M-Sub Movie – Myanmar Subtitle Movies & Series Free Download Website




Unicode

Godzilla နဲ့ တခြား Titan ရဲ့ နောက်ဆုံးတိုက်ပွဲမှာ ဂေါ်ဇီလာကသူ့ရဲ့ပြိုင်ပွဲကို အနိုင်တိုက်ပြီး ကမ္ဘာလောကကြီးရဲ့ ကယ်တင်ရှင်အဖြစ် သတ်မှတ်လိုက်ကြပါတယ်။ ဒီအချိန်မှာ King Kong ကတော့ ဖန်တီးထားတဲ့ Kong Skull island မှာ ရှိနေတာပါ။

အရာအားလုံး ၃ နှစ်လောက်အေးချမ်းနေချိန်မှာ Godzilla က Apex Cybernetics ဆိုတဲ့ နည်းပညာကုမ္ပဏီတစ်ခုကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်တာကြောင့် အရာအားလုံးပြောင်းလဲသွားပါတော့တယ်။ Apex ရဲ့ ဥက္ကဌဖြစ်သူဝေါ်လ်တာကတော့ Godzilla ကို ရင်ဆိုင်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောသွားပေမယ့် ဘာရယ်လို့တော့မရှင်းပြခဲ့ပါဘူး။ ဝေါ်လ်တာက သူ့ရဲ့အစီအစဉ်ကိုအကောင်အထည်ဖော်ဖို့အတွက် ဒေါက်တာနေသန်ကို စည်းရုံးရင်း Hollow Earth ကို သွားဖို့ စီစဉ်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။

ဒီခရီးစဉ်ထဲကို Skull Island မှာရှိနေတဲ့ King Kong ကရော ဘယ်လိုပါလာမလဲ။ ဂူတစ်ဂူမှာ ကျားနှစ်ကောင်မအောင်းဆိုတဲ့အတိုင်း အခြား Titan တစ်ကောင်ကို ခံစားမိတဲ့ Godzilla ကရော သူတို့ကိုလွှတ်ပေးမှာလား။ ရန်သူလိုတိုက်ခိုက်နေတဲ့ Godzillaနဲ့ King Kong တို့တိုက်ပွဲမှာ အနိုင်ရသူကရော ဘယ်သူဖြစ်မလဲ။ နောက်ဆုံးမှာ သူတို့နားလည်မှုရမလား တစ်ကောင်ရဲ့သေခြင်းနဲ့အဆုံးသတ်မလားဆိုတာကို ဒီ Godzilla vs King Kong ဆိုတဲ့ရုပ်ရှင်လေးကိုကြည့်ရှုရင်း အဖြေအတူတူရှာကြရအောင်ပါ။

Credit Review

ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Myat Eaindray Khaing ဖြစ်ပါတယ်

Zawgyi

Godzilla နဲ႔ တျခား Titan ရဲ႕ ေနာက္ဆုံးတိုက္ပြဲမွာ ေဂၚဇီလာကသူ႔ရဲ႕ၿပိဳင္ပြဲကို အႏိုင္တိုက္ၿပီး ကမာၻေလာကႀကီးရဲ႕ ကယ္တင္ရွင္အျဖစ္ သတ္မွတ္လိုက္ၾကပါတယ္။ ဒီအခ်ိန္မွာ King Kong ကေတာ့ ဖန္တီးထားတဲ့ Kong Skull island မွာ ရွိေနတာပါ။

အရာအားလုံး ၃ ႏွစ္ေလာက္ေအးခ်မ္းေနခ်ိန္မွာ Godzilla က Apex Cybernetics ဆိုတဲ့ နည္းပညာကုမၸဏီတစ္ခုကို ႐ုတ္တရက္ဝင္ေရာက္တိုက္ခိုက္တာေၾကာင့္ အရာအားလုံးေျပာင္းလဲသြားပါေတာ့တယ္။ Apex ရဲ႕ ဥကၠဌျဖစ္သူေဝၚလ္တာကေတာ့ Godzilla ကို ရင္ဆိုင္ဖို႔ အစီအစဥ္ရွိတယ္လို႔ ေျပာသြားေပမယ့္ ဘာရယ္လို႔ေတာ့မရွင္းျပခဲ့ပါဘူး။ ေဝၚလ္တာက သူ႔ရဲ႕အစီအစဥ္ကိုအေကာင္အထည္ေဖာ္ဖို႔အတြက္ ေဒါက္တာေနသန္ကို စည္း႐ုံးရင္း Hollow Earth ကို သြားဖို႔ စီစဥ္တဲ့အခါ ဘာေတြဆက္ျဖစ္လာမလဲ။

ဒီခရီးစဥ္ထဲကို Skull Island မွာရွိေနတဲ့ King Kong ကေရာ ဘယ္လိုပါလာမလဲ။ ဂူတစ္ဂူမွာ က်ားႏွစ္ေကာင္မေအာင္းဆိုတဲ့အတိုင္း အျခား Titan တစ္ေကာင္ကို ခံစားမိတဲ့ Godzilla ကေရာ သူတို႔ကိုလႊတ္ေပးမွာလား။ ရန္သူလိုတိုက္ခိုက္ေနတဲ့ Godzillaနဲ႔ King Kong တို႔တိုက္ပြဲမွာ အႏိုင္ရသူကေရာ ဘယ္သူျဖစ္မလဲ။ ေနာက္ဆုံးမွာ သူတို႔နားလည္မႈရမလား တစ္ေကာင္ရဲ႕ေသျခင္းနဲ႔အဆုံးသတ္မလားဆိုတာကို ဒီ Godzilla vs King Kong ဆိုတဲ့႐ုပ္ရွင္ေလးကိုၾကည့္ရႈရင္း အေျဖအတူတူရွာၾကရေအာင္ပါ။

Credit Review

ဒီဇာတ္ကားကိုဘာသာျပန္ေပးသူကေတာ့ Myat Eaindray Khaing ျဖစ္ပါတယ္

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Godzilla vs. Kong (2021)
Godzilla vs. Kong (2021)
Godzilla vs. Kong (2021)
Godzilla vs. Kong (2021)
Godzilla vs. Kong (2021)
Godzilla vs. Kong (2021)
Godzilla vs. Kong (2021)
Godzilla vs. Kong (2021)
Godzilla vs. Kong (2021)
Godzilla vs. Kong (2021)
Godzilla vs. Kong (2021)
Godzilla vs. Kong (2021)

No downloads available

Related movies