M-Sub Movie – Myanmar Subtitle Movies & Series Free Download Website
Dwayne Johnson
Get Smart (2008) 6.5
Get Smart (2008) Unicode ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်…ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်…. လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ်အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလားခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့ “ကို”တော့ရူးသွားပြီတံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်…… ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ…မင်းသမီးချောလေး Hathaway ရယ်Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်…မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေလို့မထင်လိုက်နဲ့ …Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ…. တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့မင်းသမီးချော Hathaway ရယ်ကိုလွှတ်လိုက်တယ်….. ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်…. ရယ်စရာတွေကလည်း သဲထိတ်ရင်ဖိုခန်းလေးတွေမှာ အပိုအလိုမရှိထည့်ထားလေတော့ ...
6.5
IMDB: 6.5/10 203972 votes
movie
Get Smart (2008)
Blu-ray 1080p
Pain & Gain (2013) 6.4
Pain & Gain (2013) Unicode ကာယနည်းပြဆရာ Daniel Lugo (Mark Wahlberg)သည်သူ၏လက်ရှိဘဝကိုမရောင့်ရဲနိုင်။ သူသည်သည့်ထက်ပိုကောင်းမွန်သော ဘဝနှင့်ထိုက်တန်သည်၊ သူသည် do-er တစ်ယောက်ဖြစ်သည်ဟု သူ့ဘာသာသူခံယူထားသည်။ သည်တွင်သူ့ခေါင်းထဲပေါ်လာသည့်အကြံက သူလေ့ကျင့်ပေးနေရသော နောက်ကြောင်းမရှင်းသည့် သူဌေးတစ်ယောက်ကို ပြန်ပေးဆွဲရန်။ သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် body builder, Adrien Doorbal (Anthony Mackie)၊ ထောင်မှထွက်လာတာမကြာသေးသည့် ခပ်အူအူ Paul Doyle (Dwayne Johnson) တို့ကိုဤစီမံကိန်းကြီးထဲ ဆွဲသွင်းနိုင်ခဲ့သည်။ သူတို့သုံးယောက်၏အတွေ့အကြုံမပြည့်ဝမှု၊ အူတိအူကြောင်နိုင်မှုတို့ကြောင့် စီစဉ်ထားသည့်အတိုင်းဖြစ်မလာခဲ့ရပေမယ့် နောက်ဆုံးမှာတော့ လိုအပ်သည်ကိုရအောင်ယူနိုင်ခဲ့ပါသည်။ သို့သော်မကောင်းမှုတို့၏ထုံးစံအတိုင်း သူတို့ကိုအလွတ်စုံထောက်တစ်ယောက်က ခြေရာခံမိလာသည့်အခါ၊ အလုံးအရင်းနှင့်ဖြစ်သော ပိုက်ဆံတို့ကိုထိန်းသိမ်းနိုင်သည့်စွမ်းရည် သူတို့မှာမရှိသည့်အခါ အမှောင်မိုက်ဆုံးသောဒုစရိုက်မှုကို သူတို့ကျုးလွန်မိကြတော့သည်။ ဤကားတွင် Dwayne Johnson ကိုအူကြောင်ကြောင်ဇာတ်ရုပ်အဖြစ်အသက်သွင်းထားသည်မှာ ဟာသမြောက်ပါသည်။ ကျန်သောဇာတ်ကောင်စရိုက်နှစ်မျိုးကလည်းသူ့ဟာနှင့်သူတော့ အူကြတာပါပဲ။ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိကြသောကြောင့်လည်း ခါးသီးသောအကျိုးဆက်ကိုသူတို့ခံစားကြရခြင်းဖြစ်သည်။ တွေးကြည့်လျှင် ကရုဏာသက်စရာဖြစ်သော်လည်း Director Michael Bay ကတော့ထေ့ချင်ပြုံးချင်စရာဖြစ်အောင်သာ ရိုက်ပြထားသည်။ တင်ပြပုံကလည်းသူ့အရင်ဇာတ်ကားများနှင့်ကွဲပြားသည်။ ...
6.4
IMDB: 6.4/10 199859 votes
movie
Pain & Gain (2013)
Blu-ray 1080p
Journey 2: The Mysterious Island (2012) 5.8
Journey 2: The Mysterious Island (2012) Unicode ဒီဇာတ်ကားက ၂၀၁၂ ခုနှစ်မှာ ထွက်ရှိထားပြီးတေ့ာ Journey to the Centre of the Earth နဲ့ ထုတ်လုပ်သူတစ်ဦးတည်း ဇာတ်ကားလည်းဖြစ်ပါတယ်၊ Journey 2 မှာတေ့ာ Sean လို့ ခေါ်တဲ့ကောင်လေး က မြေပုံအတိုင်းထူးဆန်းတဲ့ ကျွန်းကြီးကို သွားရင်းပျောက်ဆုံးသွားတဲ့ သူ့အဖိုးကို ရှာဖို့ ကြိုးစားတဲ့ အကြောင်းရိုက်ကူးထားတာပါ… ဇာတ်လမ်းက ဒီလောက်ပဲ မထူးဆန်းဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ် ပရိသတ်ကြီး….. ဒါပေမယ့် Journey 2: The Mysterious Island ထူးခြားချက်က Visual Effect တွေ အရမ်းကောင်းတာပါ၊ ပရိသတ်တွေကို ဇာတ်ကားရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဒီ Effect တွေနဲ့ ဆွဲဆောင်ပြီး ဇာတ်ကားနောက်ဆုံးထိခေါ်သွားမှာပါ… The Rock ကြီးရဲ့ ဟာသတွေ၊ အက်ရှင်တွေ၊ ရုပ်တည်ကြီးနဲ့ သရုပ်ဆောင်ပုံတွေကို စွဲမက်တဲ့ သူတွေအတွက်တေ့ာ ကြည့်ပြီးရင်တောင် ထပ်ကြည့်ချင်မယ့် ...
5.8
IMDB: 5.8/10 91363 votes
movie
Journey 2: The Mysterious Island (2012)
Blu-ray 1080p
Jumanji: The Next Level (2019) 6.8
Jumanji: The Next Level (2019) Unicode IMDb 7 နဲ့ toamtoes မှာ 71ရထားပါတယ်ပထမကထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ ဟာသတွေပိုပါဝင်လာမှာပါစပန်ဆာတစ်ယောက်နေရင်းထိုင်ရင်းJumanjiထဲပြန်ဝင်သွားရာကနေ ဇာတ်ရှုပ်ပါတော့တယ် အဲဒီမှာပဲသူ့ကောင်မလေးနဲ့ကျန်ခဲ့တဲ့သူငယ်ချင်းတွေကပြန်လိုက်ခေါ်ဖို့လုပ်ပါတော့တယ်ဒါပေမယ့်ဂိမ်းထဲကိုပြန်ဝင်လာတာသူတို့အုပ်စုတင်မဟုတ်ပဲစပန်ဆာရဲ့အဖိုးနဲ့သူငယ်ချင်းဖြစ်သူတို့ပါပါလာတဲ့အခါမှာတော့ဇာတ်လမ်းကပိုပြီးအရှိန်တက်လာပါတော့တယ်ဂိမ်းထဲကိုရောက်တဲ့အခါမှာလည်းပထမတစ်ကားတုန်းကဇာတ်ကောင်တွေမဟုတ်တော့ပဲဇာတ်ကောင်အပြောင်းအလဲတွေဖြစ်သွားတဲ့အခါမှာဘယ်လိုတွေတိုင်ပတ်ကြမလဲ အခက်အခဲတွေကိုထုံးစံအတိုင်းဘယ်လိုကျော်ပြီးအပြင်ကိုဘယ်လိုပြန်ထွက်မလဲသူတို့ကိုလုပ်ခိုင်းတဲ့ missionကိုရောပြီးမြောက်အောင်လုပ်နိုင်မလားဆိုတာ… Credit Review Zawgyi IMDb 7 နဲ့ toamtoes မှာ 71ရထားပါတယ်ပထမကထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ ဟာသတွေပိုပါဝင်လာမှာပါစပန်ဆာတစ်ယောက်နေရင်းထိုင်ရင်းJumanjiထဲပြန်ဝင်သွားရာကနေ ဇာတ်ရှုပ်ပါတော့တယ် အဲဒီမှာပဲသူ့ကောင်မလေးနဲ့ကျန်ခဲ့တဲ့သူငယ်ချင်းတွေကပြန်လိုက်ခေါ်ဖို့လုပ်ပါတော့တယ်ဒါပေမယ့်ဂိမ်းထဲကိုပြန်ဝင်လာတာသူတို့အုပ်စုတင်မဟုတ်ပဲစပန်ဆာရဲ့အဖိုးနဲ့သူငယ်ချင်းဖြစ်သူတို့ပါပါလာတဲ့အခါမှာတော့ဇာတ်လမ်းကပိုပြီးအရှိန်တက်လာပါတော့တယ်ဂိမ်းထဲကိုရောက်တဲ့အခါမှာလည်းပထမတစ်ကားတုန်းကဇာတ်ကောင်တွေမဟုတ်တော့ပဲဇာတ်ကောင်အပြောင်းအလဲတွေဖြစ်သွားတဲ့အခါမှာဘယ်လိုတွေတိုင်ပတ်ကြမလဲ အခက်အခဲတွေကိုထုံးစံအတိုင်းဘယ်လိုကျော်ပြီးအပြင်ကိုဘယ်လိုပြန်ထွက်မလဲသူတို့ကိုလုပ်ခိုင်းတဲ့ missionကိုရောပြီးမြောက်အောင်လုပ်နိုင်မလားဆိုတာ… Credit Review
6.8
IMDB: 6.8/10 99519 votes
movie
Blu-ray 1080p
Jumanji: Welcome to the Jungle (2017) 6.9
Jumanji: Welcome to the Jungle (2017) Unicode ၁၉၉၅ လောက်ကတည်းက ပရိသတ်တွေ ရင်းနှီးခဲ့ပြီးသား Jumanji ဇာတ်လမ်းပြီးနောက် သီးခြားဇာတ်လမ်းတစ်ခုနဲ့ ထပ် ထွက်လာတာမို့ ရသအသစ်အ ဆန်းလေး ဖြစ်တဲ့အတွက် ပရိ သတ်တွေ သဘောကျကြမှာပါ။ဇာတ်လမ်းအဓိကအကြောင်းအရာကတော့ ဆယ်ကျော်သက်ကလေးလေးယောက် ဗီဒီယိုဂိမ်းကစားကာ ဂျူမန်းဂျိ ကမ္ဘာထဲရောက်သွားပြီး စွန့်စားခန်းမျိုးစုံ ဖြတ်ကျော်ရတဲ့ အကြောင်းလေး တင်ဆက်ထားတာ ဖြစ်ပါတယ်။၁၉၉၆ ကာလက အဲလက်စ် ဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးဟာ ဂျူမန်းဂျိဂိမ်းဘုတ်ပြား လေးကို ကမ်းခြေနားက ကောက်ရ ခဲ့ပေမယ့် ဗီဒီယိုဂိမ်းတွေပဲ ကစား ဖြစ်နေတာမို့ ဂိမ်းမကစားဖြစ်ဘဲ သိမ်းထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ် ညမှာ ဂျူမန်းဂျိဘုတ်ပြားထဲက ဂိမ်းတွေဟာ ဗီဒီယိုဂိမ်းအဖြစ် ပြောင်းသွားပြီး အဲလက်စ်က ဂိမ်း စက်ဖွင့်လိုက်ပြီးနောက်မှာတော့ သူပါပျောက်သွားခဲ့ပါတယ်။နှစ် ၂၀ လောက်ကြာခဲ့ပြီး နောက်မှာတော့ ဂျူမန်းဂျိဂိမ်းစက် က ပြန်ပေါ်လာခဲ့ပါတယ်။ စပန် ဆာ၊ ဘယ်သန်နီ၊ မာသာနဲ့ ဖရစ်ဂျ်ဆိုတဲ့ ...
6.9
IMDB: 6.9/10 288673 votes
movie
Jumanji: Welcome to the Jungle (2017)
Blu-ray 1080p
G.I. Joe: Retaliation (2013) 5.8
5.8
IMDB: 5.8/10 167991 votes
movie
Blu-ray 1080p
The Scorpion King (2002) 5.5
The Scorpion King (2002) Unicode The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ် ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။ The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။ စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်း ငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။ အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ ကင်းမြီးကောက်ဘုရင် ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အာနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်၏ စစ်တပ်ကြီးကိုဦးဆောင်ကာ ပို၍ရက်စက် ကြမ်းကြုတ်သော စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။ The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီး ကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ကင်မြီး ကောက်ဘုရင်ကြီးဆိုပြီး အမည်တွင်လာခဲ့ရတဲ့ အကြောင်းရင်းကို ဒီဇာတ်ကားမှာ ကြည့်ရှုကြရမှာပါ။ Non-Stop Action ဇာတ်ကားတစ်ကားဖြစ်ပြီး ကြမ်းလွန်းလို့ အသက် ...
5.5
IMDB: 5.5/10 124,546 votes
movie
The Scorpion King (2002)
2002
Blu-ray 1080p
The Mummy Returns (2001) 6.3
6.3
IMDB: 6.3/10 287,093 votes
movie
The Mummy Returns (2001)
2001
Blu-ray 1080p
Fast & Furious Presents: Hobbs & Shaw (2019) 6.6
6.6
IMDB: 6.6/10 97,905 votes
movie
2019
Blu-ray 1080p
Fast & Furious Presents: Hobbs & Shaw (2019) 6.8
6.8
IMDB: 6.8/10 57,309 votes
movie
2019
Web-Rip 1080p
Moana (2016) 7.6
Moana (2016) ကြည့်ပြီး သူတွေကိုလည်း မသိသေးတာတွေ သိစေချင်တာရယ် အရမ်းကြိုက်လို့ သိမ်းထားချင်တယ်ဆိုရင်လည်း အဆင်ပြေစေချင်တာကြောင့် BluRay ကာလတီနဲ့ ကြိုးစားတင်ဆက်ပေးတာပါ။ အရင်ထွက်ရှိခဲ့တဲ့ ကာလတီနဲ့ ရုပ်ထွက်ပိုင်းရော အသံပိုင်းဆိုင်ရာမှာပါ ပိုမိုကောင်းမွန်လာတာကြောင့် ရုပ်ရှင်တစ်ကားရဲ့ တကယ့်အနှစ်သာရအစစ်အမှန်ကို ခံစားစေချင်တဲ့ စေတနာနဲ့ တင်ပေးတာပါ။ တော်တော်များများလည်း ကြည့်ပြီးကြပြီဆိုတော့ ဇာတ်လမ်းအကျဉ်းလေးအကြောင်းကို မပြောတော့ပဲ ဒီကားရဲ့ ထူးခြားချက်လေးတွေကိုပဲ ပြောကြရအောင်... - ဒီကားလေးကို သဘာဝကျကျရိုက်ကူးဖို့အတွက် ဒါရိုက်တာ John Musker နှင့် Ron Clements တို့ဟာ Polynesian လူမျိုးတွေရဲ့ ရိုးရာဓလေ့နှင့် အပြုအမူတွေအားလုံးကို လေ့လာနိုင်ဖို့အတွက် Polynesian လူမျိုးတွေနဲ့အတူ လပေါင်းများစွာ နေထိုင်ခဲ့ကြပါတယ်။ - Polynesian လူမျိုးတွေအကြောင်းကို ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Lilo & Stitch ကာတွန်းကားထဲမှာလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါ့အပြင် Moana လေး ကမ်းခြေမှာ လိပ်ကလေးကို ...
7.6
IMDB: 7.6/10 228,382 votes
movie
Moana (2016)
2016
Blu-ray 1080p
San Andreas (2015) 6.1
San Andreas (2015) ပရိတ်သတ်တွေအတွက် The Rock မင်းသားကြီးပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေနဲ့ ရုပ်ရှင်ကား တစ်ကားကို တင်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ IMDb Rating 6.2 ရရှိထားပြီး ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းဆိုလည်း မမှားပါဘူး။အဖြစ်အပျက်က ဒီဇာတ်ကားမှာ The Rock လို့လူသိများတဲ့မင်းသားကြီးဟာ ကယ်လီဖိုးနီးယား မှာဖြစ်ပျက်သွားတဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြားက အသက်ရှင်ကျန်တဲ့သူတွေကို ရှာဖွေကယ်ဆယ်မဲ့ ရဟတ်ယာဉ်ပိုင်းလော့ တစ်ယောက်ပါ။ ငလျင်ဒဏ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ သူ့သမီးကို သူနဲ့ Ex-wife ဖြစ်လုဆဲဆဲ ဇနီးနဲ့အတူ မဖြစ်နိုင်တဲ့ စွန့်စားခန်းတွေဖွင့်ပြီး သွားရောက်ကယ်ဆယ်ကြမှာပါ။ ဒီဇာတ်ကားမှာ မင်းသားကြီးရဲ့ ပြည့်စုံတဲ့ လှုပ်ရှားမှုတွေ အပြင် ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး လို့ ပြောလို့ရတဲ့ CGI effect တွေကြောင့် ပါးစပ်အဟောင်းသားနဲ့ကြည့်ရှုကြရမှာပါ။ ဒါ့အပြင် မင်းသမီးနှစ်လက်လုံးကလဲ ဆွဲဆောင်မှုအရမ်းရှိနေတဲ့အတွက် ကြည့်ကိုကြည့်ရမယ့် ကားသစ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ Credit Review
6.1
IMDB: 6.1/10 192,644 votes
movie
San Andreas (2015)
2015
Blu-ray 1080p
Hercules (2014) 6.0
Hercules (2014) ဒီကားကတော့ The Rock ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ...
6.0
IMDB: 6.0/10 137,275 votes
movie
Hercules (2014)
2014
Blu-ray 1080p
Fighting with My Family (2019) 7.3
Fighting with My Family (2019) IMDb….7.5,,,,,Rotten….92%ပေ့ဂ်ျ ဆိုတဲ့ကောင်မလေးဟာ မိန်းကလေးပီပီ တခြားသူတွေလို အချစ်ဒရမ်မာကားလေးတွေကြည့်လှတပတလေးတွေဝတ်ပြီးနေချင်ပုံရတယ်…သို့ပေမယ့် တစ်နေတော့ သူမရဲ့ အဖေနဲ့ အမေရဲ့စီစဉ်မှုကြောင့်နပမ်းပွဲတစ်ခုမှာ ပြိုင်ပွဲမ၀င်ချင်ဘဲ ၀င်လိုက်ရတယ်… သူမနဲ့ ယှဉ်ပြိုင်သူကို ကြမ်းပြင်ပေါ်တစ်ချက်ထဲနဲ့မှောက်သွားစေနိုင်မယ့် ဖြတ်ရိုက်ကွက်တစ်ကွက်သုံးလိုက်တယ်…အဲ့ဒီအချိန်မှာ ပွဲကြည့်တဲ့သူတွေရဲ့ ” လုပ်ထားစမ်းကွ….မိုက်တယ်…မင်းသမီးလေး လုပ်ထားစမ်း”ဆိုပြီး လက်ခုပ်သံတစ်ဖြောင်းဖြောင်းက သူမရဲ့စိတ်တွေနဲ့ ဗီဇတွေကို နိုးဆွလိုက်ပုံပေါ်တယ်..ဒီအချိန်မှာဖြစ်သွားတဲ့ ကောင်မလေးရဲ့အပြုံးက နပမ်းပွဲမှာ တိုက်ခိုက်ရတာ ငါ့အတွက်ကျေနပ်ဆုံးသောအရာပါ့လားဆိုတာကိုသိပ်လိုက်ရတဲ့အပြုံးမျိုး….ငယ်ငယ်တုန်းက SmackDown လို့ အခေါ်များတဲ့ WWE နပမ်းပွဲတွေကို အတော်များများကြည့်ဖူးကြမှာပါ။..အားလုံးလည်း အနည်းဆုံးတစ်ယောက်ကိုတော့ သဘောကျဖူးမှာပါပဲ….The Rock, Undertaker, John Cena စသည်ဖြင့်ပေါ့။ ဒီရုပ်ရှင်ကတော့ WWE ရဲ့နာမည်ကျော် ဗြိတိန်အမျိုးသမီးနပမ်းသမား ပေ့ဂ်ျ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်….သူတို့မိသားစုဟာ အခြေခံမိသားစုဖြစ်ပြီးဒီလောကထဲမှာ အတော်ရုန်းကန်ခဲ့ရပါတယ်… ခပ်ကြောင်ကြောင်မိသားစုလို့ခေါင်းစဉ်တပ်ခံရတဲ့အပြင်တကယ့်တကယ်မှာတော့ အခက်အခဲပေါင်းများစွာ သူတို့မိသားစုရင်ဆိုင်ခဲ့ရပါတယ်…သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ…ဒီလောကဟာ ဘယ်လိုပုံစံမျိုးလဲခံစားကြည့်ရှုလိုက်ကြရအောင်…လက်ရှိ IMDb 7.5 ရှိပြီး Rotten …92%ရရှိထားလေတော့ ကောင်းမကောင်း ဆုံးဖြတ်စရာမလိုတော့ဘူးထင်တယ်..ဘယ်အချိန်ကြည့်ဖြစ်မလဲပဲဆုံးဖြတ်ရမယ်ထင်တယ်..မင်းသမီးချောလေး Florence ...
7.3
IMDB: 7.3/10 21,671 votes
movie
Fighting with My Family (2019)
2019
Blu-ray 1080p
The Fate of the Furious (2017) 6.7
The Fate of the Furious (2017) Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ၀င်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့ Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီး ဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီး ကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက် ကိုယ်ပြန်ပူပန်နေရပါပြီ။ တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေ လွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ...
6.7
IMDB: 6.7/10 176,128 votes
movie
The Fate of the Furious (2017)
2017
Blu-ray 1080p
Furious 7 (2015) 7.2
Furious 7 (2015) Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ၀င်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ ...
7.2
IMDB: 7.2/10 332,759 votes
movie
Furious 7 (2015)
2015
Blu-ray 1080p
Fast Five (2011) 7.3
Fast Five (2011) Fast Five (2011) သည် IMDb 7.3 Rotten Tomatoes 77 % Google User 90% ရထားသော ဒါရိုက်တာ Justin Lin က ရိုက်ကူးထား၍ Chris Morgan, Gary Scott Thompson တို့က ဇာတ်လမ်း ဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Vin Diesel, Paul Walker, Dwayne Johnson တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Crime, Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ.. Dominic Toretto နဲ့ သူရဲ့အဖွဲတို့သည် အာဏာပြင်းလှသော ဘရာဇီးမူးယစ်ရာဇာ နှု့် အန္တရာယ်များလှသော ဖက်ဒရယ်အေးဂျင့်တစ်ယောက်တို့၏ မျက်စေ့ရှေ့မှောက်မှာသူတို့ရဲ့လွတ်လပ်မှုကို ပြန်လည်ဝယ်ယူရန်အတွက် ပြိုင်ကားအစီအစဉ်များကို အကွက်ချစီမံ၍ လွတ်မြောက်အောက် ကြိုးစားကြပုံကို ဇာတ်လမ်းမှာ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါလို့…. Credit Review
7.3
IMDB: 7.3/10 327,756 votes
movie
Fast Five (2011)
2011
Blu-ray 1080p