M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Anika Noni Rose

Ralph Breaks the Internet (2018) 7.2
Ralph Breaks the Internet (2018) Unicode Animation ချစ်သူများအတွက် Ralph နဲ့ Vanellope ပြန်လာပါပြီ! ဒီဇာတ်ကားလေးကတော့ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကြီးထဲမှာ ဗီဒီယိုဂိမ်း character လေးတွေ ဘယ်လို survive လုပ်ကြတယ် ဆိုတဲ့အကြောင်း စိတ်ဝင်စားဖွယ် ဖန်တီးပုံဖော်ထားတာပါ။ ဂိမ်းထဲမှာ ဗီလိန်ဇာတ်ကောင်ဖြစ်နေပေမယ့် စိတ်ရင်းကောင်းတဲ့ Ralph နဲ့ ပြိုင်ကားမောင်းတဲ့ ချစ်စရာကောင်မလေး Vanellope တို့ဟာ ဂိမ်းလေးကစားလိုက်၊ ရောက်တက်ရာရာ စကားပြောလိုက်၊ ဘီယာလေးသောက်လိုက်နဲ့ ပျော်ရွှင်ငြိမ်းချမ်းတဲ့ဘဝလေးကို အတူတကွ ဖြတ်သန်းခဲ့ကြပါတယ်။ ဗီလိန်ဇာတ်ကောင်အဖြစ် ၂၇နှစ်လုံးလုံး လူမုန်းခံခဲ့ရတဲ့ Ralph အဖို့တော့ Vanellope လို သူငယ်ချင်းကောင်းတစ်ယောက် ရလာတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုပါပဲ။ ဒါပေမယ့် တစ်နေ့ကျတော့ နှစ်ယောက်သား အဆန်းထွင်လွန်ပြီး Vanellope ပါဝင်တဲ့ Sugar Rush ဂိမ်းတစ်ခုလုံး အပိတ်ခံလိုက်ရပါတယ်။ ပိတ်ခံရတဲ့ အကြောင်းအရင်းကတော့ Vanellope ပြိုင်ကားမောင်းနေတုန်း အသစ်အဆန်းစွန့်စားခန်းဖြစ်အောင် Ralph က လမ်းသစ်ဖောက်ပေးလိုက်တဲ့အတွက် ...
7.2
IMDB: 7.2/10 53,515 votes
movie

Ralph Breaks the Internet (2018)

2018
Blu-ray 1080p
Body Cam (2020) 5.2
Body Cam (2020) Unicode ဒီဇာတ်လမ်းရဲ့ အစပိုင်း အကျဥ်းလေးကိုပြောရရင် . . .ကလေးသေဆုံးပြီးနောက်ပိုင်း စိတ်ထိခိုက်နေတဲ့ ရဲအရာရှိ ရမ်နီ လိုမီတို တစ်ယောက် ခဏတာအနားယူပြီးပြန်လည်တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးနေ့မှာတင် ယခင်တွဲဖက်လုပ်ကိုင်ဖူးတဲ့ ရဲအရာရှိတစ်ယောက်အသတ်ခံလိုက်ရပါတယ်။ သူ့အလောင်းကိုရှာတွေ့ပြီး ရဲကားထဲမှာ မှတ်တမ်းဗီဒီယိုဖိုင်ကို ဖွင့်ကြည့်မိရာကနေဗင်ကားလေးတစ်စီးကို တွေ့ပြီး နားလည်ရခက်တဲ့ သဘာဝလွန်ဖြစ်ရပ်များနဲ့ သက်ဆိုင်နေကြောင်းသိလိုက်ရပါတယ်။ ထိုဗင်ကားကို လိုက်လံရှာဖွေရာကနေ လုပ်ဖော်ကိုင်ဖက် ၂ယောက်ကပါ ထပ်မံအသတ်ခံလိုက်ရပါတယ်။ ရမ်နီ လိုမီတိုတစ်ယောက် မိမိဘာသာ စုံစမ်းဖော်ထုတ်နေရင်း အဲ့ဖြစ်ရပ်ဆန်းမှာ မိမိဌာနက ရဲအရာရှိများကို ဦးတည်နေကြောင်း သိလိုက်ပါတယ်။ မိမိဌာနမှ ရဲအရာရှိများကို ကာကွယ်ဖို့ ဆက်လက်စုံစမ်းရာကနေ မထင်မှတ်ပဲအကြောင်းအရင်းအမှန်ကို သိလိုက်တဲ့အခါမှာတော့ ရဲအရာရှိ အနေနဲ့ ဘယ်လိုဆက်လုပ်မလဲ၊ အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းအမှန်က ဘာလဲ၊ ဘာကြောင့် ရဲအရာရှိတွေကို လိုက်သတ်နေရတာလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမယ့် ရုပ်ရှင်ကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တစ်ချို့သောကိစ္စတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတကာက တိတ်တဆိတ်မတရားမှုတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ IMDb Rating 5.2ပေမယ့် . အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးမို့လို့ ကြည့်ပါလို့ ...
5.2
IMDB: 5.2/10 1213 votes
movie

Body Cam (2020)

Web-dl 1080p