M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Dan Duran

The Time Traveler’s Wife (2009) 7.1
The Time Traveler’s Wife (2009) Unicode အချိန်တွေနောက်ပြန်သွားလို့ရရင် ကောင်းမှာပဲဆိုတဲ့လူတွေ…… အချိန်တော့နောက်ပြန်လှည့်လို့ရတယ်ဒါပေမဲ့ ဘယ်အချိန်မှာဘယ်နေရာကို ရောက်သွားမယ်မှန်းမသိ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေရှိလာခဲ့ရင်တောင် ဘာမှပြင်လို့မရဘဲ အဲဒီအဖြစ်အပျက်ကို ထပ်တလဲလဲ အချိန်တွေနောက်ပြန်လှည့်ပြီး မြင်နေရရင်ရော????အချိန်ခရီးသွားလို့ရတာကောင်းပါဦးမလား…….ဒီဇာတ်ကားထဲက မင်းသားရဲ့အနေထားကတော့ အဲလိုပါ။သူ့အမေကားအက်ဆီးဒင့်ဖြစ်တာကိုလဲ အခါခါပြန်မြင်နေရပေမယ့် ဘာမှလုပ်ပေးလို့မရဘဲ ကြည့်နေရတဲ့ အမေချစ်သားတစ်ယောက်ရဲ့ခံစားချက်ကို အမြဲခံစားနေခဲ့ရတာပါ။ သူ့အတွက်တော့ အချိန်ခရီးသွားတယ်ဆိုတာ ကျိန်စာတစ်ခုလိုပါပဲ။နောက်ပြီးဘာမှန်းမသိတဲ့အချိန်မှာ ဘယ်မှန်းမသိတဲ့နေရာကို အလိုအလျောက်ပျောက်သွားတတ်တဲ့ ယောက်ျားတစ်ယောက်ကို ငယ်စဉ်ကလေးဘဝကတည်းက ချစ်လာခဲ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့ဘဝကရော ဘယ်လောက်ထိသာယာချမ်းမြေ့နိုင်မှာလဲ။ဒါပေမဲ့ ချစ်တဲ့စိတ်တစ်ခုနဲ့ပဲအရာရာကို ကျော်ဖြတ်ရဲခဲ့တဲ့ မိန်းကလေးအတွက် သူ့ယောက်ျားရဲ့ကျိန်စာက အမြဲတမ်းတော့ကျိန်စာမဖြစ်ခဲ့ပါဘူး။သာမာန်လူတွေနဲ့မတူပေမဲ့လဲ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးမယားပေါ် တာဝန်ကျေချင်စိတ်နဲ့ ကြိုးစားပေးခဲ့ပုံတွေကို တွေ့မြင်ရမယ့်ကားလေးဖြစ်ပါတယ်။ဘယ်လိုပဲကြိုးစားပေမဲ့ အိမ်ထောင်တစ်ခုဖြစ်လာတဲ့အခါ သာမာန်မိန်းမတစ်ယောက်ရသင့်တဲ့ အခွင့်အရေးတွေကို ရချင်မိတဲ့ အချိန်ခရီးသွားတစ်ယောက်ရဲ့ မိန်းမဘဝက ဘယ်လောက်ထိကြေကွဲစရာကောင်းလဲဆိုတာကို ဒီဇာတ်ကားလေးက မိမိရရရိုက်ပြထားတာဖြစ်လို့ လုံးဝလက်မလွှတ်သင့်တဲ့ ဒရမ်မာဇာတ်ကားကောင်းလေးတစ်ကားပါ။ Credit Review Zawgyi အချိန်တွေနောက်ပြန်သွားလို့ရရင် ကောင်းမှာပဲဆိုတဲ့လူတွေ…… အချိန်တော့နောက်ပြန်လှည့်လို့ရတယ်ဒါပေမဲ့ ဘယ်အချိန်မှာဘယ်နေရာကို ရောက်သွားမယ်မှန်းမသိ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေရှိလာခဲ့ရင်တောင် ဘာမှပြင်လို့မရဘဲ အဲဒီအဖြစ်အပျက်ကို ထပ်တလဲလဲ အချိန်တွေနောက်ပြန်လှည့်ပြီး မြင်နေရရင်ရော????အချိန်ခရီးသွားလို့ရတာကောင်းပါဦးမလား…….ဒီဇာတ်ကားထဲက မင်းသားရဲ့အနေထားကတော့ ...
7.1
IMDB: 7.1/10 141892 votes
movie


Blu-ray 1080p
Arrival (2016) 7.9
Arrival (2016) Unicode ထူးစမ်းစွာ ကမ္ဘာမြေပေါ်ရောက်ရှိလာတဲ့ ဂြိုလ်ယာဉ်ပျံကို သွားရောက်စူးစမ်းလေ့လာခွင့်ရခဲ့တဲ့ သူမ... ကမ္ဘာကြီးပေါ်ကြရောက်လာမယ့် အန္တရာယ်တွေကိုရော သူတို့ ဘယ်လိုအဖြေရှာပြီး ကယ်တင်ကြမလဲ... ထူးစမ်းတဲ့ ဂြိုလ်သားတွေနဲ့ရော ဘယ်လိုအဆက်အသွယ်တွေလုပ်ကြမှာလဲ... စတဲ့ မေးခွန်းပေါင်းများစွာနဲ့ လျှို့ဝှက်သည်းဖို အသည်းတယားယားနဲ့ ကြည့်ရှုရမယ့် ဇာတ်ကား ကောင်းလေးပါ... Rating ကလည်း 8.1 တောင်ရရှိထားတာဆိုတော့ ထွေထွေထူးထူး သိပ်ပြောစရာလိုမယ် မထင်ပါဘူး... မင်းသမီး Amy Adams နဲ့ 28 weeks later, Mission impossible ဇာတ်ကားများ, Mavel မှ ထုတ်တဲ့ Avengers ဇာတ်ကားများအစရှိတဲ့ ဒိတ်ဒိတ်ကျဲဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ မင်းသားကြီး Jeremy Renner တို့က အဓိကဇာတ်ကောင်နေရာက ပါဝင်ထားတာဆိုတော့ မကြည့်ဖြစ်လိုက်ရင် နောက်တရသွားစေမယ့် ကားကောင်းတစ်ကားလို့ပဲ ညွှန်းလိုက်ပါရစေ... Credit Review Zawgyi ထူးစမ်းစွာ ကမ္ဘာမြေပေါ်ရောက်ရှိလာတဲ့ ဂြိုလ်ယာဉ်ပျံကို သွားရောက်စူးစမ်းလေ့လာခွင့်ရခဲ့တဲ့ သူမ... ကမ္ဘာကြီးပေါ်ကြရောက်လာမယ့် အန္တရာယ်တွေကိုရော သူတို့ ဘယ်လိုအဖြေရှာပြီး ကယ်တင်ကြမလဲ... ထူးစမ်းတဲ့ ဂြိုလ်သားတွေနဲ့ရော ...
7.9
IMDB: 7.9/10 589957 votes
movie

Arrival (2016)

Blu-ray 1080p
X-Men (2000) 7.4
X-Men (2000) Unicode ဒီဇာတ်ကားဟာ X-Men ဇာတ်ကားကို ကျနော်စကြည့်ဖူးတဲ့ ဇာတ်ကားပါ ဒီဇာတ်ကားဟာ X-Men timeline အနေနဲ့ပြောရရင် timeline အလည်လောက်က အဖြစ်အပျက်တွေကို ရိုက်ကူး ဖေါ်ပြထားတာဖြစ်ပါတယ် ဒီဇာတ်ကားကတော့ အားရစရာပါ IMDb 7.4 ရရှိထားခဲ့ပါတယ် ခရမ်းချဉ်သီးကတော့ 7.5 ပါ ဒါလည်း အတော်မြင့်တဲ့ rating ပါ ဇာတ်လမ်းအကြောင်းနည်းနည်းညွှန်းရရင်တော့ X-Men Origins: Wolverine ထဲမှာ အတိတ်မေ့သွားတဲ့ လိုဂန်တစ်ယောက် မြေအောက် ကြိုးဝိုင်းလက်ဝှေ့ပွဲတွေမှာ ကျင်လည်ရင်း သူ့အတိတ်ကိုပြန်သတိရဖို့ ကြိုးစားနေခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ ပရော်ဖက်ဆာ ချားလ်စ်ဇေးဗီးယားကလည်း သန္ဓေပြောင်းလူသားတွေအတွက် နားခိုရာ ကျောင်းကြီးတည်ဆောက်လို့ လူသားတွေနဲ့ သန္ဓေပြောင်းလူသားတွေကြားက ရန်လိုမှု့တွေကို အစွမ်းကုန်ကြိုးစားနားလည်မှု့တည်ဆောက်နေခဲ့တဲ့အချိန် ငယ်စဉ်ကလေးဘဝကတည်းက လူသားတွေကြောင့် စိတ်ဒါဏ်ရာအကြီးအကျယ်ရခဲ့ပြီး ဘယ်လောက်ပဲ ကောင်းအောင်နေခဲ့နေခဲ့ ကံတရားက မျက်နှာသာပေးခြင်းမခံခဲ့ရတဲ့ မက်ဂနီတိုတစ်ယောက် သန္ဓေပြောင်းလူသားတွေရဲ့ ခံစားချက်ကို လူသာမန်တွေ နားလည်နိုင်အောင် လုပ်ပြမယ်ဆိုတဲ့ ...
7.4
IMDB: 7.4/10 551556 votes
movie

X-Men (2000)

Blu-ray 1080p