M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Christopher Nicholas Smith

Storks (2016)
Storks (2016) Unicode ပရိသတ်တွေအကြီးအကျယ်အားပေးခဲ့တဲ့ The Lego Movie ကာတွန်းရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ အနားယူနေရာကနေ ပြန်လည်အသက်ဝင်လာခဲ့တဲ့ Warner Animation Group ရဲ့ဒုတိယမြောက်ကာတွန်းရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။နာမည်ကြီးဟာသရုပ်ရှင် Forgetting Sarah Marshall ကိုရိုက်ကူးပေးထား သလို လက်ရှိအချိန်မှာလည်း Neighbors 2: Sorority Rising ဟာသဇာတ်ကားကိုရိုက်ကူးပေးနေတဲ့ ဒါရိုက်တာ Nicholas Stoller နဲ့ Pixar ရဲ့ Animated Short Film တွေထဲကနာမည်အကြီးဆုံးတစ်ခုဖြစ်တဲ့ Presto ( မျက်လှည့်ဆရာနဲ့သူ့ကိုမုန်လာဥမကျွေးလို့ပြပွဲမှာ ပြဿနာရှာတဲ့ယုန်ကလေးတို့ရဲ့ဟာသဇာတ်လမ်းဖြစ်ပါတယ်) ကိုဖန်တီးရိုက်ကူးပေးထားတဲ့ Doug Sweetland ( သူ့အတွက်ဒါရိုက်တာအဖြစ်ပွဲဦးထွက်လာတဲ့လက်ရာပါ ) တို့ကပူးပေါင်းရိုက်ကူးပေးထားတာဖြစ်ပါတယ်။ Hotel Transylvanian ဇာတ်ကားတွေမှာ ဂျိုနသန်အဖြစ်အသံသရုပ်ဆောင်ထားတဲ့ Andy Samberg ကအဓိကဇာတ်ကောင် ဌက်ကြား ဂျူနီယာရဲ့နေရာမှာ အသံသရုပ်ဆောင်ပေးလာမှာဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ငှက်ကြားတွေက ကလေးငယ်လေးတွေကိုချီချီလာပြီးမိခင်တွေဆီကို ပေးပို့ပေးတဲ့ဇာတ်ဝင်ခန်းတွေကိုမြင်တွေ့ဖူးကြမှာပါ။ ဒါဟာဥရောပတိုက်ကစတင်ခဲ့တဲ့ယူဆချက်လေးဖြစ်ပြီး ဒီဇာတ်ကားကတော့အဲဒီအကြောင်းလေးကိုစိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ ယခင်ကတည်းကကလေးတွေကိုပို့ဆောင်ပေးခဲ့တဲ့ ငှက်ကြားတွေဟာယခုအချိန်မှာတော့ ကလေးပို့ဆောင်ပေးတဲ့အလုပ်ကိုလုပ်ငန်းကြီးတစ်ခုအနေနဲ့ဖန်တီးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။တစ်ရက်မှာတော့ ဂျူနီယာလို့အမည်ရတဲ့ ...
IMDB: /10 votes
movie

Storks (2016)

Blu-ray 1080p