M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


David Thewlis

M-Sub Movie Channel
RED 2 (2013) 6.6
RED 2 (2013) ဒီတစ်ခါတော့ RED 1 ရဲ့အဆက် RED 2 ဆိုတဲ့အက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ပထမဇာတ်ကားထဲမှာလိုပဲ အချစ်နဲ့ အက်ရှင်ကိုခပ်မြူးမြူးလေး ပေါင်းစပ်ရိုက်ကူးထားတာပါ ပထမကားကိုကြည့်ထားပြီးတဲ့ပရိသတ်တွေကိုအေးဂျင့်ဟောင်းကြီးဖရန့်ခ်နဲ့ ဆာရာတို့ရဲ့ အချစ်ဇာတ်လမ်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးဖို့မလိုတော့ဘူးထင်ပါတယ် ဖရန့်ခ်ကသူ့ကောင်မလေးကို အရမ်းချစ်ပြီး ဘာမှမဖြစ်စေရအောင်သူပဲ ကာကွယ်ပေးချင်နေပါတယ် ဆာရာကလဲ အဲလိုကာကွယ်ခံရတဲ့ဘဝကိုငြီးငွေ့နေပြီး သူ့ချစ်သူအရိပ်အောက်ကလွတ်ဖိ မာဗင်ရဲ့အကူအညီယူပြီး ကြိုးစားပါတော့တယ်အေးဂျင့်တွေရဲ့ အလုပ်ကိုဘာမှသေချာနားမလည်တဲ့ ဆာရာတစ်ယောက် ဘယ်လိုအလွဲတွေလုပ်မလဲဆိုတာ ဟာသရှုထောင့်ကနေ ထင်သာမြင်သာရိုက်ပြထားပါတယ် ဒါ့အပြင် ဒီကားထဲမှာ ထပ်ထူးခြားတာကတော့နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယားမင်းသား လီဗြောင်ဟွန်း ပါဝင်သရုပ်ဆောင်ထားပါတယ် ထုံးစံအတိုင်း သူ့ရဲ့ အလန်းစားတိုက်ကွက်တွေကိုဖရန့်ခ်တို့ RED အုပ်စုရဲ့ ပစ်ခန်းခတ်ခန်းအက်ရှင်ပြကွက်တွေနဲ့အတူပေါင်းစပ်လိုက်တဲ့အခါ တကယ့်ကိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတစ်ခုဖြစ်လာတာပါ ဖရန့်ခ်တို့ ဘာပြသနာတွေရင်ဆိုင်ရမလဲဘယ်လိုတွေဖြေရှင်းကြလဲအောင်မြင်ပါ့မလား ဆိုတာတွေကိုတော့ဇာတ်လမ်းထဲမှာပဲ ဇိမ်ပြေနပြေနဲ့ ကြည့်ရှုခံစားကြပါဦးလို.ဇာတ်လမ်းဇာတ်အိမ်ရော ရိုက်ကွက်တွေရောရိုးမသွားစေရဘဲ ပထမဇာတ်ကားနဲ့ အပြတ်အသတ်ယှဉ်နိုင်တဲ့ဇာတ်ကားဆိုတာ ကြည့်လိုက်တာနဲ့ ပြောစရာမလိုအောင်သိနိုင်တယ်ဆိုတာ အာမခံပါတယ်ဗျာ အက်ရှင်ကြိုက်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ တကယ့်ကို ပြောင်မြောက်တဲ့အက်ရှင်ကားတစ်ကားဆိုတာလဲ ညွှန်းပေးပါရစေနော် Credit Review
6.6
IMDB: 6.6/10 148,968 votes
movie

RED 2 (2013)

2013
Blu-ray 1080p
Justice League (2017) 6.5
Justice League (2017) DC Comics စူပါဟီးရိုးတွေဖြစ်တဲ့ Batman, Superman, Wonder Woman, Flash, Aquaman နဲ့ Cyborg တို့ တစုတစည်း ပါဝင်ထားတာမို့ ပရိသတ်တွေ တပျော်ကြီး ရှုစား ရာမှာပါ။ စူပါမန်း သေဆုံးပြီးနောက် တစ်ကမ္ဘာလုံးပူဆွေးဝမ်းနည်းနေ ချိန်မှာ စူပါဗီလိန် Steppenwolf နဲ့ သူ့ရဲ့အပေါင်းအပါ Parade-mons တွေဟာ Mother Boxes တွေကို ရှာဖွေဖို့ ကမ္ဘာကိုပြန်လည်အခြေချခဲ့ပါတယ်။ Mother Box တွေရဲ့ သတင်းအစရဖို့ S.T.A.R Labs ရဲ့ ၀န်ထမ်းအတော်များများကို ဖမ်းဆီးခဲ့ကြတယ်။ အဲဒါနဲ့ ဘီလျံနာတစ် ယောက်ဖြစ်တဲ့ ဘရုစ်ဝိန်း (Bat-man) က လူစွမ်းကောင်းတွေစု စည်းပြီး Justice League ဆိုတဲ့ အဖွဲ့ဖွဲ့စည်းကာ Steppenwolf တို့ကို ပြန်လည်တိုက်ခိုက်နိုင်ဖို့ လုပ်ပါတော့တယ်။ Steppen-wolf တို့ကလည်း Mother Box ရဖို့ အသည်းအသန်ကြိုးပမ်းနေ ...
6.5
IMDB: 6.5/10 314,937 votes
movie

Justice League (2017)

2017
Blu-ray 1080p
Wonder Woman (2017) 7.5
Wonder Woman (2017) ပင်လယ်ပြင်ကျယ်ကြီးရဲ့ တစ်နေရာမှာ အလွန်သာယာလှပသော ကျွန်းလေးတစ်ကျွန်းရှိတယ်။ ထိုကျွန်းနေလူသားတွေကတော့ ထိုကျွန်းလေးကို Themyscira လို့ ခေါ်ကြတယ်။ ထူးဆန်းတာက ထိုကျွန်းလေးပေါ်ကို လူသူအရောက်အပေါက် မရှိပဲ တစ်ကျွန်းလုံးက ကြည့်ရတာ အေးချမ်းသာယာလွန်းတယ်။ ပိုပြီးထူးဆန်းတာက တစ်ကျွန်းလုံးမှာ ဖိုသတ္တဝါဆိုလို့ တစ်ကောက်တစ်မြီးမှတောင် မတွေ့ ရဘူး။သူတို့ ဟာ ရှေးဂရိနတ်ဘုရားရှင်တွေ ဖန်ဆင်းခဲ့ကြတဲ့ စစ်ဘက်မှာ သာလွန်တဲ့ Amazonians အမျိုးသမီးတွေပဲ။ ထိုကျွန်းလေးပေါ်မှာ ကလေးဆိုလို့ တစ်ယောက်ပဲရှိတယ်။ ထိုကလေးမလေးက Hippolyta ဘုရင်မရဲ့ သမီးတော်လေးဖြစ်ပြီး ငယ်စဉ်ကတည်းက တိုက်ရခိုက်ရတာကို စိတ်အားထက်သန်တဲ့ ကလေးမလေးတစ်ယောက်။ မိခင်ဖြစ်သူက ယခုလို သမီးကလေး တိုက်ရေးခိုက်ရေးအပေါ် စိတ်ဝင်စားတာကို မလိုလားဘူး။ (အမှန်တော့ သူ ယခုလို မလိုလားခဲ့တာလည်း အကြောင်းရှိလို့ ပါ။) ဒါပေမဲ့ ကလေးမလေးရဲ့ အဒေါ်ဖြစ်သူ စစ်သမီးကြီး Antiope ဆီမှာ သိုင်းပညာတွေ ခိုးသင်ခဲ့တယ်။ တားမြစ်နေတဲ့ကြားကတည်းက ...
7.5
IMDB: 7.5/10 472,212 votes
movie

Wonder Woman (2017)

2017
Blu-ray 1080p
Harry Potter and the Prisoner of Azkaban (2004) 7.9

Harry Potter and the Prisoner of Azkaban (2004)

2004
Blu-ray 1080p
The Boy in the Striped Pajamas (2008) 7.8
The Boy in the Striped Pajamas (2008) ဒီဇာတ်ကားလေးက IMDb rating 7.8 အထိရရှိထားပြီးဒုတိယကမ္ဘာစစ်ကိုအခြေခံကာရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ Action အားပေးနေကြ ပရိတ်သတ်တွေအတွက်လည်းအပြောင်းအလဲလေးဖြစ်အောင်ကြည့်သင့်ပါတယ်။ ဒီဇာတ်ကားလေးကိုကြည့်ပြီးတဲ့အခါ message တစ်ခုခုချန်ထားပေးခဲ့မယ့်ဇာတ်ကားလေးဆိုတာကိုတော့ အာမခံပြောချင်ပါတယ်။လူသားချင်း ထောက်ထားညှာတာမှုတွေကိုတွေ့မြင်နိုင်မယ့် ဒီဇာတ်ကားလေးဟာ ဖြူစင်သန့်ရှင်းတဲ့ ကလေးငယ်တွေရဲ့စိတ်ကိုလည်းသိမြင်နိုင်မယ့် တကယ့်ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေထားတဲ့အကျဉ်းစခန်းကိုအုပ်ချုပ်ရတဲ့ဂျာမနီတပ်အရာရှိကြီးရဲ့ (၈)နှစ်အရွယ်သားလေးကိုဇာတ်အိမ်တည်ထားပြီးရိုက်ကူးထားပါတယ်။ ဂျူးအကျဉ်းသားတစ်ဦးရဲ့သားဖြစ်သူ ရွယ်တူကောင်လေးတစ်ယောက်နဲ့ အကျဉ်းစခန်းမှာမထင်မှတ်ပဲတွေ့ကြတဲ့နောက်မှာရန်ဘက်မျိုးနွယ်စုကြီး(၂)စုက အပြစ်မဲ့ကလေး(၂)ယောက်ရဲ့ သံယောဇဉ်ကို ပီပြင်အောင်ရိုက်ပြထားတာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ခိုးစားရတဲ့အသီးဟာ ချိုတယ်ဆိုတဲ့ စကားပုံလိုပဲသူငယ်ချင်းဖြစ်လို့မရတဲ့ရန်သူမျိုးနွယ်စု (၂)ဖက်ကကလေး(၂)ယောက်ကြားထဲက Forbidden Friendship ကိုကြည်နူးဖွယ်ရာနဲ့စတင်ထားပြီးတော့ ကြေကွဲဖွယ်ရာဇာတ်လမ်းဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်း Sharlock ဖြစ်ပါတယ်။ Credit Review
7.8
IMDB: 7.8/10 166,924 votes
movie

The Boy in the Striped Pajamas (2008)

2008
Blu-ray 1080p