M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Dan Hedaya

Commando (1985) 6.7
Commando (1985) Unicode တာဝန်တွေကနေ အနားယူပြီး အေးအေးဆေးဆေးနေနေတဲ့ စစ်သားဟောင်းတစ်ယောက် . အာဏာရရင်ပြီးရော ဘာမဆိုလုပ်မယ့်သူတွေ အတိတ်ကလူတွေက အတိတ်မှာမနေခဲ့ဘဲ အနာဂတ်အထိလိုက်လာတဲ့အခါ… . ဒီနေ့မှာ 1985 လောက်ကထွက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အကယ်၍ သင်က ဇာတ်ကားဆို ကြမ်းကြမ်းတမ်းတမ်းမှကြိုက်တယ်ဆိုတဲ့သူဆိုရင် နောက်မှာဘာဖြစ်မလဲဆိုတာကို အကြမ်းဖျင်းခန့်မှန်းမိနေတာကိုတောင် အခုမှာ ရင်တမမနဲ့ စိတ်လှုပ်တရှားကြည့်နေရတဲ့ဖီလင်ကို ကြိုက်တယ်ဆိုရင် ဪ ဒါနဲ့ နောက်ပြီး တခုကျန်သေးတယ် သင်က မင်းသားကြီး Arnold Schwarzenegger ရဲ့ပရိတ်သတ်ဆိုရင် ဒီဇာတ်ကားကိုကြည့်ကြည့်သင့်ပါတယ်။ တစ်ကားလုံး Fight Scene စိတ်လှုပ်ရှားဖွယ်ရင်တထိတ်ထိတ်နဲ့ ဘယ်လိုများဖြစ်သွားမလဲဆိုတာကို စောင့်ကြည့်နေရတာက တကယ်ကိုမိုက်တဲ့ Feeling ပါ။ ဇာတ်လမ်းကို အနည်းငယ်ပြောပြရမယ်ဆိုရင်တော့ မင်းသားကြီး Arnold ဟာ John Matrix အမည်ရှိ အနားယူထားတဲ့စစ်သားတစ်ယောက်ပါ။ အရင်က ဘယ်လိုကိစ္စတွေဖြစ်ခဲ့တယ်လို့တော့ ဖော်ပြမထားပါဘူး။ ဇာတ်ကားအစ တစ်နေ့မှာ သမီးနဲ့အတူ လူတွေနဲ့ဝေးတဲ့နေရာမှာ ဇာတ်မြှုပ်နေတဲ့ John ရဲ့ အိမ်ကို Helicopter တစ်စီးရောက်လာပါတယ်။ အရင်က John ရဲ့ အထက်လူကြီးဖြစ်ခဲ့တဲ့ General Kirby က John ဆီကိုလာရောက်ကာ ...
6.7
IMDB: 6.7/10 145908 votes
movie

Commando (1985)

Blu-ray 1080p
Fantastic Beasts and Where to Find Them (2016) 7.3
Fantastic Beasts and Where to Find Them (2016) Unicode ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ ဂရင်ဒီဝေါလ်ပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာ နဲ့ မှော်သတ္တဗေဒ ပညာရှင် နျု စကန်မန်ဒါပါ(ဟယ်ရီတို့ ကာလမှာ နျုရဲ့စာအုပ်တွေဟာ ကျောင်းအတွက် ပြဌာန်းစာအုပ်ဖြစ်လာခဲ့ပါတယ် ဟက်ဂရစ်လက်စွဲပေါ့)။ နျုဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန်အခေါ် No-Maj (ဗြိတိန်အခေါ် မက်ဂယ်) မှော်ပညာမတတ်တဲ့ သာမာန်လူသားတစ်ဦးနဲ့ မတော်တဆအလွဲတွေ ဖြစ်ရင်း သူ့ရဲ့သေတ္တာထဲကနေ သတ္တဝါအချို့လွတ်မြောက်သွားတဲ့အခါ တိုက်ခိုက်မှုတွေရဲ့အကြောင်းရင်းဟာ သူ့ကြောင့်လို့ သံသယဖြစ်စရာတွေပေါ်လာပြီး ဖြေရှင်းဖို့ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားဟာ ၅ ကားအထိ ဆက်ရိုက်ဖို့ သတင်းထုတ်ပြန်ထားတာမို့ ဒီကားလေးကြည့်ပြီးရင် ...
7.3
IMDB: 7.3/10 350,485 votes
movie

Fantastic Beasts and Where to Find Them (2016)

2016
Blu-ray 1080p