M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Web-dl 1080p Xtreme (2021)
Report error

Report error



Unicode

မက်စီမိုဟာ လူဆိုးဂိုဏ်းတစ်ခုရဲ့ လူယုံတစ်ယောက် သူ့ရဲ့ သူဌေးမှာ သားအရင်းတစ်ယောက်နဲ့ မွေးစားသမီးတစ်ယောက်ရှိတယ် မွေးစားသမီးမာရီယာဟာ သူဌေးကြီးရဲ့ အားကိုးရသူတစ်ယောက်အဖြစ် သူဌေးကြီးအနားမှာ နေထိုင်ရသူ သားအရင်းကတော့ လူစီရိုဖြစ်ပြီး သူဟာ ဂျပန်နိုင်ငံသို့ ဖခင်ဖြစ်သူက ပို့ခြင်းခံရပြီးနောက် ရာကူဇာတွေရဲ့ သဘောသဘာဝကို လေ့လာခဲ့သူတစ်ယောက် တစ်နေ့မှာတော့ လူစီရိုဟာ ပြန်လည်ရောက်ရှိလာပြီး ဖခင်ဖြစ်သူ၏ စေခိုင်းချက်အရ ကွန်းကလေ့ဗ် အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ပြီး ညှိုနှိုင်းဖို့အတွက် သွားခိုင်းခဲ့တာဖြစ်ပေမယ့် ဖခင်အပေါ် သစ္စာဖောက်ကာ မက်စီမိုအား တစ်ဖက်လှည့်နဲ့ ထွက်သွားခိုင်းခဲ့ပြီး ဖခင်အား ကိုယ်တိုင်သတ်ဖြတ်ခဲ့ပါတယ်

ဒါကိုမြင်တွေ့ရတဲ့ မာရီယာဟာ ထွက်ပြေးသွားခဲ့ပါတယ် လူစီရိုဟာ မက်စီမိုကိုလည်း သူ့လူယုံတစ်ယောက်ကိုလွှတ်ပြီး အသတ်ခိုင်းခဲ့တာကြောင့် မက်စီမိုနဲ့ သူ့သားဟာ ရက်ရက်စက်စက်အသတ်ခံခဲ့ရပါတယ် ဒါပေမယ့် အချိန်မလွန်ခင် မာရီယာက လာရောက်ကယ်ထုတ်ခဲ့တာကြောင့် မက်စီမိုဟာ အသက်ရှင်ခဲ့ပါတယ် ဒီလိုနဲ့ မာရီယာနဲ့ မက်စီမိုတို့ဟာ လူစီရိုကို ပြန်လည်လက်စားချေဖို့အတွက် အစီအစဉ်ဆွဲခဲ့ပါတော့တယ်

ဒီလိုနဲ့ တစ်နေ့ လီယိုဆိုတဲ့ကောင်လေးတစ်ယောက် ရုရှားတွေရဲ့ ရိုက်နှက်ခံနေရတာကနေ မက်စီမိုက ကယ်ခဲ့ပြီးနောက် လီယို နဲ့ မက်စီမိုဟာ သံယောဇဉ်ရှိသွားခဲ့ပြီးနောက် အခက်အခဲတွေရင်ဆိုင်ခဲ့ရပါတော့တယ် လီယိုအလုပ်လုပ်ပေးနေတဲ့ သူတွေဟာ လူစီရိုရဲ့လူတွေဖြစ်ပြီး တစ်နေ့မှာ လီယိုရဲ့ မိသားစုကိုလည်း လူစီရိုရဲ့ လူတွေဟာသတ်ဖြတ်ပစ်ခဲ့ပါတယ် ဒီလိုနဲ့ မက်စီမိုနဲ့ မာရီယာတို့ရဲ့ လက်စားချေမယ့်ပွဲထဲမှာ လီယိုဟာ ဘယ်လိုအခန်းကဏ္ဍကနေပါဝင်လာမလဲ လူစီရိုကိုရော လက်စားချေနိုင်ခဲ့မှာလား ဘယ်လို အခက်အခဲတွေကြုံလာရဦးမလဲဆိုတာ စိတ်ဝင်စားဖွယ် ရိုက်ကူးထားတဲ့ action ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်

အညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Mia Mina ဖြစ်ပါတယ်

Zawgyi





Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Xtreme (2021)
Xtreme (2021)
Xtreme (2021)

No downloads available

Related movies