M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


David Cross

Kung Fu Panda 3 (2016) 7.1
Kung Fu Panda 3 (2016) Unicode ဒီဇာတ်ကားဟာ အရင်ကားတွေထက်ပိုအောင်မြင်ခဲ့ပြီး IMDb rating 7.8/10 ထိရရှိအောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုအနည်းငယ်ပဲပြောပြချင်ပါတယ်။ ပိုရဲ့ ဆရာဖိုးဖိုးလိပ် ရဲ့ တိုက်ဖော်တိုက်ဖက် ကိုင် ဟာ ဝိညာဉ်ကမ္ဘာက သိုင်းဆရာတွေအားလုံးရဲ့ စွမ်းအင်တွေကို သိမ်းပိုက်ပြီး လူ့ပြည်ကိုပြန်ဝင်ရောက်လာပါတယ်။ ပြီးတော့ လူ့ပြည်က ဆရာတွေအားလုံးရဲ့ စွမ်းအင် ချီ တွေကိုပါ သိမ်းပိုက်လိုက်ပါတယ်။ ဒါကို တားဆီးနိုင်ဖို့အတွက် ပို တစ်ယောက်လက်ရှိအင်အားနဲ့မဖြစ်နိုင်တော့ပါဘူး။ သူကိုယ်တိုင် ချီရဲ့ အရှင်သခင် ဖြစ်အောင်လုပ်ရပါတော့မယ်။ ဒီအဆင့်ကိုရောက်ဖို့ ဆရာလိပ်က နှစ် ၃၀ လောက် တရားထိုင်ခဲ့ရပြီး ဆရာရှီဖူမှာလဲ အဲ့အစွမ်းတောင် မရှိသေးတဲ့အတွက် ပိုတစ်ယောက် လမ်းစပျောက်နေချိန်မှာ သူ့ရဲ့ပျောက်ဆုံးနေတဲ့ ဖခင်က သူ့ကို ချီရဲ့လျို့ဝှက်ချက်တွေ သင်ပေးဖို့ဆိုပြီး ပန်ဒါရွာကို ပြန်ခေါ်သွားပါတော့တယ်။ ဘာတွေဆက်ဖြစ်လဲဆိုတာတော့ဒီMovie ကို Download ဆွဲပြီးသာဆက်ကြည့်ကြပါတော့။ Credit - Review Zawgyi ဒီဇာတ်ကားဟာ အရင်ကားတွေထက်ပိုအောင်မြင်ခဲ့ပြီး IMDb rating 7.8/10 ...
7.1
IMDB: 7.1/10 111,535 votes
movie

Kung Fu Panda 3 (2016)

2016
Blu-ray 1080p
Kung Fu Panda 2 (2011) 7.2
Kung Fu Panda 2 (2011) Unicode Kung Fu Panda 2 မှာတော့ 'ပို' ရဲ့ ဘဝဇာတ်ကြောင်းကို ကြည့်ရှုရမှာပါ.... 'ပို' ရဲ့အဖေဖြစ်သူဟာ မွေးစားအဖေဖြစ်နေပါတယ်... ' ပို' လသားအရွယ်မှာ သူတို့ရဲ့ရွာလေးကို တပ်ဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ဖျက်စီးတာကို ခံလိုက်ရပါတယ်... ပို ရဲ့မိဘတွေဟာ ထွက်ပြေးရင်းနဲ့ ပို့ ကို စွန့်ပစ်ခဲ့ရပါတော့တယ်...ဒါက ပို ရဲ့ ဘသ ဇာတ်ကြောင်းပါ... အခုချိန်မှာတော့ ဒေါင်းမင်းသားတစ်ယောက်ဟာ လက်နက်ဆန်းတစ်ခုကို တီထွင်ပြီးတော့ တရုတ်ပြည်ကြီးကို သိမ်းပိုက်ဖို့ ကြံစည်နေပါပြီ... ဒါကို ပို နဲ့ သူ့အဖွဲ့က တားဆီးဖို့အတွက် တာဝန်ကျလာပါပြီ...ဒီတော့ ပို တို့တွေ ဒေါင်းမင်းသားကို ဘယ်လိုတားဆီးကြမှာလဲ ဘာတွေဆက်ဖြစ်ကြဦးမလဲ ဆိုတာကိုတော့ ထုံးစံအတိုင်း ကြည့်ရှုခံစားပေးကြပါဦး grin emoticon ဒီဇာတ်ကားဟာလည်း ပထမကားလိုပဲ rating ကောင်းကောင်းရထားတဲ့ကားတစ်ကားဖြစ်ပါတယ် (IMDb rating 7.3/10 ) အားပေးကြပါ Zawgyi Kung Fu Panda 2 မွာေတာ့ 'ပို' ရဲ႕ ...
7.2
IMDB: 7.2/10 224,020 votes
movie

Kung Fu Panda 2 (2011)

2011
Blu-ray 1080p
Kung Fu Panda (2008) 7.6
Kung Fu Panda (2008) Unicode DreamWorks ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်တဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ... လူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ...ဆုပေါင်းများစွာကိုလည်းရယူထားနိုင်ခဲ့ပါတယ်… ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာ အပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်...သူ့နာမည်ကတော့ 'ပို' လို့ခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်..အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်...ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီး ကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်...သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီး သင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမား ငါးယောက်လည်းရှိပါတယ်...သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်.... တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီး ကျင်းပပါတော့တယ်...ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကို ရွေးချယ်မှာဖြစ်ပါတယ်... 'ပို' တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့် သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်... 'ပို' တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက် ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်...ဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ... 'ပို' လည်း အရမ်းကြည့်ချင်နေတာနဲ့ အထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်...ဒီလိုနဲ့ ...
7.6
IMDB: 7.6/10 371,181 votes
movie

Kung Fu Panda (2008)

2008
Blu-ray 1080p
Small Soldiers (1998) 6.1
Small Soldiers (1998) မင်္ဂလာပါခင်ဗျာ၊ Small Soldier ဟာ 1998 မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ ရုပ်ရှင်ချစ်သူတွေအကြား ရေပန်းစားခဲ့တဲ့ Movie လေး တစ်ခုဖြစ်ပါတယ်။ အရာရာတိုင်းမှာ အကောင်းနဲ့ အဆိုးဆိုတာ အမြဲဒွန်တွဲတည်ရှိနေတတ်သလို... ဘယ်လိုမှ ထင်မှတ်ထားစရာမရှိတဲ့ သက်မဲ့အရုပ်ကလေးတွေမှာတောင်မှ လူသားတွေရဲ့ ပယောဂကြောင့် အချင်းချင်း တိုက်ခိုက်ကြပုံတွေကို စိတ်ကူးယဉ်ဆန်စွာ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ခေတ်ဟောင်းအရုပ်ဆိုင်တစ်ဆိုင်က. ၁၅ နှစ်အရွယ် လူငယ်လေး Alan ဟာ.. လူစိတ်ဝင်စားမှု မရှိတော့တဲ့ သူ့အဖေရဲ့ အရုပ်ဆိုင်နဲ့ ပါတ်သက်ပြီး... ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ စိတ်အားထက်သန်နေတဲ့ သူဖြစ်ပါတယ်။ အဲဒီလို အခိုက်အတန့်မှာ နာမည်ကျော် electronic ထုတ်ကုန်တွေ ဖြန့်ဖြူးတဲ့ ကုမ္ပဏီတစ်ခုက အရုပ်ဒီဇိုင်းပညာရှင်နှစ်ယောက်ဟာ အဆင့်မြင့်နည်းပညာတွေနဲ့ ကစားစရာအရုပ်ကလေးတွေ တီထွင်ဖန်တီးပြီး ဖြန့်ဖြူးလိုက်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ကွဲပြားတဲ့ စိတ်နေသဘောထားအရ... ထွက်ရှိလာခဲ့တဲ့ အရုပ်ကလေးတွေလဲ သွင်ပြင်တွေ ...
6.1
IMDB: 6.1/10 85,770 votes
movie

Small Soldiers (1998)

1998
Blu-ray 1080p