M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Web-dl 1080p Stowaway (2021)
Report error

Report error



Unicode

သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေကို ကြည့်ကြတဲ့အခါအာကာသယာဉ်ပျံကြီးစီးပြီး တစ်ခြားဂြိုလ်တွေကို သွားရောက်လည်ပတ်‌လိုတဲ့ဆန္ဒလေးတော့ လူတိုင်းလိုလို ဖြစ်ဖူးကြမှာပါပဲ။

ဒါပေမဲ့ အာကာသထဲမှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ စိန်ခေါ်မှုတွေကိုတော့ လူတိုင်းမတွေးမိနိုင်ပါဘူး။

ဒီဇာတ်ကားလေးထဲမှာတော့ Marsဂြိုလ်ပေါ်မှာ သက်ရှိတွေရှင်သန်နိုင်မှုရှိမရှိ စမ်းသပ်မှုပြုလုပ်ကြမယ့် Davidနဲ့ ဆေးသိပ္ပံပညာရှင်မလေး ဒေါက်တာZoeတို့ဟာ ဝါရင့်အာကာသယာဉ်မှူး Barnettနဲ့အတူ ထွက်ခွာလာကြပါတယ်။

သူတို့အားလုံးကတော့ ကမ္ဘာကြီးကိုအကျိုးပြုနိုင်ဖို့ စိတ်ကူးကိုယ်စီနဲ့ ပျော်ရွှင်နေကြတာပေါ့။ ဒါပေမဲ့ ကမ္ဘာမြေပေါ်ကထွက်ခွာပြီး နာရီပိုင်းအကြာမှာ ယာဉ်ပေါ်မှာ Michaelလို့ခေါ်တဲ့ မမျှော်လင့်ထား မဖိတ်ခေါ်ထားတဲ့ဧည့်သည်တစ်ယောက် ရုတ်တရက်ပေါ်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲ။ Michaelကရော ဘယ်လိုကံဆိုးမှုတွေကို သယ်ဆောင်လာဦးမလဲ။

အာကာသထဲမှာ အသက်ရှူဖို့လေကအစ အကုန်လုံးတွက်ချက်ပြီးထည့်ထားတဲ့‌ယာဉ်ပျံထဲမှာ လူတစ်ယောက်ပိုလာခြင်းဟာ သူတို့ကိုဘယ်လိုအကြပ်ရိုက်စေမလဲ။ လူတစ်ယောက်ရဲ့ရှင်သန်မှုက အခြားလူတွေအားလုံးရဲ့အသက်ကို အသက်ရှူနေတဲ့စက္ကန့်နဲ့အမျှ ခြိမ်းခြောက်နေတဲ့အခါ သူတို့ဘယ်လိုရွေးချယ်မှုတွေကို လုပ်ကြမလဲ။

သူတို့အိပ်မက်တွေကို စတင်ကြမယ့် Marsဂြိုလ်ပေါ်ကို Zoe နဲ့ Davidတို့ အရောက်သွားနိုင်ပါ့မလားဆိုတာကို ဒီ Stowaway 2021ဆိုတဲ့ရုပ်ရှင်လေးမှာ ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါ။

Credit Review

ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Myat Eaindray Khaing ဖြစ်ပါတယ်

Zawgyi

သိပၸံစိတ္ကူးယဥ္႐ုပ္ရွင္ေတြကို ၾကည့္ၾကတဲ့အခါအာကာသယာဥ္ပ်ံႀကီးစီးၿပီး တစ္ျခားၿဂိဳလ္ေတြကို သြားေရာက္လည္ပတ္‌လိုတဲ့ဆႏၵေလးေတာ့ လူတိုင္းလိုလို ျဖစ္ဖူးၾကမွာပါပဲ။

ဒါေပမဲ့ အာကာသထဲမွာျဖစ္လာႏိုင္တဲ့ အႏၲရာယ္ေတြ စိန္ေခၚမႈေတြကိုေတာ့ လူတိုင္းမေတြးမိႏိုင္ပါဘူး။

ဒီဇာတ္ကားေလးထဲမွာေတာ့ Marsၿဂိဳလ္ေပၚမွာ သက္ရွိေတြရွင္သန္ႏိုင္မႈရွိမရွိ စမ္းသပ္မႈျပဳလုပ္ၾကမယ့္ Davidနဲ႔ ေဆးသိပၸံပညာရွင္မေလး ေဒါက္တာZoeတို႔ဟာ ဝါရင့္အာကာသယာဥ္မႉး Barnettနဲ႔အတူ ထြက္ခြာလာၾကပါတယ္။

သူတို႔အားလုံးကေတာ့ ကမာၻႀကီးကိုအက်ိဳးျပဳႏိုင္ဖို႔ စိတ္ကူးကိုယ္စီနဲ႔ ေပ်ာ္႐ႊင္ေနၾကတာေပါ့။ ဒါေပမဲ့ ကမာၻေျမေပၚကထြက္ခြာၿပီး နာရီပိုင္းအၾကာမွာ ယာဥ္ေပၚမွာ Michaelလို႔ေခၚတဲ့ မေမွ်ာ္လင့္ထား မဖိတ္ေခၚထားတဲ့ဧည့္သည္တစ္ေယာက္ ႐ုတ္တရက္ေပၚလာခ်ိန္မွာေတာ့ ဘာေတြဆက္ျဖစ္မလဲ။ Michaelကေရာ ဘယ္လိုကံဆိုးမႈေတြကို သယ္ေဆာင္လာဦးမလဲ။

အာကာသထဲမွာ အသက္ရႉဖို႔ေလကအစ အကုန္လုံးတြက္ခ်က္ၿပီးထည့္ထားတဲ့‌ယာဥ္ပ်ံထဲမွာ လူတစ္ေယာက္ပိုလာျခင္းဟာ သူတို႔ကိုဘယ္လိုအၾကပ္႐ိုက္ေစမလဲ။ လူတစ္ေယာက္ရဲ႕ရွင္သန္မႈက အျခားလူေတြအားလုံးရဲ႕အသက္ကို အသက္ရႉေနတဲ့စကၠန႔္နဲ႔အမွ် ၿခိမ္းေျခာက္ေနတဲ့အခါ သူတို႔ဘယ္လိုေ႐ြးခ်ယ္မႈေတြကို လုပ္ၾကမလဲ။

သူတို႔အိပ္မက္ေတြကို စတင္ၾကမယ့္ Marsၿဂိဳလ္ေပၚကို Zoe နဲ႔ Davidတို႔ အေရာက္သြားႏိုင္ပါ့မလားဆိုတာကို ဒီ Stowaway 2021ဆိုတဲ့႐ုပ္ရွင္ေလးမွာ ၾကည့္ရႈအေျဖရွာလိုက္ရေအာင္ပါ။

Credit Review

ဒီဇာတ္ကားကိုဘာသာျပန္ေပးသူကေတာ့ Myat Eaindray Khaing ျဖစ္ပါတယ္

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Stowaway (2021)
Stowaway (2021)
Stowaway (2021)
Stowaway (2021)
Stowaway (2021)
Stowaway (2021)
Stowaway (2021)
Stowaway (2021)
Stowaway (2021)
Stowaway (2021)

No downloads available

Related movies