M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Caitriona Balfe

Super 8 (2011) 7.0
Super 8 (2011) Unicode လူငယ်ဇာတ်ကားကောင်းဟောင်းလေးတစ်ကားတင်ပေးချင်ပါတယ်။ ၂၀၁၁ခုနှစ်ထွက် Science Fiction/Thriller ကားကောင်းလေးဖြစ်ပြီး ငွေကြေးပိုင်းဆိုင်ရာတွင်အောင်မြင်မှုများစွာရရှိခဲ့ပြီး ဒေါ်လာသန်း၂၆၀အထိ ရုံဝင်ငွေရရှိ ခဲ့ပါတယ်။ ထို့အပြင် များစွာသောဆုတွေရရှိခဲ့ပြီး အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် ကွန်ပျူတာအထူးပြုလုပ်ချက်၊ ဂီတပိုင်းဆိုင်ရာနှင့် သရုပ်ဆောင်မှုများတွင် ဝေဖန်မှုကောင်းကောင်းရခဲ့တဲ့ကားလေး ဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ၁၉၇၉ခုနှစ် နယ်မြို့လေးတစ်မြို့ကိုအခြေတည်ထားပါတယ်။ နယ်ထိန်းရဲတစ်ယောက် ဖြစ်တဲ့ဂျက်နှင့် သူ့သားဖြစ်သူ ဂျိုးတို့ဟာ စတီးမိုင်းတစ်ခုမှ မတော်တဆမှုကြောင့် မိခင်ဖြစ်သူ အယ်လီဇဘယ် သေဆုံးသွားတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ ရပါတယ်။ ဒါတွေအားလုံးဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်ကြောင့်ဆိုပြီး အပြစ်တင်နေခဲ့ပါတယ်။ ဒီလိုနဲ့လေးလလောက်ကြာတဲ့အခါမှာဂျိုးရဲ့သူငယ်ချင်းဖြစ်သူချားစ်က နိုင်ငံတကာရုပ်ရှင်ပွဲတော်ပြိုင်ပွဲအတွက် ရုပ်ရှင်အတိုလေးတစ်ခုရိုက်ကူးရန် စတင်လုပ်ဆောင်ပါတော့တယ်။ ဇာတ်လမ်းကအဲဒီမှာစတာပါပဲ။ အခြားသောသူငယ်ချင်းများရဲ့အကူအညီနဲ့အတူ ချားစ်တစ်ယောက်ဇာတ်လမ်းတိုလည်းစရိုက်ပါတယ်။ တစ်နေ့ ညအချိန်ကြီး မီးရထားဘူတာအနီးတွင် ရိုက်ကွင်းတစ်ခုရိုက်ရန်လုပ်နေကြပါတယ်။ အစမ်းလေ့ကျင့်နေကြစဉ်မှာပဲ အနီးနားက ဖြတ်သွားတဲ့ရထားေ့ရှကို ပစ်ကပ်ကားအဖြူတစ်စီး ပြေးဝင်သွားရကစပြီး ရထားတွဲလည်းပြိုလဲသွားကာ ဂျိုးစ်တို့သူငယ်ချင်းတစ်စုလည်း ပေါက်ကွဲမှုအရှိန်ကြောင့်တကွဲတပြားစီဖြစ်ကုန်ပါတယ်။ အဲဒီနောက် လူတွေပြန်စုမိပြီး လူငယ်တွေသဘာဝအတိုင်းဖြစ်ပျက်ရသည့်အကြောင်းအရာကိုသွားစပ်စုကြည့်တဲ့အခါမှာတော့ ကားမောင်းသူမှ သူတို့ရဲ့ဇီဝဗေဒဆရာ ဒေါက်တာဝုဒ်ဝေါ့ဒ်ပဲဖြစ်နေပါတယ်။ အသက်မနည်းရှုနေရတဲ့ ဒေါက်တာဝုဒ်တစ်ယောက် လူငယ်တွေကိုသေနတ်တလက်နဲ့ချိန်ရင်း သူတို့မြင်ခဲ့သမျှတွေကိုဘယ်သူ့ကိုမှပြောဖို့ ပြောရင်တမိသာစုလုံး ဒုက္ခရောက်မယ်ဆိုပြီးခြိမ်းခြောက်ပါတော့တယ်။ ကံကောင်းတာကတော့ အဲဒီလိုဖြစ်သွားချိန်ကို ရုပ်ရှင်ရိုက်နေသည့် ကင်မရာမှအမှတ်မထင်မှတ်တမ်းတင်ထားပြီးဖြစ်နေပါတယ်။ ထို့နောက်အမေရိကန်စစ်တပ်ကပါဝင်ရောက်စွက်ဖက် လာပြီး အဲဒီနယ်မြေကိုအတင်းအကျပ် ...
7.0
IMDB: 7.0/10 334191 votes
movie

Super 8 (2011)

Blu-ray 1080p
Ford v Ferrari (2019) 8.1
Ford v Ferrari (2019) Unicode ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ဖရာရီကို အနိုင်ယူဖို့ ကြိုးစားလာပါတော့တယ်။ ဒီလို ဖြစ်နိုင်ချေနည်းလွန်းတဲ့ အလုပ်အတွက် လမန်းစ်မှာ အနိုင်ရဖူးသူ ...
8.1
IMDB: 8.1/10 214671 votes
movie

Ford v Ferrari (2019)

Blu-ray 1080p
Escape Plan (2013) 6.7
Escape Plan (2013) ဇာတ်လမ်းကတော့ ထောင် ( ၁၄ ) ခုကို ဖောက်လာခဲ့တဲ့ကြေးစားထောင်ဖောက်သမား Ray Breslin အဖြစ်သရုပ်ဆောင်တဲ့မင်းသားကြီး Sylvester Stallone ဟာကမ္ဘာအကြမ်းဖက်သမားစရင်းဝင် တွေကို ထိန်းသိမ်တဲ့ထောင်ကို ရောက်သွားပါတယ်..ထောင်ရဲ့ အခြေနေကတော့ sona ထက်အများကြီးကို ဆိုးပါတယ်..။အကျဉ်းသားတိုင်း အချိန်မရွေးသေအောင် သတ်နိုင်တဲ့ လုံထိန်းတွေရဲ့ရက်စက်ကြမ်းတမ်းမှု အကျဉ်းသားတွေကလည်း သေရဲ သတ်ရဲ လောက်အောင် စိတ်ရိုင်းတွေ ကြီးစိုးရာထောင်..အဲဒီမှာ ဘဏ်ဖောက်ထွင်းဝိဇ္ဇာကြီး အဖြစ် အကျဉ်းကျနေတဲ့..Rottmayer အဖြစ်သရုပ်ဆောင်တဲ့ မင်းသားကြီးArnold Schwarzenegger တွေ့ကြပါတယ်..ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ကိုယ်တိုင်သာကြည်ြ့ပီး ခံစားကြည့်ပါ.. Credit - Review
6.7
IMDB: 6.7/10 208,812 votes
movie

Escape Plan (2013)

2013
Blu-ray 1080p