M-Sub Movie – Myanmar Subtitle Movies & Series Free Download Website
Amitabh Bachchan
Begum Jaan (2017) 5.6
Begum Jaan (2017) Unicode ဒီဇာတ်ကားကို ပါကစ္စတန်မှာပြသခွင့်ပိတ်ထားပါတယ်တဲ့။ဇာတ်ကားကလည်း စွန်းမိုက်တာကိုး။ နိုင်ငံရေး၊ ဘာသာရေး။ လူမျိုးရေး အမုန်းတွေ၊ လူမှုအသိုင်းအဝိုင်ထဲက မိန်းမဘဝ လုံခြုံမှုပြသနာတွေ ကို အမိုက်စားရိုက်ပြထားတယ်။ စစချင်းအဖွင့်မှာ ဘတ်စ်ကားပေါ်မှာ စုံတွဲတတွဲကို ယောကျာ်းတအုပ်က အုပ်စုဖွဲ့ အနိုင်ကျင့်ဖို့ကြိုးစား မိန်းကလေးကို အဓမ္မကျင့်ဖို့ ချိန်မှာ အရုပ်လးပိုက်ထားတဲ့ စိတ်မနှံ့တဲ့အဖွားအိုတယောက် ရောက်လာပြီး ကောင်မလေးရှေ့ကနေ ဝင်ရပ်လိုက်တယ်။ ပြီးတော့ အဖွားအိုက သူ့အဝတ်တွေအကုန်ချွတ်ပစ်လိုက်တယ်။ အဲဒီမှာ မုဒိန်းကျင့်မယ့်ကောင်တွေက အံ့သြ လန့်ဖျန့်ပြီးပြေးပါလေရော။ အဝတ်တွေချွတ်ချလိုက်တဲ့ အဖွားအိုက ဘယ်သူလဲ။ဘာကြောင့် မုဒိန်းကောင်တွေကို အဝတ်တွေ ချွတ်ပြလဲဆိုတာကနေ “ဘေဂွန်ဂျန်” ဆိုတဲ့ ပြည့်တန်ဆာတွေ ရဲ့ God mother -ခေါင်းကိုင်မိခင်ကြီး ဇာတ်လမ်းဆီကို ဆွဲခေါ်သွားတယ်။ 1947 ခုနှစ်ကာလ အိန္ဒိယကို နှစ်ပိုင်းခွဲပြီး တပိုင်းကို ပါကစ္စတန်အဖြစ် ခွဲထုတ်ဖို့ နယ်ခြားမျဉ်းသတ်မှတ်လိုက်ကြတယ်။နယ်ခြားမျဉ်းသတ်မှတ်ရေး တာဝန်ခံ Mr. Radcliffe ကိုအစွဲပြုပြီး Radcliffe line လို့ သမိုင်းကျန်ခဲ့တာပေါ့။ နယ်ခြားမျဉ်းကို မြေပုံပေါ်ကနေ မျဉ်းလေးတကြောင်းနဲ့ ...
5.6
IMDB: 5.6/10 2572 votes
movie
Begum Jaan (2017)
Web-dl 1080p
Ludo (2020) 7.6
7.6
IMDB: 7.6/10 27500 votes
movie
Ludo (2020)
Web-dl 4K
The Ghazi Attack (2017) 7.6
The Ghazi Attack (2017) Unicode IMDb rating 7.6 ရထားတဲ့ ဘောလိဝုဒ် စစ်ကာကြီး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် စစ်ကားကို စောင့်မျှော်နေတဲ့ ပရိတ်သတ်ကြီးအတွက်တော့ လက်လွတ်မခံ သင့်တဲ့ဇာတ်ကားကြီး တစ်ကား ဖြစ်ပါတယ်ဗျပြီးတော့ ဒီဇာတ်ကားက အိန္ဒိယ နဲ့ ပါကစ္စတန် ၂ နိုင်ငံကြားက ဖြစ်ရပ်မှန် သမိုင်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ ဇာတ်လမ်း အကျဉ်းလေး ကတော့ 1971 မှာ အိန္ဒိယ နဲ့ ပါကစ္စတန် စစ်ဖြစ် ကြတဲ့အခါမှာ ပါကစ္စတန်ရေတပ်က ပါကစ္စတန်အရှေ့ပိုင်းကနေ ဝင်ရောက် တိုက်ခိုက်ဖို့အတွက် ဘင်္ဂလားပင်လယ်ထဲကို ဝင်ရောက်ဖို့လိုလာပါတယ် အဲ့သည်အချိန်မှာပဲ အိန္ဒိယ ရေတပ် INS Karanji (S21) ဟာ ဘင်္ဂလားပင်လယ်အော်ထဲ မှာ ကင်းလှည့်စောင့်ကျပ်နေပါတယ် ဒီလိုနဲ့ ပါကစ္စတန်ဟာ ဘင်္ဂလားပင်လယ်ထဲ ဝင်ရောက်ဖို့ INS Karanji (S21) ကိုတိုက်ခိုက်ဖို့ PNS Garzi ကိုလွတ်လိုက် တဲ့အခါမှာတော့ ကဲ ဘာတွေဆက်ဖြကြမလဲဆိုတာကို ဆက်လက်ကြည့် လိုက်ကြပါတော့ဗျာ ......................။ Credit Review Zawgyi IMDb rating 7.6 ရထားတဲ့ ဘောလိဝုဒ် စစ်ကာကြီး တစ်ကားကို ...
7.6
IMDB: 7.6/10 11909 votes
movie
The Ghazi Attack (2017)
Blu-ray 1080p
Kabhi Alvida Naa Kehna (2006) 6.1
Kabhi Alvida Naa Kehna (2006) Unicode ခြေစွမ်းပြပြီး အောင်မြင်ကျော်ကြားနေတဲ့ ဘောလုံးကစားသမား တစ်ယောက်ဖြစ်တဲ့ ဒေ့ဗ် သူ့မှာ သွက်လက်ပြီး အရည်အချင်း သိပ်ရှိတဲ့ ရီဟား လို့ ခေါ်တဲ့ မိန်းမနဲ့ သားလေး တစ်ယောက်ရှိတယ်တစ်နေ့မှာတော့ ဒေ့ဗ်က မင်္ဂလာဆောင် တစ်ခုကနေ သူ့အမေကို သွားကြိုတာ အမေဖြစ်သူက သတို့သမီး မလာသေးလို့ မင်္ဂလာပွဲ မပြီးသေးလို့ မပြန်သေးတော့ ပန်းခြံထဲမှာ လမ်းလျှောက်နေရင်း သတို့သမီး ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်ကိုတွေ့ခဲ့တယ် သူ့နာမည်က မာယာ“လက်မထပ်ခင် မင်း အချစ်စစ်ကို ရှာသင့်တယ် လက်ထပ်ပြီးသွားရင်တော့ မင်းရှာလို့ မရဘူးနော် ဒါဆို တကယ်လို့ လက်ထပ်ပြီးမှ အချစ်စစ်ကို တွေ့ခဲ့ရင်ကော” “ကျွန်မက မနှုတ်ဆက်ဘူး နှုတ်ဆက်တယ်ဆိုတာ နောင်တစ်ကြိမ် ထပ်တွေ့မယ်ဆိုတဲ့ မျှောလင့်ချက် မရှိအောင် လုပ်လိုက်သလိုပဲ ဘယ်သူပြောနိုင်မလဲ နောက်တစ်ကြိမ် ပြန်တွေ့ဦးမလား ဆိုတာ”အခုမှ တွေ့ဖူးတဲ့ မာယာ့ကို ဒေ့ဗ် တစ်ယောက် အရင်ကတည်းက ရင်းနှီးနေသလို ခံစားခဲ့ရတယ် ဒါကြောင့်လဲ သူမကို အကြိမ်ကြိမ် လည်ပြန်ကြည့်ခဲ့မိတာပေါ့ဒီမိန်းကလေးကို ပြန်လှည့်ကြည့်ရင်း ဒေ့ဗ် ...
6.1
IMDB: 6.1/10 17929 votes
movie
Kabhi Alvida Naa Kehna (2006)
Blu-ray 1080p
Om Shanti Om (2007) 6.7
Om Shanti Om (2007) Unicode Bollywood ဇာတ်ကားကောင်းတွေကို မျှော်လင့်နေကြတဲ့ပရိသတ်တွေအတွက် IMDB rating 6.6 /10 နဲ့ ဆုပေါင်းများစွာ ခူးဆွတ်နိုင်ခဲ့တဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်း ” မက်ဟီဂျာ” ဆိုတဲ့ လူငယ်လေးရဲ့ မျှော်လင့်ခြင်းကတော့ Bollywood ရုပ်ရှင်လောကရဲ့ ထိပ်တန်း မင်းသား ဖြစ်လာဖို့ပဲဖြစ်ပါတယ်။ အဲဒီအချိန် Bollywood ရုပ်ရှင်လောကရဲ့ မင်းသမီးချောလေး “ရှန်တီ “ဟာလည်း ကြော်ငြာတွေ ရုပ်ရှင်ဇာတ်ကားတွေထက်မှာ ပေါ်လွင် ထင်ရှားနေသူတစ်ဦးပါ။ “ရှန်တီ”ရဲ့အလှတွေဟာ ပုရိသအဖို့ စွဲမက်စေနိုင်ပြီး “ရှန်တီ” ကို ချစ်မြတ်နိုးသူတွေထဲမှာ “မက်ဟီဂျာ” လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ “ရှန်တီ” သရုပ်ဆောင်ရတဲ့ဇာတ်ကားမှာ “မက်ဟီဂျာ” ကံကောင်းစွာနဲ့ ခေတ္တသရုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲ့ဒီနောက် “မက်ဟီဂျာ” ဟာ “ရှန်တီ” နဲ့ ခင်မင်ခွင့်ရအောင် ကြိုးစားခဲ့တယ်။ သူရဲ့စစ်မှန်တဲ့ ချစ်ခြင်းကိုလည်း ဖွင့်ဟနိုင်အောင် ကြိုးစားခဲ့တယ်။ သို့သော် …………။ ကြမ္မာ တွေဟာ ...
6.7
IMDB: 6.7/10 37099 votes
movie
Om Shanti Om (2007)
Blu-ray 1080p
Badla (2019) 8.1
Badla (2019) တစ်နှစ်တာ Focus Business Person ဆုကိုရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်နာဟာ လတ်တလောမှာ လူသတ်မှုတစ်ခုအတွက်သံသယရှိရသူအဖြစ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံထားရပါတယ်။ဖြစ်ရပ်ကဟိုတယ်အခန်းထဲမှာ သူရယ်၊ ပူနွေးနွေးသတ်ခံထားရတဲ့ အလောင်းတစ်ခုရယ်နဲ့အခန်းဟာ ပိတ်မိနေခဲ့ပါတယ်။ ဒါကို နိုင်နာက သူမသတ်ဘူးလို့ ငြင်းဆိုနေတယ်။ ဒီအတွက် သူ့ရှေ့နေ ဂျင်မီဟာ အရမ်းတော်တဲ့ ရှေ့နေ ဂု(ပ်)တာကို ငှားရမ်းခဲ့ပါတယ်။ရှေ့နေ ဂု(ပ်)တာဟာ သိပ်ကို တော်တဲ့ ရှေ့နေတစ်ယောက်ပါ။ အမှုမှန်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်သူပေါ့။နိုင်နာရဲ့ ထွက်ဆိုချက်အရ"သေဆုံးသူနဲ့ အာဂျွန်းနဲ့ သူနဲ့ကို ဟိုတယ်ကို ချိန်းဆိုပြီစောင့်ခိုင်းပါတယ်တဲ့။ ဒါပေမဲ့...ငွေကို လာရောက်မယူဘဲ စာတိုတစ်စောင်ကို ပို့ခဲ့ပါတယ်။ဒါဟာ ထောင်ချောက်တစ်ခုပဲ ဆိုတာ အာဂျွန်းသိနေတော့ ထွက်ပြေးဖို့ကြိုးစားရာမှာနိုင်နာဟာ တစ်စုံတစ်ခုနဲ့ ဦးခေါင်းကို ကိုင်ဆောင့်ခံရပြီးသတိလစ်သွားခဲ့ပါတယ်။ ပြန်ပြီး သတိလည်လာတော့ အာဂျွန်းဟာ ငွေတွေကြားမှာသေဆုံးနေခဲ့ပါပြီ" တဲ့။ နိုင်နာရဲ့ ထွက်ဆိုချက်ကို ရှေ့နေကြီး ဂု(ပ်)တာကြံဆစဉ်းစားရင်း သဲလွန်စများ လိုက်လံ ဖော်ထုတ်ရာမှာတော့.....။ အမှုသည် နိုင်နာနဲ့ ရှေ့နေကြီး ဂု(ပ်)တာတို့ အတူအမှုမှန်ကို ရှာဖွေဖော်ထုတ်ရင်းပရိသတ်တွေကို ...
8.1
IMDB: 8.1/10 8,991 votes
movie
Badla (2019)
2019
Web-Rip 1080p
Padman (2018) 8.0
Padman (2018) ဇာတ်လမ်းလေးက Laxmi နဲ့ Gayatri တို့ရဲ့လက်ထပ်ခြင်းဖြင့်စပါတယ် Laxmi သည်သူ့ဇနီးGayatri ကို အရမ်းချစ်ပြီး သူ့ဇနီးပျော်ရွှင်မှုအတွက်ဆိုဘာမဆိုလုပ်ဖို့အသင့်ပါ သူတို့ရွာမှာမိန်းကလေးတွေဟာ ဓမ္မတာလာတဲ့ငါးရက်ကို အိမ်အပြင်မှာနေရပါတယ် ပြီးရင် အမျိုးသမီးလစဉ်သုံးပစ္စည်းကိုသုံးမယ့်အစား ညစ်ပတ်နေတဲ့အဝတ်စုတ်တွေကိုသုံးကြပါတယ် တစ်နေ့ Gayatri ဓမ္မတာလာ၍ အိမ်အပြင်မှာနေ အဝတ်စုတ်တွေသုံးနေတာကို Laxmi တွေ့တဲ့အခါ Laxmi ကသူ့မိန်းမကိုဒီ အဝတ်စုတ်တွေသုံးပြီး ရောဂါမရစေချင်သောကြောင့် ဆိုင်မှာ လစဉ်သုံးပစ္စည်းသွားဝယ်ပေးပါတယ် သို့သော် သူ့မိန်းမက ဈေးကြီးသောကြောင့်မသုံးလိုပါ ရွာက တခြားအမျိုးသမီးတွေလည်းမသုံးတာကြောင့်နဲ့ ဒီလိုလတိုင်းသုံးနေရင် ကုန်ကျစရိတ်တွေများနေမှာမို့လို့ပါ ဒါကြောင့် ဂိုက်သရီးက သူကိုယ်တိုင် ဒီပစ္စည်းကို ဈေးနည်းနည်းနဲ့ရအောင်လုပ်ပါတယ် ဒါပေမယ့် ကျရှုံးပြီးရင် ကျရှုံး စမ်းသပ်ပြီးရင် စမ်းသပ် ရွာကအမျိုးသမီးတွေကိုလည်း စမ်းသပ်ခိုင်းတာကြောင့် သူတို့တစ်မိသားစုလုံးအရှက်ကွဲခဲ့ရပါတယ် Gayatri ကိုလည်း သူမအကိုတွေပြန်ခေါ်သွားတာမို့ Laxmi က ဖြစ်ချင်တာဖြစ်ပါစေ သူ့မိန်းမကိုရောဂါမရအောင်ကာကွယ်မယ်ဆိုပြီး ဈေးနည်းတဲ့ပတ်ကို ထုတ်ဖို့ မြို့တက်ခဲ့ပါတယ် သူ့ရဲ့ဇနီးအတွက်သူရဲ့ညီမတွေအတွက် ...
8.0
IMDB: 8.0/10 14,412 votes
movie
Padman (2018)
2018
Blu-ray 1080p