးဖြစ်ပြီးသူတို့ရွာမှာ မျိုးရိုးစဉ်ဆက်ဆက်ခံလာတဲ့ပညာနဲ့ လူအများကို ဆေးဝါးကုသပေးနေပါတယ်။သူ့ရဲ့ပြင်းပြတဲ့ ဆန္ဒကတော့ ဆေးပညာသင်ကျောင်းကနေဆေးပညာကိုဆက်လက်လေ့လာပြီး ဆေးကုသပေးချင်တာပါ။ဒီအတွက် ငွေကြေးမတတ်နိုင်လို့ ရွာကသူဌေးသမီးလေးနဲ့ စေ့စပ်ပြီး မြို့ကို ဆေးပညာသင်ဖို့ တက်လာခဲ့တယ်။မြို့မှာ “အန်နာ” ဆိုတဲ့ မိန်းမချောလေးနဲ့ ဆုံတွေ့ခဲ့ပါတယ်။အန်နာမှာလည်း သူ့အပေါ်အစစအရာရာကောင်းတဲ့ခရစ်ဆိုတဲ့ရည်းစားရှိနေပါပြီ။ဒါပေမယ့် အချစ်ဆိုတာကလည်း ထူးဆန်းလှပါတယ်။

ဆိုင်သူတွေကိုယ်စီရှိထားပေမယ့် စိတ်တူကိုယ်တူ သူတို့နှစ်ယောက်ကြားကိုအချစ်ဆိုတဲ့အရာ ရောက်လာတဲ့အခါမှာတော့……………..အဲဒီအချိန်မှာပဲ ကမ္ဘာစစ်အတွင်းကို တူရကီနိုင်ငံဝင်ရောက်လာတဲ့အခါမှာတော့…………………ဘယ်လိုတွေများ ဖြတ်သန်းကျော်ဖြတ်ရမလဲကြည့်လိုက်ရအောင်………………………………………………

Credit Review

Zawgyi

ဒီဇာတ္ကားေလးက ပထမကမာၻစစ္ကာလအတြင္းက ျဖစ္ရပ္မွန္အေပၚအေျခခံ ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းေလးပါ။Batman မင္းသားႀကီး Christian Bale ရဲ႕ဇာတ္ကားေလးပါ။ပထမကမာၻစစ္မျဖစ္ခင္အခ်ိန္မွာ တူရကီအင္ပါယာက တန္ခိုးအာဏာ ႀကီးမားခဲ့တဲ့အခ်ိန္ပါ။တျဖည္းျဖည္းနဲ႔ တူရကီအင္ပါယာလည္းၿပိဳယြင္းလုနီးနီး ျဖစ္ေနပါၿပီ။

အဲဒီအခ်ိန္ကတူရကီမွာ ခရစ္ယာန္ဘာသာဝင္ လူနည္းစုျဖစ္တဲ့ အားေမးနီးယန္းမ်ိဳးႏြယ္စုေတြကိုအစၥလာမ္ဘာသာကိုးကြယ္တဲ့ တူရကီလူမ်ိဳးႀကီးဝါဒရွင္ေတြ အမ်ားစုက မႏွစ္သက္ၾကဘူး။ပထမကမာၻစစ္ျဖစ္လာတဲ့အခ်ိန္မွာေတာ့ တူရကီစစ္ေခါင္းေဆာင္ပိုင္းေတြကအားေမးနီးယန္းေတြကို တိတ္တဆိတ္ စစ္နဲ႔အတူေရာေယာင္ၿပီး လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြကို လုပ္ေဆာင္ခဲ့ၾကတယ္။ခုခ်ိန္ထိလည္း တူရကီအာဏာပိုင္ေတြက ဒီလူမ်ိဳးတုန္း သတ္ျဖတ္ခဲ့မႈ ဘူးခံၿပီး ျငင္းကြယ္ေနဆဲပါပဲ။

ဒီျဖစ္ရပ္မွန္အေၾကာင္းကို ေဖာ္ထုတ္ေပးခဲ့တာကေတာ့ အေမရိကန္သတင္းေထာက္တစ္ဦးပါပဲ။ဒီဇာတ္ကားက စစ္ပြဲကိုအေျခခံထားတဲ့အခ်စ္ဇာတ္လမ္းေပမယ့္ အဓိကေပးသြားတဲ့ မက္ေဆ့ခ်္ေလးကေတာ့သတင္းမီဒီယာသမားရဲက်င့္ဝတ္သိကၡာနဲ႔ အခန္းက႑ပါပဲ။တကယ့္ကို စစ္မွန္တဲ့ သတင္းေထာက္ တစ္ေယာက္ေၾကာင့္ လူေပါင္းမ်ားစြာ လူမ်ိဳးစုတစ္ခုကို ကယ္တင္ႏိုင္ခဲ့သလိုသတင္းမီဒီယာသမားတစ္ေယာက္ဟာ အမွန္တရားကို အသက္နဲ႔ေတာင္ အလဲအထပ္လုပ္ရဲတဲ့အထိစိတ္ဓါတ္ခိုင္မာျပတ္သားတယ္။ဒီလိုစိတ္ဓါတ္မ်ိဳးရွိၿပီး အမွန္တရားကို ေဖာ္ထုတ္ေရးသားတတ္သူ သတင္းေထာက္မ်ိဳးကိုသာႏိုင္ငံတကာက အသိအမွတ္ျပဳၿပီး သူရဲ႕သတင္းက ယုံၾကည္စိတ္ခ်ရၿပီးအားကိုးရမယ့္သူမ်ိဳးဆိုတာကို ပါးပါးေလးျပသြားပါတယ္။

သတင္းေထာက္ေကာင္းေတြဟာ ဘယ္ေလာက္ေတာင္အေျပာအဆို လိမၼာပါးနပ္မႈရွိသလဲဆိုတာကိုလည္း ျမင္ေတြ႕ရမွာပါ။ျမန္မာ့မီဒီယာေလာကသတင္းေထာက္ေတြ ဒီလိုမ်ိဳးျဖစ္လာေအာင္ က်င့္သုံးအတုယူသင့္ပါတယ္။ေနာက္ၿပီး ဘယ္သူေတြဘယ္လို ရန္ၿငိဳးနဲ႔လူမ်ိဳးေရးမုန္းတီးမႈပဲရွိရွိ သူငယ္ခ်င္းေတြ ၾကားမွာေတာ့လူမ်ိဳးေတြဘာသာေတြ စည္းမျခားႏိုင္ပါဘူး။ဒီလိုသူငယ္ခ်င္းသံေယာဇဥ္ကိုလည္း အေကာင္းဆုံး ျပသသြားခဲ့တယ္။ဒီဇာတ္ကားေလးက ႐ိုက္ကြင္း႐ိုက္ကြက္နဲ႔ အဲဒီေခတ္အဝတ္အစားအျပင္အဆင္ေတြေကာင္းသလိုသ႐ုပ္ေဆာင္ေတြကလည္း တကယ္ကို အသက္ပါလွပါတယ္။ဒီကားေလးၾကည့္ၿပီး အတုယူစရာေတြမ်ားသလို ခံစားခ်က္ေတြလည္း အမ်ိဳးမ်ိဳးေပးစြမ္းႏိုင္တဲ့ကားေလးပါ။ဇာတ္လမ္းအက်ဥ္းေလးကေတာ့ ႐ိုးရွင္းပါတယ္……………..

အားေမးနီးယန္းလူမ်ိဳးျဖစ္တဲ့ “မီးေခး” ဟာ တိုင္းရင္းေဆးပညာရွင္တစ္ဦးျဖစ္ၿပီးသူတို႔႐ြာမွာ မ်ိဳး႐ိုးစဥ္ဆက္ဆက္ခံလာတဲ့ပညာနဲ႔ လူအမ်ားကို ေဆးဝါးကုသေပးေနပါတယ္။သူ႔ရဲ႕ျပင္းျပတဲ့ ဆႏၵကေတာ့ ေဆးပညာသင္ေက်ာင္းကေနေဆးပညာကိုဆက္လက္ေလ့လာၿပီး ေဆးကုသေပးခ်င္တာပါ။ဒီအတြက္ ေငြေၾကးမတတ္ႏိုင္လို႔ ႐ြာကသူေဌးသမီးေလးနဲ႔ ေစ့စပ္ၿပီး ၿမိဳ႕ကို ေဆးပညာသင္ဖို႔ တက္လာခဲ့တယ္။ၿမိဳ႕မွာ “အန္နာ” ဆိုတဲ့ မိန္းမေခ်ာေလးနဲ႔ ဆုံေတြ႕ခဲ့ပါတယ္။အန္နာမွာလည္း သူ႔အေပၚအစစအရာရာေကာင္းတဲ့ခရစ္ဆိုတဲ့ရည္းစားရွိေနပါၿပီ။ဒါေပမယ့္ အခ်စ္ဆိုတာကလည္း ထူးဆန္းလွပါတယ္။

ဆိုင္သူေတြကိုယ္စီရွိထားေပမယ့္ စိတ္တူကိုယ္တူ သူတို႔ႏွစ္ေယာက္ၾကားကိုအခ်စ္ဆိုတဲ့အရာ ေရာက္လာတဲ့အခါမွာေတာ့……………..အဲဒီအခ်ိန္မွာပဲ ကမာၻစစ္အတြင္းကို တူရကီႏိုင္ငံဝင္ေရာက္လာတဲ့အခါမွာေတာ့…………………ဘယ္လိုေတြမ်ား ျဖတ္သန္းေက်ာ္ျဖတ္ရမလဲၾကည့္လိုက္ရေအာင္………………………………………………

Credit Review

The Promise (2016)
The Promise (2016)
The Promise (2016)
The Promise (2016)

No downloads available

Related movies