M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Web-dl 1080p Young Adult Matters (2020)
Report error

Report error



Unicode

တောင်ကိုရီးယားဒရမ်မာတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ၊ တေးသီချင်းတွေနဲ့ရင်းနှီးနေတဲ့ကျွန်မတို့က တောင်ကိုရီးယားလူ့ပတ်၀◌န်းကျင်အပေါ်ဘယ်လိုအမြင်ရှိကြသလဲ? ကျွန်မတို့ထက်တိုးတက်မှုတွေအများကြီးရှိနေတဲ့နိုင်ငံရဲ့လူမှုပတ်၀◌န်းကျင်ကို အနည်းနဲ့အများတော့အထင်ကြီးအကောင်းမြင်ကြတာအမှန်ပါပဲ။ ဒါပေမယ့် တောင်ကိုရီးယားဒါရိုက်တာ Lee Hwan က Young Adult Matters ဆိုတဲ့ရုပ်ရှင်နဲ့ ယခုခေတ်တောင်ကိုရီးယားနိုင်ငံရဲ့လူငယ်တွေကြားကအဖြစ်အပျက်တွေကို ပုံရိပ်ထင်အောင်တင်ပြနိုင်ခဲ့ပါတယ်။

ယွန်းဆယ်ဂျင်းဆိုတဲ့အထက်တန်းကျောင်းသူတစ်ယောက်ဟာ ညီမဖြစ်သူယွန်းဆယ်ယောင်းနဲ့နှစ်ယောက်တည်းနေထိုင်ကြပါတယ်။ ယွန်းဆယ်ဂျင်းဟာတစ်ခါတစ်ရံမှာ သူ့ရဲ့လက်ကိုဓားနဲ့လှီးတတ်ပြီး sociopath တစ်ယောက်ရဲ့အပြုအမူတွေရှိ၍ မူးယစ်ဆေးလဲစွဲနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာကျောင်းမှာလည်းအတန်းဖော်မိန်းကလေးတစ်ယောက်နဲ့ LGBT relationship ရှိတဲ့သူဖြစ်ပါတယ်။ ဆယ်ဂျင်းရဲ့ LGBT ချစ်သူဟာဆယ်ဂျင်းကိုအခြားသူတွေရှေ့မှာအနိုင်ကျင့်တတ်ပါတယ်။

Sociaopath တစ်ယောက်ဖြစ်ဟန်ရှိတဲ့ယွန်းဆယ်ဂျင်းဟာ သူတို့ကျောင်းကကျောင်းအုပ်ရဲ့သားနဲ့ကိုယ်၀◌န်ရခဲ့ပါတယ်။ ကျောင်းအုပ်ဟာကိုယ်၀◌န်ဖျက်ချဖို့နဲ့ ဒီကိစ္စကိုဘယ်သူ့ကိုမှမပြောဖို့ဆယ်ဂျင်းကိုစာချုပ်မှာလက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ ထို့အပြင်ဆယ်ဂျင်းရဲ့ LGBT ချစ်သူဟာလည်းထိုကိုယ်၀◌န်ကိစ္စနဲ့ဆယ်ဂျင်းကိုအပြစ်ပြောရိုက်နှက်ခဲ့ပြီး ထိုညမှာပဲသူဟာဆယ်ဂျင်းမျက်စိရှေ့မှာ ကြောက်မက်ဖွယ်အဖြစ်ဆိုးနဲ့သေဆုံးခဲ့ပါတယ်။ ထိုအဖြစ်တွေကိုတစ်ပြိုင်နက်တည်းရင်ဆိုင်လိုက်ရတဲ့ဆယ်ဂျင်းဟာ ကိုယ်၀◌န်ဖျက်ချဖို့အကြောင်းပြချက်နဲ့အိမ်ကနေထွက်ပြေးခဲ့ပြီး လမ်းမှာသူ့လိုပဲအသက်ရွယ်တူအိမ်ပြေးတစ်ယောက်ဖြစ်တဲ့ဂျူယောင်းနဲ့တွေ့ဆုံခဲ့ပါတယ်။ ထို့နောက် ပိုမိုပြီးသူငယ်ချင်းသံယောဇဥ◌်နက်ရှိုင်းလာခဲ့တဲ့ကောင်မလေးနှစ်ယောက်ဟာ ဆယ်ဂျင်းရဲ့ကိုယ်၀◌န်ကိုဖျက်ချဖို့နည်းလမ်းပေါင်းစုံရှာကြပါတော့တဲ့အခါ… ဘက်ပေါင်းစုံကနေပျက်စီးချင်တိုင်းပျက်စီးနေတဲ့ဆယ်ဂျင်းနဲ့ဂျူယောင်း ဘယ်လိုတွေကြုံတွေ့ရမလဲ? သူတို့တွေရဲ့ခံစားချက်တွေ၊ နောက်ကွယ်ကအတိတ်အကြောင်းပြချက်တွေကဘာလဲ…?

ကျောင်းတွင်းအနိုင်ကျင့်မှု၊ လူငယ်တွေကိုယ့်ကိုယ်ကိုအဆုံးစီရင်မှု ကမ္ဘာ့နံပါတ်တစ်ဖြစ်နေတဲ့တောင်ကိုရီးယားနိုင်ငံရဲ့ လူ့အသိုင်းအ၀◌ိုင်းကိုထင်ဟပ်အောင်ရိုက်ပြထားတဲ့ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လိင်ပိုင်းဆိုင်ရာ၊ မူးယစ်ဆေး၀◌ါးဆိုင်ရာနဲ့ အခြားကြမ်းတမ်းသောစကားအသုံးအနှုန်း၊ ဇာတ်လမ်းဇာတ်ကွက်များပါတာကြောင့်အသက်မပြည့်သေးသောကလေးများကြည့်ရှုရန်မသင့်တော်ပါဘူး။

ဒီဇာတ်ကားအတွက် အညွှန်းနဲ့ဘာသာပြန်ပေးတာကတော့ Erika Sean ဖြစ်ပါတယ်။

Zawgyi

ေတာင္ကိုရီးယားဒရမ္မာေတြ၊ ႐ုပ္ရွင္ဇာတ္ကားေတြ၊ ေတးသီခ်င္းေတြနဲ႔ရင္းႏွီးေနတဲ့ကြၽန္မတို႔က ေတာင္ကိုရီးယားလူ႔ပတ္၀◌န္းက်င္အေပၚဘယ္လိုအျမင္ရွိၾကသလဲ? ကြၽန္မတို႔ထက္တိုးတက္မႈေတြအမ်ားႀကီးရွိေနတဲ့ႏိုင္ငံရဲ႕လူမႈပတ္၀◌န္းက်င္ကို အနည္းနဲ႔အမ်ားေတာ့အထင္ႀကီးအေကာင္းျမင္ၾကတာအမွန္ပါပဲ။ ဒါေပမယ့္ ေတာင္ကိုရီးယားဒါ႐ိုက္တာ Lee Hwan က Young Adult Matters ဆိုတဲ့႐ုပ္ရွင္နဲ႔ ယခုေခတ္ေတာင္ကိုရီးယားႏိုင္ငံရဲ႕လူငယ္ေတြၾကားကအျဖစ္အပ်က္ေတြကို ပုံရိပ္ထင္ေအာင္တင္ျပႏိုင္ခဲ့ပါတယ္။

ယြန္းဆယ္ဂ်င္းဆိုတဲ့အထက္တန္းေက်ာင္းသူတစ္ေယာက္ဟာ ညီမျဖစ္သူယြန္းဆယ္ေယာင္းနဲ႔ႏွစ္ေယာက္တည္းေနထိုင္ၾကပါတယ္။ ယြန္းဆယ္ဂ်င္းဟာတစ္ခါတစ္ရံမွာ သူ႔ရဲ႕လက္ကိုဓားနဲ႔လွီးတတ္ၿပီး sociopath တစ္ေယာက္ရဲ႕အျပဳအမူေတြရွိ၍ မူးယစ္ေဆးလဲစြဲေနတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူဟာေက်ာင္းမွာလည္းအတန္းေဖာ္မိန္းကေလးတစ္ေယာက္နဲ႔ LGBT relationship ရွိတဲ့သူျဖစ္ပါတယ္။ ဆယ္ဂ်င္းရဲ႕ LGBT ခ်စ္သူဟာဆယ္ဂ်င္းကိုအျခားသူေတြေရွ႕မွာအႏိုင္က်င့္တတ္ပါတယ္။

Sociaopath တစ္ေယာက္ျဖစ္ဟန္ရွိတဲ့ယြန္းဆယ္ဂ်င္းဟာ သူတို႔ေက်ာင္းကေက်ာင္းအုပ္ရဲ႕သားနဲ႔ကိုယ္၀◌န္ရခဲ့ပါတယ္။ ေက်ာင္းအုပ္ဟာကိုယ္၀◌န္ဖ်က္ခ်ဖို႔နဲ႔ ဒီကိစၥကိုဘယ္သူ႔ကိုမွမေျပာဖို႔ဆယ္ဂ်င္းကိုစာခ်ဳပ္မွာလက္မွတ္ထိုးခိုင္းခဲ့ပါတယ္။ ထို႔အျပင္ဆယ္ဂ်င္းရဲ႕ LGBT ခ်စ္သူဟာလည္းထိုကိုယ္၀◌န္ကိစၥနဲ႔ဆယ္ဂ်င္းကိုအျပစ္ေျပာ႐ိုက္ႏွက္ခဲ့ၿပီး ထိုညမွာပဲသူဟာဆယ္ဂ်င္းမ်က္စိေရွ႕မွာ ေၾကာက္မက္ဖြယ္အျဖစ္ဆိုးနဲ႔ေသဆုံးခဲ့ပါတယ္။ ထိုအျဖစ္ေတြကိုတစ္ၿပိဳင္နက္တည္းရင္ဆိုင္လိုက္ရတဲ့ဆယ္ဂ်င္းဟာ ကိုယ္၀◌န္ဖ်က္ခ်ဖို႔အေၾကာင္းျပခ်က္နဲ႔အိမ္ကေနထြက္ေျပးခဲ့ၿပီး လမ္းမွာသူ႔လိုပဲအသက္႐ြယ္တူအိမ္ေျပးတစ္ေယာက္ျဖစ္တဲ့ဂ်ဴေယာင္းနဲ႔ေတြ႕ဆုံခဲ့ပါတယ္။ ထို႔ေနာက္ ပိုမိုၿပီးသူငယ္ခ်င္းသံေယာဇဥ◌္နက္ရႈိင္းလာခဲ့တဲ့ေကာင္မေလးႏွစ္ေယာက္ဟာ ဆယ္ဂ်င္းရဲ႕ကိုယ္၀◌န္ကိုဖ်က္ခ်ဖို႔နည္းလမ္းေပါင္းစုံရွာၾကပါေတာ့တဲ့အခါ… ဘက္ေပါင္းစုံကေနပ်က္စီးခ်င္တိုင္းပ်က္စီးေနတဲ့ဆယ္ဂ်င္းနဲ႔ဂ်ဴေယာင္း ဘယ္လိုေတြႀကဳံေတြ႕ရမလဲ? သူတို႔ေတြရဲ႕ခံစားခ်က္ေတြ၊ ေနာက္ကြယ္ကအတိတ္အေၾကာင္းျပခ်က္ေတြကဘာလဲ…?

ေက်ာင္းတြင္းအႏိုင္က်င့္မႈ၊ လူငယ္ေတြကိုယ့္ကိုယ္ကိုအဆုံးစီရင္မႈ ကမာၻ႔နံပါတ္တစ္ျဖစ္ေနတဲ့ေတာင္ကိုရီးယားႏိုင္ငံရဲ႕ လူ႔အသိုင္းအ၀◌ိုင္းကိုထင္ဟပ္ေအာင္႐ိုက္ျပထားတဲ့႐ုပ္ရွင္ေကာင္းတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ လိင္ပိုင္းဆိုင္ရာ၊ မူးယစ္ေဆး၀◌ါးဆိုင္ရာနဲ႔ အျခားၾကမ္းတမ္းေသာစကားအသုံးအႏႈန္း၊ ဇာတ္လမ္းဇာတ္ကြက္မ်ားပါတာေၾကာင့္အသက္မျပည့္ေသးေသာကေလးမ်ားၾကည့္ရႈရန္မသင့္ေတာ္ပါဘူး။

ဒီဇာတ္ကားအတြက္ အၫႊန္းနဲ႔ဘာသာျပန္ေပးတာကေတာ့ Erika Sean ျဖစ္ပါတယ္။

Channel M-Sub မှ ဇာတ်လမ်းများ Series များကို Telegram နှင့် အခြား Mobile App Tv App များတွင် ReUpload ပြုလုပ်ခြင်းခွင့်မပြုပါ။ Channel M-Sub Android App , Website များတွင် Download ရယူခြင်းဖြင့်ရေရှည်ရပ်တည်နိုင်ရန်ကူညီပေးဖို့မေတ္တာရပ်ခံပါသည်။

Young Adult Matters (2020)
Young Adult Matters (2020)

No downloads available

Related movies