M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Angela Lansbury

The Grinch (2018) 6.3
The Grinch (2018) Unicode အားလုံးလည်း သိပြီးနေလောက်ပြီ ဖြစ်တဲ့အတွက် အများကြီးမိတ်ဆက်ပေးနေစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ဒီ The Grinch ဟာ စာရေးဆရာ Theodor Seuss Geisel ရဲ့ How The Grinch Stole The Christmas ဆိုတဲ့စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အနောက်နိုင်ငံမှာတော့ အထူးတလည်မိတ်ဆက်နေစရာမလိုအောင် ခရစ္စမက်နဲ့အတူတွဲမြင်ကြတဲ့ အစိမ်းရောင်အကောင်ကြီးပေါ့ဗျာ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ Grinch ကြီးက ခရစ္စမက်စ်ပွဲကိုမုန်းတီးတဲ့သူတစ်ယောက်။ Who-ville ကလူတွေ ခရစ္စမက်စ်ပွဲအတွက်ပြင်ဆင်နေကြတာကို ကြည့်မရတဲ့အတွက် နောက်တစ်ခါထပ်ပြီး ပွဲကျင်းပလို့မရအောင် ခရစ္စမက်စ်ပျောက်ဆုံးသွားအောင်ကြံတာလေးကို 3D animation ရုပ်ရှင်အဖြစ်ပြန်လည်ပြီးသရုပ်ဖော်ထားပါတယ်။နာမည်ကျော် Animation Studio ဖြစ်တဲ့ Illumination ကထုတ်လုပ်ဖြန့်ချိထားတဲ့ ဒီ The Grinch မှာ အဓိကဇာတ်ဆောင် Grinch အဖြစ် ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီး Benedict Cumberbatch က အသံသရုပ်ဆောင်ပေးထားပါတယ်။ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်စရာကောင်းတဲ့ဇာတ်ကားလေးဖြစ်တာကြောင့် မိသားစုနဲ့လည်းကြည့်ဖို့ အထူးသင့်လျော်ပါတယ်။ကဲ အများကြီးပြောမနေတော့ပါဘူး ...
6.3
IMDB: 6.3/10 24,293 votes
movie

The Grinch (2018)

2018
Blu-ray 1080p
Mary Poppins Returns (2018) 7.2
Mary Poppins Returns (2018) Mary Poppins ဆိုတဲ့ ဇာတ်လမ်းလေးဟာ ကလေးကြိုက်ကားလေးဖြစ်ပါတယ် မိသားစုဝင်တွေတူတူကြည့်လို့ အဆင်ပြေတဲ့ဇာတ်လမ်းလေးဖြစ်ပြီးတော့ ကလေးတွေရဲ့ စိတ်ကူးယဉ် ဖန်တီးနိုင်မှုတွေကို Mary Poppins ဆိုတဲ့ မှော်ဆန်ဆန် ကလေးထိန်းတယောက်ကို ဖန်တီးပြီးတော့ တင်ဆက်ထားတာဖြစ်ပါတယ် မိုက်ကယ်ဘန့်မှာ ကလေးလေး၃ယောက်ရှိနေပြီးတော့ မိတဆိုးလေးတွေကတော့ သူတို့အမေရဲ့နေရာကို ဖြည့်ပေးဖို့ အမြဲတွေးထားပြီး လိမ္မာတဲ့ကလေးလေးတွေပေါ့ မိဘတွေအနေနဲ့လည်း ဒါမျိုးကားလေးတွေ များများကြည့်ပေးသင့်ပါတယ် နမူနာကောင်းလေးတွေကို ကလေးတွေ အနေနဲ့ သိနိုင်ပြီးတော့ မိဘတွေအနေနဲ့လည်း ကလေးလေးတွေရဲ့ စိတ်ကူးယဉ်မှုတွေကို ဘေးဖယ်မထားသင့်ဘူးဆိုတာလေးကို ပိုသိနိုင်ပါတယ် ဒီဇာတ်လမ်းမှာတော့ Mary Poppins က ကလေးလေးတွေကို ဘယ်လိုကူညီမလဲ မှော်ဆန်ဆန် ဘယ်လိုလေး ရောက်လာမလဲ သူ့အကူအညီတွေကရော ထိရောက်မှာလားဆိုတာတွေကို တွေ့ရပြီးတော့ သီချင်းသံမြူးမြူးလေးတွေနဲ့ တင်ဆက်ထားပါတယ် Credit - GC Movies
7.2
IMDB: 7.2/10 34,140 votes
movie


2018
Blu-ray 1080p