M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Web-dl 1080p The Yin-Yang Master: Dream of Eternity (2020)
Report error

The Yin-Yang Master: Dream of Eternity (2020)

ActionDramaFantasy

6.3
IMDB: 6.3/10 3005 votes

, , , , , , , , ,

1871

Report error



Unicode

ချင်မင်းဟာ ယင်ယန်ဆရာတစ်ပါးဖြစ်ပြီး သူ့ဆရာသခင်ရဲ့မသေဆုံးခင်ဆန္ဒနဲ့အတူမြို့တော်ကြီးဆီကို ကောင်းကင်ဘုံဝတ်ပြုအခမ်းအနားကိုတက်ရောက်ဖို့လာခဲ့ပါတယ်။ အဲ့ဒီမှာ နှိမ်နင်းချုပ်နှောင်ထားတဲ့ နတ်ဆိုးမြွေနဂါးကြီးတစ်ကောင်ရှိပြီး ကာလတစ်ခုကြာတိုင်းပြန်လည်နိုးထလာကာ လူတွေကို ဒုက္ခပေးတတ်ပါတယ်။ အဲ့ဒီလိုဖြစ်လာခဲ့ရင်အရှေ့အနောက်တောင်မြောက် ဂိုဏ်းကွဲတွေဆီက ယင်ယန် အကျော်အမော်တွေစေလွှတ် နှိမ်နင်းရတဲ့ အစဉ်အလာရှိပြီး ချင်မင်းတို့ခေတ်မှာ တစ်ဖန်အလှည့်ကျလာပါတော့တယ်။

မြို့တော်ကြီးမှာ တစ်ခြားဂိုဏ်းကွဲက ဘိုရာဆိုတဲ့ စစ်သည်တော်လူငယ်တစ်ဦးနဲ့တွေ့ပြီး ဘုဘောက်ကျရာကနေ နောက်ပိုင်း တစ်ဦးနဲ့တစ်ဦး နားလည်မှုရပြေလည်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရင်ဆိုင်ရမှာမြွေနဂါးကြီး သက်သက်မဟုတ်ပဲ၊ သူ့ကိုချုပ်နှောင်ထားတဲ့ ဧကရီဘုရင်မ၊ ကိုယ်ရံတော်၊ လက်ထောက်တို့ကြားက အရှုပ်အထွေးနောက်ကြောင်းတွေ ပါဝင်နေတဲ့အခါ။

The Yin-Yang Master ဟာအခုနောက်ပိုင်းထွက်တဲ့ တရုတ် Fanstasy ဇာတ်ကားတွေထဲမှာအကောင်းဆုံးထဲကတစ်ခုလို့ အသေအချာပြောလို့ရပါတယ်။ ပရိသတ်အခိုင်အမာနဲ့နာမည်ကြီးဇာတ်ဆောင်တွေ၊ ခမ်းနားလှပပြီး သေသပ်တဲ့အထူးပြုလုပ်ချက်တွေ၊ ဇာတ်လမ်းဇာတ်ညွှန်းကောင်းကောင်းတို့ကို မျှတအောင်ပေါင်းစပ်အသုံးချထားတာကြောင့် ပရိသတ်တွေဆီက ရီဗျူးအကောင်းတွေအများကြီးရရှိထားပါတယ်။ အားနည်းချက်တစ်ချို့ရှိပေမယ့် အချိန်ကုန်ရကျိုးနပ်စေမယ့် ဖျော်ဖြေရေးဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Credit Review

ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Myat Eaindray Khaing ဖြစ်ပါတယ်

Zawgyi

ခ်င္မင္းဟာ ယင္ယန္ဆရာတစ္ပါးျဖစ္ၿပီး သူ႔ဆရာသခင္ရဲ႕မေသဆုံးခင္ဆႏၵနဲ႔အတူၿမိဳ႕ေတာ္ႀကီးဆီကို ေကာင္းကင္ဘုံဝတ္ျပဳအခမ္းအနားကိုတက္ေရာက္ဖို႔လာခဲ့ပါတယ္။ အဲ့ဒီမွာ ႏွိမ္နင္းခ်ဳပ္ေႏွာင္ထားတဲ့ နတ္ဆိုးေႁမြနဂါးႀကီးတစ္ေကာင္ရွိၿပီး ကာလတစ္ခုၾကာတိုင္းျပန္လည္ႏိုးထလာကာ လူေတြကို ဒုကၡေပးတတ္ပါတယ္။ အဲ့ဒီလိုျဖစ္လာခဲ့ရင္အေရွ႕အေနာက္ေတာင္ေျမာက္ ဂိုဏ္းကြဲေတြဆီက ယင္ယန္ အေက်ာ္အေမာ္ေတြေစလႊတ္ ႏွိမ္နင္းရတဲ့ အစဥ္အလာရွိၿပီး ခ်င္မင္းတို႔ေခတ္မွာ တစ္ဖန္အလွည့္က်လာပါေတာ့တယ္။

ၿမိဳ႕ေတာ္ႀကီးမွာ တစ္ျခားဂိုဏ္းကြဲက ဘိုရာဆိုတဲ့ စစ္သည္ေတာ္လူငယ္တစ္ဦးနဲ႔ေတြ႕ၿပီး ဘုေဘာက္က်ရာကေန ေနာက္ပိုင္း တစ္ဦးနဲ႔တစ္ဦး နားလည္မႈရေျပလည္ခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔ရင္ဆိုင္ရမွာေႁမြနဂါးႀကီး သက္သက္မဟုတ္ပဲ၊ သူ႔ကိုခ်ဳပ္ေႏွာင္ထားတဲ့ ဧကရီဘုရင္မ၊ ကိုယ္ရံေတာ္၊ လက္ေထာက္တို႔ၾကားက အရႈပ္အေထြးေနာက္ေၾကာင္းေတြ ပါဝင္ေနတဲ့အခါ။

The Yin-Yang Master ဟာအခုေနာက္ပိုင္းထြက္တဲ့ တ႐ုတ္ Fanstasy ဇာတ္ကားေတြထဲမွာအေကာင္းဆုံးထဲကတစ္ခုလို႔ အေသအခ်ာေျပာလို႔ရပါတယ္။ ပရိသတ္အခိုင္အမာနဲ႔နာမည္ႀကီးဇာတ္ေဆာင္ေတြ၊ ခမ္းနားလွပၿပီး ေသသပ္တဲ့အထူးျပဳလုပ္ခ်က္ေတြ၊ ဇာတ္လမ္းဇာတ္ၫႊန္းေကာင္းေကာင္းတို႔ကို မွ်တေအာင္ေပါင္းစပ္အသုံးခ်ထားတာေၾကာင့္ ပရိသတ္ေတြဆီက ရီဗ်ဴးအေကာင္းေတြအမ်ားႀကီးရရွိထားပါတယ္။ အားနည္းခ်က္တစ္ခ်ိဳ႕ရွိေပမယ့္ အခ်ိန္ကုန္ရက်ိဳးနပ္ေစမယ့္ ေဖ်ာ္ေျဖေရးဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။

Credit Review

ဒီဇာတ္ကားကိုဘာသာျပန္ေပးသူကေတာ့ Myat Eaindray Khaing ျဖစ္ပါတယ္

The Yin-Yang Master: Dream of Eternity (2020)

No downloads available

Related movies