M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Blu-ray 1080p The Secret Life of Walter Mitty (2013)
Report error

Report error



Unicode

အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားကို အစပိုင်း မိနစ်(၂၀)လောက်အထိ သူ ဘာကိုပြချင်မှန်း နားမလည်ခဲ့ဘူး။ ဒီအတိုင်း ပေါကြောင်ကြောင် ဇာတ်ကားကြီးပါလားလို့ ထင်ခဲ့မိတယ်။
ဒီဇာတ်ကားဟာ 1939 ခုနှစ်က အရမ်းကို နာမည်ကြီးခဲ့တဲ့ ဟာသ/ကာတွန်း/စာရေးဆရာကြီး James Thurber ရဲ့ ဝတ္ထုတို The Secret Life of Walter Mitty ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 1947 ခုနှစ်မှာ တစ်ကြိမ် The Secret Life of Walter Mitty နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ကူးထားပါသေးတယ်။

အစောပိုင်းမှာ ကြည့်ရတာတစ်မျိုးကြီးဖြစ်နေပေမယ့် အဆုံးထိ ဆက်ကြည့်ဖြစ်ခဲ့ပြီး..
ကြည့်ရကျိုးနပ်ရုံမက မကြည့်ရသေးတဲ့ သူတွေကိုပါ ကြည့်ဖို့ညွှန်းချင်လောက်အောင်ပဲ ကြိုက်သွားခဲ့ပါတယ်။
လူတော်တော်များများပါပဲ.. (ကျွန်တော်အပါအဝင်) သမားရိုးကျ နေ့စဉ်ဘဝကို ကျင်လည်နေကြပါတယ်။ ပညာသင်မယ် .. ပိုက်ဆံရှာမယ်.. ဘဝကို ပုံမှန်ပဲ ကြိုးစားရုန်းကန်တည်ဆောက်မယ်ပေါ့။

ငယ်စဉ်က စိတ်ကူးယဉ်အိမ်မက်တွေ.. စွန့်စားချင်စိတ်တွေက ..အသက်အရွယ်ရလာတာနဲ့အမျှ.. စိတ်ကူးထဲမှာပဲ တဖြေးဖြေးတိမ်မြုပ်သွားကြတယ်။
တစ်ခါတစ်လေမှာတော့ ရုပ်ရှင်တွေထဲမှာ ဆက်လက်စိတ်ကူးယဉ်ကြတယ်။ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်ထဲကအတိုင်း အပြင်မှာ ဆက်ပြီးစိတ်ကူးယဉ်ကြတယ်။
ဒီလိုနဲ့ အသက်တွေတဖြည်းဖြည်းကြီး သက္ကရာဇ်တွေက တိုက်စားရင်း လူတွေ လုံးပါး ပါးလာကြာတာပဲ မဟုတ်ပါလား..
Walter Mitty ဆိုတဲ့ လူကလည်း ထိုနည်းလည်းကောင်းပါပဲ…
အသက်ကြီးနေတဲ့ အမေအိုတစ်ဦးရယ် ညီမတစ်ယောက်ရယ်နဲ့ ပုံမှန်အလုပ်သွားအလုပ်ပြန်ရင်း ..အချိန်တွေကုန်လာလိုက်တာ အသက်(၄၁)နှစ်ကိုရောက်လာရော…

သူက Life မဂ္ဂဇင်းရဲ့ ဓာတ်ပုံဌာနက နဂ္ဂတစ်ဖလင်တွေစုဆောင်းထားတဲ့ ဌာနရဲ့ မန်နေဂျာတစ်ဦး..
သူ့ဌာနမှတဆင့် နဂ္ဂတစ်ဖလင်တွေကနေ ဓာတ်ပုံအဆင့်ကိုဖြတ်သန်းပြီးမှ မဂ္ဂဇင်းအတွက်အသုံးပြုရတာပါ။
သူစိတ်ဝင်စားနေတဲ့ အမျိုးသမီးကလည်း သူတို့ Life မဂ္ဂဇင်းမှာ လွန်ခဲ့တဲ့ (၁)လ လောက်ကမှ ရောက်လာတဲ့ ဝန်ထမ်းတစ်ဦး ၊ အသက်(၄၀)ကျော်လာတဲ့အထိ ဖခင်ကွယ်လွန်ပြီး (သူဆယ်ကျော်သက်အရွယ်ကတည်းက) မိသားစုအတွက် အစ်ကိုကြီးအဖရာ အနေနဲ့ ဘဝတစ်လျှောက်လုံးကြိုးစားရုန်းကန်လာခဲ့ပြီး ငွေကြေးကိုစနစ်တကျသုံးစွဲက မချမ်းသာပေမယ့် ပုံမှန်လည်ပတ်နေတဲ့ လခစားဝန်ထမ်းတစ်ယောက်အနေနဲ့ ရိုးသားအေးဆေးစွာနေလာခဲ့တဲ့သူ…

မွေးနေ့မှာ ကံကောင်းခြင်းတွေထက် ကံဆိုးဖို့တွေသာဖြစ်လာခဲ့တာကတော့…
သူတို့ မဂ္ဂဇင်းက ဒီလအတွက် နောက်ဆုံးထုတ်ဝေခြင်းပါတဲ့ … ဝန်ထမ်းတွေလည်း ရုတ်တရက် ဆွံ့အသွားခဲ့ကြပါတယ်။ ဒါပေမယ့် သူဘာများတတ်နိုင်ဦးမှာလဲ…
နောက်ထပ် တကယ့် လတ်တလောပြသနာကတော့ …သူ့ဌာနကို ရောက်လာတဲ့ တစ်ကိုယ်တော် စွန့်စားသွားလာ ဓာတ်ပုံရိုက်ကူးနေတဲ့ Sean O’ Connell က ပို့လိုက်တဲ့ နဂ္ဂတစ်ဖလင် (၂၅)ကွက်နဲ့ သူ့အတွက် မွေးနေ့လက်ဆောင် ပိုက်ဆံအိတ်ကလေးပါ။ ဖလင် (၂၅)ကွက်မှာ (၂၅)ကွက်မြောက် ဖလင်က ပါမလာပါဘူး။

ဒါပေမယ့် အထက်လူကြီးဆီကို ရောက်နေတဲ့ သတင်းကတော့ ဒီတစ်ပတ်နောက်ဆုံးထုတ်မဂ္ဂဇင်းရဲ့ အဖုံးကို ဖလင်နံပါတ်(၂၅) ကို အသုံးပြုဖို့ Sean O’ Connell က မှာလိုက်ပါသတဲ့….
အဲဒီတော့ Sean O’ Connell ကိုအရေးတကြီး ဆက်သွယ်မေးမြန်းဖို့ လိုအပ်လာပါပြီ.. ဒါပေမယ့် အဲ့ဒီတစ်ကိုယ်တော်ဓာတ်ပုံဆရာ လူစွန့်စားကြီးက Mobile Phone / Email / internet social media account ဘာတစ်ခုမှ မသုံးပါဘူး။
(၂၅)ကွက်မြောက် ဖလင်ကို ရရှိဖို့ကလည်း Walter Mitty အတွက် သေရေးရှင်ရေးတမျှအရေးကြီးပါတယ်။

ဒီတော့ ဘယ်လို ဆက်လုပ်ကြမလဲဗျ ???
Zoolander (2001) မင်းသားကြီး Ben Stiller ကိုယ်တိုင် ရိုက်ကူးသရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb 7.3/10 ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
ဒီဇာတ်ကားလေးက…
ကျွန်တော်တို့ ဘဝ နေ့တဓူဝ ရုန်းကန်နေထိုင်ခြင်းရဲ့ အဓိပ္ပာယ်တွေ.. ရုပ်ဝတ္ထုတွေရဲ့ အရေးပါပုံတွေ… အလှတရားတွေ .. သဘာဝအလှ/ရုပ်အလှ ပြီးတော့ စိတ်ဓာတ်ခွန်အားရဲ့ ကြီးကျယ်ခန်းနားတဲ့ အလှ တွေကို ပြန်လည်သုံးသပ်မိစေအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။

Credit Review

Zawgyi

အမွန္အတိုင္းေျပာရရင္ ဒီဇာတ္ကားကို အစပိုင္း မိနစ္(၂၀)ေလာက္အထိ သူ ဘာကိုျပခ်င္မွန္း နားမလည္ခဲ့ဘူး။ ဒီအတိုင္း ေပါေၾကာင္ေၾကာင္ ဇာတ္ကားႀကီးပါလားလို႔ ထင္ခဲ့မိတယ္။
ဒီဇာတ္ကားဟာ 1939 ခုႏွစ္က အရမ္းကို နာမည္ႀကီးခဲ့တဲ့ ဟာသ/ကာတြန္း/စာေရးဆရာႀကီး James Thurber ရဲ႕ ဝတၳဳတို The Secret Life of Walter Mitty ကို ျပန္လည္႐ိုက္ကူးထားတာျဖစ္ၿပီး 1947 ခုႏွစ္မွာ တစ္ႀကိမ္ The Secret Life of Walter Mitty နာမည္နဲ႔ပဲ ႐ုပ္ရွင္႐ိုက္ကူးထားပါေသးတယ္။

အေစာပိုင္းမွာ ၾကည့္ရတာတစ္မ်ိဳးႀကီးျဖစ္ေနေပမယ့္ အဆုံးထိ ဆက္ၾကည့္ျဖစ္ခဲ့ၿပီး..
ၾကည့္ရက်ိဳးနပ္႐ုံမက မၾကည့္ရေသးတဲ့ သူေတြကိုပါ ၾကည့္ဖို႔ၫႊန္းခ်င္ေလာက္ေအာင္ပဲ ႀကိဳက္သြားခဲ့ပါတယ္။
လူေတာ္ေတာ္မ်ားမ်ားပါပဲ.. (ကြၽန္ေတာ္အပါအဝင္) သမား႐ိုးက် ေန႔စဥ္ဘဝကို က်င္လည္ေနၾကပါတယ္။ ပညာသင္မယ္ .. ပိုက္ဆံရွာမယ္.. ဘဝကို ပုံမွန္ပဲ ႀကိဳးစား႐ုန္းကန္တည္ေဆာက္မယ္ေပါ့။

ငယ္စဥ္က စိတ္ကူးယဥ္အိမ္မက္ေတြ.. စြန႔္စားခ်င္စိတ္ေတြက ..အသက္အ႐ြယ္ရလာတာနဲ႔အမွ်.. စိတ္ကူးထဲမွာပဲ တေျဖးေျဖးတိမ္ျမဳပ္သြားၾကတယ္။
တစ္ခါတစ္ေလမွာေတာ့ ႐ုပ္ရွင္ေတြထဲမွာ ဆက္လက္စိတ္ကူးယဥ္ၾကတယ္။ တစ္ခါတစ္ေလမွာေတာ့ ႐ုပ္ရွင္ထဲကအတိုင္း အျပင္မွာ ဆက္ၿပီးစိတ္ကူးယဥ္ၾကတယ္။
ဒီလိုနဲ႔ အသက္ေတြတျဖည္းျဖည္းႀကီး သကၠရာဇ္ေတြက တိုက္စားရင္း လူေတြ လုံးပါး ပါးလာၾကာတာပဲ မဟုတ္ပါလား..
Walter Mitty ဆိုတဲ့ လူကလည္း ထိုနည္းလည္းေကာင္းပါပဲ…
အသက္ႀကီးေနတဲ့ အေမအိုတစ္ဦးရယ္ ညီမတစ္ေယာက္ရယ္နဲ႔ ပုံမွန္အလုပ္သြားအလုပ္ျပန္ရင္း ..အခ်ိန္ေတြကုန္လာလိုက္တာ အသက္(၄၁)ႏွစ္ကိုေရာက္လာေရာ…

သူက Life မဂၢဇင္းရဲ႕ ဓာတ္ပုံဌာနက နဂၢတစ္ဖလင္ေတြစုေဆာင္းထားတဲ့ ဌာနရဲ႕ မန္ေနဂ်ာတစ္ဦး..
သူ႔ဌာနမွတဆင့္ နဂၢတစ္ဖလင္ေတြကေန ဓာတ္ပုံအဆင့္ကိုျဖတ္သန္းၿပီးမွ မဂၢဇင္းအတြက္အသုံးျပဳရတာပါ။
သူစိတ္ဝင္စားေနတဲ့ အမ်ိဳးသမီးကလည္း သူတို႔ Life မဂၢဇင္းမွာ လြန္ခဲ့တဲ့ (၁)လ ေလာက္ကမွ ေရာက္လာတဲ့ ဝန္ထမ္းတစ္ဦး ၊ အသက္(၄၀)ေက်ာ္လာတဲ့အထိ ဖခင္ကြယ္လြန္ၿပီး (သူဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက) မိသားစုအတြက္ အစ္ကိုႀကီးအဖရာ အေနနဲ႔ ဘဝတစ္ေလွ်ာက္လုံးႀကိဳးစား႐ုန္းကန္လာခဲ့ၿပီး ေငြေၾကးကိုစနစ္တက်သုံးစြဲက မခ်မ္းသာေပမယ့္ ပုံမွန္လည္ပတ္ေနတဲ့ လခစားဝန္ထမ္းတစ္ေယာက္အေနနဲ႔ ႐ိုးသားေအးေဆးစြာေနလာခဲ့တဲ့သူ…

ေမြးေန႔မွာ ကံေကာင္းျခင္းေတြထက္ ကံဆိုးဖို႔ေတြသာျဖစ္လာခဲ့တာကေတာ့…
သူတို႔ မဂၢဇင္းက ဒီလအတြက္ ေနာက္ဆုံးထုတ္ေဝျခင္းပါတဲ့ … ဝန္ထမ္းေတြလည္း ႐ုတ္တရက္ ဆြံ႕အသြားခဲ့ၾကပါတယ္။ ဒါေပမယ့္ သူဘာမ်ားတတ္ႏိုင္ဦးမွာလဲ…
ေနာက္ထပ္ တကယ့္ လတ္တေလာျပသနာကေတာ့ …သူ႔ဌာနကို ေရာက္လာတဲ့ တစ္ကိုယ္ေတာ္ စြန႔္စားသြားလာ ဓာတ္ပုံ႐ိုက္ကူးေနတဲ့ Sean O’ Connell က ပို႔လိုက္တဲ့ နဂၢတစ္ဖလင္ (၂၅)ကြက္နဲ႔ သူ႔အတြက္ ေမြးေန႔လက္ေဆာင္ ပိုက္ဆံအိတ္ကေလးပါ။ ဖလင္ (၂၅)ကြက္မွာ (၂၅)ကြက္ေျမာက္ ဖလင္က ပါမလာပါဘူး။

ဒါေပမယ့္ အထက္လူႀကီးဆီကို ေရာက္ေနတဲ့ သတင္းကေတာ့ ဒီတစ္ပတ္ေနာက္ဆုံးထုတ္မဂၢဇင္းရဲ႕ အဖုံးကို ဖလင္နံပါတ္(၂၅) ကို အသုံးျပဳဖို႔ Sean O’ Connell က မွာလိုက္ပါသတဲ့….
အဲဒီေတာ့ Sean O’ Connell ကိုအေရးတႀကီး ဆက္သြယ္ေမးျမန္းဖို႔ လိုအပ္လာပါၿပီ.. ဒါေပမယ့္ အဲ့ဒီတစ္ကိုယ္ေတာ္ဓာတ္ပုံဆရာ လူစြန႔္စားႀကီးက Mobile Phone / Email / internet social media account ဘာတစ္ခုမွ မသုံးပါဘူး။
(၂၅)ကြက္ေျမာက္ ဖလင္ကို ရရွိဖို႔ကလည္း Walter Mitty အတြက္ ေသေရးရွင္ေရးတမွ်အေရးႀကီးပါတယ္။

ဒီေတာ့ ဘယ္လို ဆက္လုပ္ၾကမလဲဗ် ???
Zoolander (2001) မင္းသားႀကီး Ben Stiller ကိုယ္တိုင္ ႐ိုက္ကူးသ႐ုပ္ေဆာင္ထားတဲ့ဇာတ္ကားျဖစ္ၿပီး IMDb 7.3/10 ရရွိထားတဲ့ ဇာတ္ကားေလးျဖစ္ပါတယ္။
ဒီဇာတ္ကားေလးက…
ကြၽန္ေတာ္တို႔ ဘဝ ေန႔တဓူဝ ႐ုန္းကန္ေနထိုင္ျခင္းရဲ႕ အဓိပၸာယ္ေတြ.. ႐ုပ္ဝတၳဳေတြရဲ႕ အေရးပါပုံေတြ… အလွတရားေတြ .. သဘာဝအလွ/႐ုပ္အလွ ၿပီးေတာ့ စိတ္ဓာတ္ခြန္အားရဲ႕ ႀကီးက်ယ္ခန္းနားတဲ့ အလွ ေတြကို ျပန္လည္သုံးသပ္မိေစေအာင္ လႈံ႕ေဆာ္ေပးပါလိမ့္မယ္။

Credit Review

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Cast

The Secret Life of Walter Mitty (2013)
The Secret Life of Walter Mitty (2013)
The Secret Life of Walter Mitty (2013)
The Secret Life of Walter Mitty (2013)
The Secret Life of Walter Mitty (2013)
The Secret Life of Walter Mitty (2013)
The Secret Life of Walter Mitty (2013)
The Secret Life of Walter Mitty (2013)
The Secret Life of Walter Mitty (2013)
The Secret Life of Walter Mitty (2013)

No downloads available

Related movies