M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Web-dl 1080p Wolfwalkers (2020)
Report error

Report error



Unicode

၁၆၅၀ ခုနှစ်၊ အိုင်ယာလန်မှာ အင်္ဂလိပ်တွေ နယ်မြေချဲ့လာတဲ့အချိန်တုန်းက အင်္ဂလန်လူမျိုးဖြစ်တဲ့ ရော်ဘင်နဲ့ သူ့အဖေ အမဲလိုက်မုဆိုးကြီးက အိုင်ယာလန်ကို ပြောင်းလာကြတယ်
အဲ့ဒီမြို့က မြို့ပြင်မှာရှိတဲ့တောအုပ်ထဲမှာ ဝံပုလွေတွေ အများကြီးရှိတဲ့အတွက် မြို့ရဲ့အုပ်ချုပ်ရေးမှူးက ဘယ်ကလေးမှ မြို့ပြင်မထွက်ရဘူးလို့ စည်းကမ်းတင်းကျပ်ထားတယ်
ပြီးတော့ ရော်ဘင့်ရဲ့အဖေကို မြို့ပြင်မှာရှိတဲ့တောအုပ်ထဲမှာ ဝံပုလွေတွေနှိမ်နှင်းပေးဖို့ တာဝန်ပေးခဲ့တယ်
ရော်ဘင်က အိမ်မှုကိစ္စတွေလုပ်ဖို့ထက် အပြင်လောကမှာ စွန့်စားခန်းတွေ ရှာဖွေချင်တဲ့ မိန်းကလေးငယ်လေးပါ
ဒါပေမယ့် သူ့အဖေက ရော်ဘင့်ကို အဲ့ဒီဒေသက အခြားကလေးတွေလိုပဲ အိမ်မှာပဲနေပြီး အိမ်မှုကိစ္စကိုပဲ စိတ်ဝင်စားဖို့ တွန်းအားပေးခဲ့တယ်
တစ်နေ့မှာတော့ ရောဘင်က သူ့အဖေမသိအောင် စစ်သားတွေစောင့်ကြပ်ထားတဲ့ကြားက မြို့ပြင်ကို ခိုးထွက်လာပြီး သူ့အဖေ အမဲလိုက်သွားတဲ့နောက်ကို ခိုးလိုက်တဲ့တယ်
အဲ့ဒီအချိန်မှာပဲ မြို့ကလူတွေပါးစပ်ဖျားမှာ ဒဏ္ဍာရီလိုမျိုးပြောနေကြတဲ့ ဝံပုလွေလူသား ကောင်မလေး တစ်ယောက်နဲ့ဆုံခဲ့ပြီး သူငယ်ချင်းဖြစ်သွားခဲ့တယ်
ဒါပေမယ့် ရော်ဘင် မြို့ပြင်ခိုးထွက်တာကို သူ့အဖေသိသွားတဲ့အခါမှာတော့ အရင်ကထက် စည်းကမ်းတွေ ပိုတင်းကျပ်လာခဲ့တယ်
နောက်ပြီး အုပ်ချုပ်ရေးမှူးက ဝံပုလွေတွေအားလုံးကို နှိမ်နှင်းဖို့ တောအုပ်ကို မီးရှို့တော့မယ်ဆိုတာ သိရတဲ့အခါမှာတော့ ရော်ဘင်တစ်ယောက် အုပ်ချုပ်ရေးမှူးက တာဝန်ပေးခံထားရတဲ့ သူ့အဖေနဲ့ သူ့သူငယ်ချင်း ဝံပုလွေလူသားကြားမှာ ဘယ်လိုတွေ ဗျာများရမလဲ၊ သူငယ်ချင်းကို ကူညီပေးနိုင်ပါ့မလားဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်
ကာတွန်းကားဖြစ်တာကြောင့် အရွယ်အားလုံးကြည့်နိုင်တဲ့အပြင် ဒီကားထဲမှာ မိဘနဲ့သားသမီးကြားက အမြင်မတူတာတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ သူငယ်ချင်းသံယောဇဉ်တွေကိုလည်း ပေါ့ပေါ့ပါးပါး ဖော်ပြထားပါတယ်
ထပ်ပြီးညွှန်းချင်တာကတော့ ဒီထဲကသီချင်းလေးက ချစ်စရာကောင်းပြီး နားထဲစွဲနေတာပါပဲ

ဒီဇာတ်ကးကို အညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Moh Moh ဖြစ်ပါတယ်

Zawgyi

၁၆၅၀ ခုႏွစ္၊ အိုင္ယာလန္မွာ အဂၤလိပ္ေတြ နယ္ေျမခ်ဲ႕လာတဲ့အခ်ိန္တုန္းက အဂၤလန္လူမ်ိဳးျဖစ္တဲ့ ေရာ္ဘင္နဲ႔ သူ႔အေဖ အမဲလိုက္မုဆိုးႀကီးက အိုင္ယာလန္ကို ေျပာင္းလာၾကတယ္
အဲ့ဒီၿမိဳ႕က ၿမိဳ႕ျပင္မွာရွိတဲ့ေတာအုပ္ထဲမွာ ဝံပုေလြေတြ အမ်ားႀကီးရွိတဲ့အတြက္ ၿမိဳ႕ရဲ႕အုပ္ခ်ဳပ္ေရးမႉးက ဘယ္ကေလးမွ ၿမိဳ႕ျပင္မထြက္ရဘူးလို႔ စည္းကမ္းတင္းက်ပ္ထားတယ္
ၿပီးေတာ့ ေရာ္ဘင့္ရဲ႕အေဖကို ၿမိဳ႕ျပင္မွာရွိတဲ့ေတာအုပ္ထဲမွာ ဝံပုေလြေတြႏွိမ္ႏွင္းေပးဖို႔ တာဝန္ေပးခဲ့တယ္
ေရာ္ဘင္က အိမ္မႈကိစၥေတြလုပ္ဖို႔ထက္ အျပင္ေလာကမွာ စြန႔္စားခန္းေတြ ရွာေဖြခ်င္တဲ့ မိန္းကေလးငယ္ေလးပါ
ဒါေပမယ့္ သူ႔အေဖက ေရာ္ဘင့္ကို အဲ့ဒီေဒသက အျခားကေလးေတြလိုပဲ အိမ္မွာပဲေနၿပီး အိမ္မႈကိစၥကိုပဲ စိတ္ဝင္စားဖို႔ တြန္းအားေပးခဲ့တယ္
တစ္ေန႔မွာေတာ့ ေရာဘင္က သူ႔အေဖမသိေအာင္ စစ္သားေတြေစာင့္ၾကပ္ထားတဲ့ၾကားက ၿမိဳ႕ျပင္ကို ခိုးထြက္လာၿပီး သူ႔အေဖ အမဲလိုက္သြားတဲ့ေနာက္ကို ခိုးလိုက္တဲ့တယ္
အဲ့ဒီအခ်ိန္မွာပဲ ၿမိဳ႕ကလူေတြပါးစပ္ဖ်ားမွာ ဒ႑ာရီလိုမ်ိဳးေျပာေနၾကတဲ့ ဝံပုေလြလူသား ေကာင္မေလး တစ္ေယာက္နဲ႔ဆုံခဲ့ၿပီး သူငယ္ခ်င္းျဖစ္သြားခဲ့တယ္
ဒါေပမယ့္ ေရာ္ဘင္ ၿမိဳ႕ျပင္ခိုးထြက္တာကို သူ႔အေဖသိသြားတဲ့အခါမွာေတာ့ အရင္ကထက္ စည္းကမ္းေတြ ပိုတင္းက်ပ္လာခဲ့တယ္
ေနာက္ၿပီး အုပ္ခ်ဳပ္ေရးမႉးက ဝံပုေလြေတြအားလုံးကို ႏွိမ္ႏွင္းဖို႔ ေတာအုပ္ကို မီးရႈိ႕ေတာ့မယ္ဆိုတာ သိရတဲ့အခါမွာေတာ့ ေရာ္ဘင္တစ္ေယာက္ အုပ္ခ်ဳပ္ေရးမႉးက တာဝန္ေပးခံထားရတဲ့ သူ႔အေဖနဲ႔ သူ႔သူငယ္ခ်င္း ဝံပုေလြလူသားၾကားမွာ ဘယ္လိုေတြ ဗ်ာမ်ားရမလဲ၊ သူငယ္ခ်င္းကို ကူညီေပးႏိုင္ပါ့မလားဆိုတာကို ဇာတ္ကားထဲမွာပဲ ဆက္ၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္
ကာတြန္းကားျဖစ္တာေၾကာင့္ အ႐ြယ္အားလုံးၾကည့္ႏိုင္တဲ့အျပင္ ဒီကားထဲမွာ မိဘနဲ႔သားသမီးၾကားက အျမင္မတူတာေတြ၊ ခ်စ္ျခင္းေမတၱာေတြ၊ သူငယ္ခ်င္းသံေယာဇဥ္ေတြကိုလည္း ေပါ့ေပါ့ပါးပါး ေဖာ္ျပထားပါတယ္
ထပ္ၿပီးၫႊန္းခ်င္တာကေတာ့ ဒီထဲကသီခ်င္းေလးက ခ်စ္စရာေကာင္းၿပီး နားထဲစြဲေနတာပါပဲ

ဒီဇာတ္ကးကို အၫြန္းနဲ႔ဘာသာျပန္ေပးသူကေတာ့ Moh Moh ျဖစ္ပါတယ္

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Wolfwalkers (2020)
Wolfwalkers (2020)
Wolfwalkers (2020)
Wolfwalkers (2020)
Wolfwalkers (2020)
Wolfwalkers (2020)
Wolfwalkers (2020)
Wolfwalkers (2020)
Wolfwalkers (2020)
Wolfwalkers (2020)
Wolfwalkers (2020)
Wolfwalkers (2020)

No downloads available

Related movies