M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Cara Horgan

The Boy in the Striped Pajamas (2008) 7.8
The Boy in the Striped Pajamas (2008) ဒီဇာတ်ကားလေးက IMDb rating 7.8 အထိရရှိထားပြီးဒုတိယကမ္ဘာစစ်ကိုအခြေခံကာရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ Action အားပေးနေကြ ပရိတ်သတ်တွေအတွက်လည်းအပြောင်းအလဲလေးဖြစ်အောင်ကြည့်သင့်ပါတယ်။ ဒီဇာတ်ကားလေးကိုကြည့်ပြီးတဲ့အခါ message တစ်ခုခုချန်ထားပေးခဲ့မယ့်ဇာတ်ကားလေးဆိုတာကိုတော့ အာမခံပြောချင်ပါတယ်။လူသားချင်း ထောက်ထားညှာတာမှုတွေကိုတွေ့မြင်နိုင်မယ့် ဒီဇာတ်ကားလေးဟာ ဖြူစင်သန့်ရှင်းတဲ့ ကလေးငယ်တွေရဲ့စိတ်ကိုလည်းသိမြင်နိုင်မယ့် တကယ့်ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေထားတဲ့အကျဉ်းစခန်းကိုအုပ်ချုပ်ရတဲ့ဂျာမနီတပ်အရာရှိကြီးရဲ့ (၈)နှစ်အရွယ်သားလေးကိုဇာတ်အိမ်တည်ထားပြီးရိုက်ကူးထားပါတယ်။ ဂျူးအကျဉ်းသားတစ်ဦးရဲ့သားဖြစ်သူ ရွယ်တူကောင်လေးတစ်ယောက်နဲ့ အကျဉ်းစခန်းမှာမထင်မှတ်ပဲတွေ့ကြတဲ့နောက်မှာရန်ဘက်မျိုးနွယ်စုကြီး(၂)စုက အပြစ်မဲ့ကလေး(၂)ယောက်ရဲ့ သံယောဇဉ်ကို ပီပြင်အောင်ရိုက်ပြထားတာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ခိုးစားရတဲ့အသီးဟာ ချိုတယ်ဆိုတဲ့ စကားပုံလိုပဲသူငယ်ချင်းဖြစ်လို့မရတဲ့ရန်သူမျိုးနွယ်စု (၂)ဖက်ကကလေး(၂)ယောက်ကြားထဲက Forbidden Friendship ကိုကြည်နူးဖွယ်ရာနဲ့စတင်ထားပြီးတော့ ကြေကွဲဖွယ်ရာဇာတ်လမ်းဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်း Sharlock ဖြစ်ပါတယ်။ Credit Review
7.8
IMDB: 7.8/10 166,924 votes
movie

The Boy in the Striped Pajamas (2008)

2008
Blu-ray 1080p
Disobedience (2017) 6.6
Disobedience (2017) ဒီတစ်ခါမှာလည်း ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ချီးကျုးထောပနာပြုမှုတွေကို ပတ်သိမ်းနိုင်ခဲ့ပြီး Lesbians love ကို အလှပဆုံးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ရွန်နစ်ဆိုတဲ့နယူးယော့ခ်ကဓာတ်ပုံဆရာမလေးတစ်ယောက်ဖခင်ဖြစ်သူသေဆုံးသွားတယ်ဆိုတဲ့အကြောင်းကိုကြားလိုက်ရချိန်မှာတော့ ဂျူးဘာသာဝင်မိန်းကလေးဖြစ်သူရွန်နစ် မွေးရပ်မြေကိုပြန်လာချိန်မှာတော့ အရာအားလုံးကပြောင်းလဲသွားပါတယ် ချစ်ရတဲ့သူငယ်ချင်းနှစ်ယောက်လက်ထပ်သွားတယ်ဆိုတဲ့သတင်းလေးကိုတောင်အသိပေးမခံခဲ့ရတဲ့သူမ အိမ်ပြေးလေးဘဝနဲ့ထွက်ပြေးလာရင်ဖခင်ရဲ့နောက်ဆုံးအချိန်လေးတောင်မမှီခဲ့တဲ့သူတစ်ယောက် ချစ်ရတဲ့သူငယ်ချင်းမလေးအက်စတီနဲ့သူနဲ့ကြားကဆက်ဆံရေးလေးတစ်ချို့ ဒါတွေကိုရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် မိန်းမသားနှစ်ယောက်ရဲ့ချစ်ခင်စွဲလမ်းမှုအကြောင်းကိုရိုက်ကူးထားပေမယ့် ဘာသာရေးနဲ့ပိုင်းခြားခံလိုက်ရတဲ့အချစ်တစ်ခု ဇာတ်လမ်းအကြောင်းအရာကတော့ သိပ်မရှိပေမယ့်ရိုက်ကူးပုံဖော်ထားတဲ့ပုံစံလေးကတော့တကယ့်ဆွေးစရာလေးပါ တစ်ခါတလေမှာ ချစ်နေရသူဖြစ်နေပေမယ့်လဲ အစဉ်အလာကိုမပယ်ဖျက်နိုင်တဲ့အချိန်မှာရင်ကွဲခံစားရတာကိုခံစားစေရမှာပါ Credit - Review
6.6
IMDB: 6.6/10 16,403 votes
movie

Disobedience (2017)

2017
Blu-ray 1080p