Unicode
ဒါရိုက်တာ ကလင့် အိတ်(စ)ဝုဒ် ရိုက်ကူး သည့် အက်ဂါ ဟူးဗား ဘ၀ ဇာတ်ကြောင်း တွင် FBI တည်ထောင် သူ J. Edgar Hoover အဖြစ် သရုပ်ဆောင် သည့် လီယီု နာဒို ဒီကာပရီယို သည် အမေရိကန် ရုပ်ရှင် ထူးချွန် ဆု များ နှင့် နီးစပ်နေ သည် ရုပ်ရှင်ဝေဖန် ရေး ဆရာ များ က မှတ် ချက်ချခဲ့ဘူးသည်။
မည်သည့် အချိန်မှ ကြောက်ရွံ့ အားငယ်သည့် ဟန် ကို မပြ ခဲ့ သည့် FBI အရှင် သခင် အက်ဂါဟူးဗား အဖြစ် သရုပ်ဆောင်ရာတွင် လီယိုနာဒို ဒီကာ ပရီယိုသည် ဟူးဗား အဖြစ် သူ ၏ တစ်ကိုယ်ရည် ဘ၀ နှင့် အများ သိသော ဟူးဗား ဘ၀ အဖြစ် ငယ်စဉ် မှ သည် အိုမင်းရင့် ရော် သည်ထိ ကို ပြောင်မြောက် စွာ ဖြင့် J. Edgar တွင် သရုပ်ဆောင် ခဲ့ သည် ဟု ဝါရင့် ရုပ်ရှင် ဝေဖန်ရေး ဆရာ ကြီး Roger Ebert က Chicago – Sun – Times သတင်းစာ တွင် ရေး သားထားသည်။
အက်ဂါ ဟူးဗား သည် ၁၉၂၂ မှ ၁၉၇၂ ခုနှစ် မေလ ၂ ရက် သူ သေဆုံးသည် အထိ ပြည်ထောင်စု စုံစမ်း စစ်ဆေးရေး ဌာန ကြီး တွင် ညွှန်ကြားရေးမှုးရာထူးဖြင့် အကြီး အကဲ နေရာ ကို တာဝန်ထမ်းဆောင် ခဲ့သည်။
သူ့လက်ထက် တွင် အမေရိကန် နိုင်ငံ သို့ ခိုးဝင်လာ သည့် ဂျာမန် ယူဘုတ် များ ကို ဖမ်းဆီး နိုင်ခဲ့ပြီး ၊ အယ်(လ)ကပုန်း နှင့် ဂျွန်ဒလင် ဂျာ အပါအဝင် အမေရိကန် မာဖီးယား နှင့် ဒုစရိုက် ခေါင်းဆောင် များ ကို လည်း ရှာဖွေ ဖော်ထုတ် နိုင် ခဲ့ သည်။
သိုသိုသိပ်သိပ် နေတတ်ပြီး သူ၏ အတွင်းစည်းတွင် သူ့ အတွင်းရေး မှုး ဖြစ်သူ ဟယ်လင် ဂန်ဒီ နှင့် ကလိုက် တိုင်ဆန် တို့ ကို သာ သူ့နား တွင် ရှိ နေ စေခဲ့ သည်။ ဟယ်လင် ဂန်ဒီ အဖြစ် နာအိုမီဝတ် (King Kong) က သရုပ်ဆောင် ပြီး ၊ ကလိုက် တိုင်ဆန် အဖြစ်The Social Network မှ အာမီ ဟားမား က သရုပ်ဆောင် သည်။
၎င်း သည် ၁၉၅၀ ပြည့် လွန် နှစ်များက အမေရိကန် ပြည်သူ့ အခွင့် အရေး လှုပ်ရှား မှု များ နှင့်ကွန်မြူ နစ် ဝါဒ အမေရိကန် ပျံနှံ့ လာမှု ကို အပြင်း အထန် တားဆီး နှိပ် ကွပ် ခဲ့ သူ ဖြစ်သည်။ J.Edgar ဇာတ်ကား ကို ရိုက်ကူး ခဲ့ သည့် ဒါရိုက် တာ ကလင့်အိတ်(စ)ဝုဒ် သည် Unforgiven, Million Dollar Baby ဇာတ်ကားများ ဖြင့် အော် စကာ ဆု ရရှိ ခဲ့ သူ ဖြစ်သည်။
ရုပ်ရှင်အညွှန်း – NCN
Zawgyi
ဒါရိုက္တာ ကလင့္ အိတ္(စ)၀ုဒ္ ရိုက္ကူး သည့္ အက္ဂါ ဟူးဗား ဘ၀ ဇာတ္ေၾကာင္း တြင္ FBI တည္ေထာင္ သူ J. Edgar Hoover အျဖစ္ သရုပ္ေဆာင္ သည့္ လီယီု နာဒို ဒီကာပရီယို သည္ အေမရိကန္ ရုပ္ရွင္ ထူးခၽြန္ ဆု မ်ား ႏွင့္ နီးစပ္ေန သည္ ရုပ္ရွင္ေ၀ဖန္ ေရး ဆရာ မ်ား က မွတ္ ခ်က္ခ်ခဲ့ဘူးသည္။
မည္သည့္ အခ်ိန္မွ ေၾကာက္ရြံ ့ အားငယ္သည့္ ဟန္ ကို မျပ ခဲ့ သည့္ FBI အရွင္ သခင္ အက္ဂါဟူးဗား အျဖစ္ သရုပ္ေဆာင္ရာတြင္ လီယိုနာဒို ဒီကာ ပရီယိုသည္ ဟူးဗား အျဖစ္ သူ ၏ တစ္ကိုယ္ရည္ ဘ၀ ႏွင့္ အမ်ား သိေသာ ဟူးဗား ဘ၀ အျဖစ္ ငယ္စဥ္ မွ သည္ အိုမင္းရင့္ ေရာ္ သည္ထိ ကို ေျပာင္ေျမာက္ စြာ ျဖင့္ J. Edgar တြင္ သရုပ္ေဆာင္ ခဲ့ သည္ ဟု ၀ါရင့္ ရုပ္ရွင္ ေ၀ဖန္ေရး ဆရာ ႀကီး Roger Ebert က Chicago – Sun – Times သတင္းစာ တြင္ ေရး သားထားသည္။
အက္ဂါ ဟူးဗား သည္ ၁၉၂၂ မွ ၁၉၇၂ ခုႏွစ္ ေမလ ၂ ရက္ သူ ေသဆံုးသည္ အထိ ျပည္ေထာင္စု စံုစမ္း စစ္ေဆးေရး ဌာန ႀကီး တြင္ ညႊန္ၾကားေရးမႈးရာထူးျဖင့္ အႀကီး အကဲ ေနရာ ကို တာ၀န္ထမ္းေဆာင္ ခဲ့သည္။
သူ ့လက္ထက္ တြင္ အေမရိကန္ ႏိုင္ငံ သို ့ ခိုး၀င္လာ သည့္ ဂ်ာမန္ ယူဘုတ္ မ်ား ကို ဖမ္းဆီး ႏိုင္ခဲ့ၿပီး ၊ အယ္(လ)ကပုန္း ႏွင့္ ဂၽြန္ဒလင္ ဂ်ာ အပါအ၀င္ အေမရိကန္ မာဖီးယား ႏွင့္ ဒုစရိုက္ ေခါင္းေဆာင္ မ်ား ကို လည္း ရွာေဖြ ေဖာ္ထုတ္ ႏိုင္ ခဲ့ သည္။
သိုသိုသိပ္သိပ္ ေနတတ္ၿပီး သူ၏ အတြင္းစည္းတြင္ သူ ့ အတြင္းေရး မႈး ျဖစ္သူ ဟယ္လင္ ဂန္ဒီ ႏွင့္ ကလိုက္ တိုင္ဆန္ တို ့ ကို သာ သူ ့နား တြင္ ရွိ ေန ေစခဲ့ သည္။ ဟယ္လင္ ဂန္ဒီ အျဖစ္ နာအိုမီ၀တ္ (King Kong) က သရုပ္ေဆာင္ ၿပီး ၊ ကလိုက္ တိုင္ဆန္ အျဖစ္The Social Network မွ အာမီ ဟားမား က သရုပ္ေဆာင္ သည္။
၎ သည္ ၁၉၅၀ ျပည့္ လြန္ ႏွစ္မ်ားက အေမရိကန္ ျပည္သူ ့ အခြင့္ အေရး လႈပ္ရွား မႈ မ်ား ႏွင့္ကြန္ျမဴ နစ္ ၀ါဒ အေမရိကန္ ပ်ံႏွံ ့ လာမႈ ကို အျပင္း အထန္ တားဆီး ႏွိပ္ ကြပ္ ခဲ့ သူ ျဖစ္သည္။ J.Edgar ဇာတ္ကား ကို ရိုက္ကူး ခဲ့ သည့္ ဒါရိုက္ တာ ကလင့္အိတ္(စ)၀ုဒ္ သည္ Unforgiven, Million Dollar Baby ဇာတ္ကားမ်ား ျဖင့္ ေအာ္ စကာ ဆု ရရွိ ခဲ့ သူ ျဖစ္သည္။
ရုပ္ရွင္အညႊန္း – NCN